backup og meta

ဘေးအန္တရာယ် တစ်ခုခုနဲ့ ကြုံခဲ့ရင်

ဘေးအန္တရာယ် တစ်ခုခုနဲ့ ကြုံခဲ့ရင်

ရာသီဥတုတွေက ဖောက်ပြန်မှုတွေ များနေတာကြောင့် လူသားတွေမှာ ခံစားရနိုင်တဲ့ ဘေးအန္တရာယ်တွေကလည်း ဒုနဲ့ဒေးပါ။ ဘေးအန္တရာယ် ဆိုတဲ့နေရာမှာ သဘာဝ ဘေးအန္တရာယ်တွေ ရှိသလို လူလုပ်တာကြောင့် ဖြစ်လာရတဲ့ ဘေးအန္တရာယ်တွေလည်း ရှိနိုင်ပါတယ်။

ဘေးအန္တရာယ်ဆိုတဲ့နေရာမှာတောင် ကြိုသိနိုင်တဲ့ ဘေးအန္တရာယ် ရှိသလို ကြိုမသိနိုင်တဲ့ ဘေးအန္တရာယ်ဆိုတာမျိုးလည်း ရှိပါတယ်။ ဥပမာ – မုန်တိုင်းသတင်းဆိုရင် ကြိုတင် သိရှိနိုင်တယ်လေ။ ငလျင်လိုမျိုး ဘေးအန္တရာယ်မျိုးကတော့ ကြိုတင် သိရှိဖို့ ခက်ခဲပါတယ်။ ဒီလို အခြေအနေမျိုးအတွက်ဆိုရင် ကြိုတင်ပြင်ဆင်ထားနိုင်မှ အဆင်ပြေမှာပါ။

အခုတစ်ခေါက်တော့ ဘေးအန္တရာယ် တစ်ခုခုနဲ့ ကြုံခဲ့ရင် အကောင်းဆုံး အနေအထား တစ်ရပ်ဖြစ်စေဖို့ အရေး​ပေါ်အခြေအနေမှာ မပါမဖြစ် လိုအပ်မယ့် ပစ္စည်းလေးတွေက ဘာတွေဖြစ်မလဲ။ ဘယ်လို ပြင်ဆင်ထားရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။

ဘေးအန္တရာယ် တစ်ခုခုနဲ့ ကြုံခဲ့ရင်

မျှော်လင့်မထားတဲ့ သဘာဝ ဘေးအန္တရာယ်တစ်ခုခုနဲ့ ကြုံတဲ့အခါ အကောင်းဆုံးဖြစ်စေဖို့ ဒါလေးတွေကို ပြင်ဆင်ထားဖို့ လိုပါမယ်။

  • မှတ်ပုံတင်၊ ဘဏ်စာအုပ်၊ ဘဏ်ကတ်၊ ငွေသား၊ နိုင်ငံကူးလက်မှတ်စတဲ့ အရေးကြီးတဲ့အရာတွေကို သွားလေရာကို လွယ်သွားနိုင်မယ့် အိတ်နဲ့ ထည့်ထားပါ။ ရေလုံဖို့တော့ သတိပြုစေချင်ပါတယ်။
  • စားလို့ရမယ့် အခြောက်အခြမ်းတွေ စုထားပါ။ ရုတ်တရက်ဆိုရင်တောင် စားလို့ရနိုင်မယ့် အစားအစာတွေ ပါနေစေဖို့အတွက် ခေါက်ဆွဲခြောက်၊ ကွတ်ကီး၊ ဘီစကစ်တို့လိုမျိုး အခြောက်အခြမ်းတွေကို ထည့်ထားပေးပါ။
  • ရေကို ဗူးနဲ့ ထည့်ထားပါ။ ရေသန့်ဗူး အသစ်ကို အရန်သင့်ထားထားတာလည်း အဆင်ပြေပါတယ်။
  • အဝတ်အစား ၂ စုံလောက် ထည့်ထားပါ။ အဝတ်တွေက ဝတ်ရတာ သက်သောင့်သက်သာ ဖြစ်မှာမျိုးတွေကို ရွေးချယ်ထားပါ။
  • တစ်သျှူးတွေ၊ ပိုးသတ်တစ်သျှူးတွေကိုလည်း ပြင်ဆင်ထားရပါမယ်။
  • အခုလို ကိုဗစ်ကာလမှာဆိုရင်တော့ တစ်ပူပေါ် တစ်ပူ မဆင့်စေဖို့ဆိုရင် လက်သန့်ဆေးရည်နဲ့ ပိုးသတ် ဖြန်းဆေးတို့ကို မမေ့ပါနဲ့။
  • နောက်တစ်ခုကတော့ နှာခေါင်းစည်း မတ်ခ်ပါ။ အပိုဆောင်ထားရပါမယ်။
  • မီးမရရှိတာမျိုး ဖြစ်လာနိုင်တာအတွက် ကြိုတင် ပြင်ဆင်တဲ့အနေနဲ့ ဓာတ်ခဲသုံး လက်နှိပ်ဓာတ်မီးကို ဆောင်ထားဖို့ လိုမှာဖြစ်ပါတယ်။
  • နောက်ထပ်ကတော့ ဖယောင်းတိုင်နဲ့ ဂတ်စ်မီးခြစ်လိုမျိုး အလင်းရောင်ရစေမယ့် အရာမျိုး လိုပါမယ်။
  • ခြင်မကိုက်အောင် လိမ်းတဲ့ဆေးကိုလည်း တစ်ဗူးလောက်တော့ ပြင်ဆင်ထားပါ။
  • မိသားစုဝင်တွေကိုလည်း သဘာဝ ဘေးအန္တရာယ် ပြီးတဲ့အခါ ဘယ်နေရာမှာ ပြန်ဆုံကြမယ်ဆိုတာကို ကြိုတင်ပြောထားပါ။
  • ပုံမှန် ဆေးသောက်ရတာမျိုး ရှိမယ်ဆိုရင် ဆေးကို အနည်းဆုံး တစ်ပတ်စာလောက် ကြိုထည့်ထားပါ။
  • ပါရာစီတမောကစလို့ သာမန်ဖျားနာမှုတွေ ထိခိုက်မှုတွေအတွက် အသုံးပြုလို့ရမယ့် ဆေးဝါးတွေကို ပြင်ဆင်ထားပါ။
  • အနာလိမ်းဆေး၊ ပလာစတာပတ်တီး စတာတွေကိုလည်း ပြင်ဆင်ထားပါ။
  • ရေဒီယို ဓာတ်ခဲနဲ့ အသုံးပြုရတာမျိုးဆိုရင် ပိုကောင်းပါတယ်။
  • ဓာတ်ခဲ အပို ဆောင်ထားပါ။
  • အရေးပေါ် ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်တွေ၊ လိပ်စာတွေရေးထားတဲ့ ကတ်ပြား ဒါမှမဟုတ် စာအုပ်ကိုလည်း ထည့်ထားပေးပါ။
  • အချက်ပြ အကူအညီ တောင်းခံနိုင်ဖို့အတွက် Whistle တစ်ခုပါ လိုရမယ်ရ ဆောင်ထားပါ။
  • အရေးပေါ်အသုံးပြုဖို့အတွက် ခေါက်ဓားလေး တစ်ချောင်းလောက်တော့ ဆောင်ထားပါ။

ဒါတွေအားလုံးကို အိတ်တစ်လုံးထဲမှာ စုထည့်ထားပြီး အေးမြခြောက်သွေ့တဲ့ နေရာမှာ သိမ်းထားပါ။ မိသားစုဝင်တွေကိုလည်း သေချာပြထားပြီး အရေးပေါ် အခြေအနေ တစ်ရပ်ရပ် ကြုံတဲ့အခါ အိတ်ကို ယူသွားဖို့ သတိပေးထားပါ။

ရောဂါ အခံရှိသူတွေဆိုရင်တော့ နေ့စဉ် သောက်သုံးရမယ့် ဆေးဝါးတွေကိုလည်း အထုပ်တစ်ထုပ်နဲ့ ထည့်ထားဖို့ လိုပါမယ်။ ဘေဘီလေး ရှိမယ်ဆိုရင်လည်း ဘေဘီလေးအတွက် မဖြစ်မနေ လိုအပ်မယ့် အသုံးအဆောင်လေးတွေကို ထည့်ထားဖို့ မမေ့ပါနဲ့။

နေအိမ်မှာ တိရစ္ဆာန်လေးတွေ မွေးထားမယ်ဆိုရင်တော့ သူတို့အတွက် ဘေးကင်းစေမယ့် အခြေအနေကို ကြိုတင် စဉ်းစားထားပါ။ ခေါ်သွားလို့ မရနိုင်မယ့် အနေအထားမျိုးဆိုရင် ဘေးလွတ်ရာကို သွားနိုင်စေဖို့အတွက် လွှတ်ပေးထားခဲ့ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Survival Kit Supplies https://www.redcross.org/get-help/how-to-prepare-for-emergencies/survival-kit-supplies.html Accessed Date 7 September 2021

Emergency Kits 101: How to Be Prepared for Anything https://www.safewise.com/emergency-kits/ Accessed Date 7 September 2021

ယခုပုံစံ

17/11/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကပ်ဘေးကာလမှာ မေ့မထားသင့်တဲ့ နောက်ထပ် ကျန်းမာရေးပြဿနာတစ်ခု

ငလျင်လှုပ်တဲ့အခါ ဘေးကင်းစေဖို့ ဘာတွေပြင်ဆင်ထားမလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Aye Thi Mon မှ ရေးသားသည်။ · 17/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement