backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

နှင်းကိုက်နာကို ဘယ်လိုကုသကြမလဲ


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

နှင်းကိုက်နာကို ဘယ်လိုကုသကြမလဲ

ဆောင်းရာသီရဲ့ အေးချမ်းလွန်းတဲ့ရာသီဥတုနဲ့ထိတွေ့ရတဲ့အခါမှာ နှင်းကိုက်နာ ဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေဟာ နာကျင်ခြင်းနဲ့ အသားအရည်ပျက်စီးခြင်းတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ နှင်းကိုက်နာ ကိုဘယ်လိုကုသရမယ်ဆိုတာကိုတော့ အောက်ပါဆောင်းပါးမှာဖော်ပြထားပေးပါတယ်။

ရောဂါလက္ခဏာများ

နှင်းကိုက်နာ ဟာအများအားဖြင့် လက်ချောင်း၊နှာခေါင်း၊နားရွက်၊ ပါးပြင်သို့မဟုတ် မေးစေ့မှာအဖြစ်များပါတယ်။ အဆိုပါနေရာတွေက အအေးဓါတ်နဲ့ အကြိမ်အများဆုံးထိတွေ့နေရတဲ့အစိတ်အပိုင်းတွေပါ။ နှင်းကိုက်နာ ကိုလည်း အပျော့စားအဆင့်မှ ပြင်းထန်တဲ့အဆင့်ထိ ခွဲခြားစီစဉ်ထားနိုင်ပါတယ်။

အပျော့စား နှင်းကိုက်နာ ဖြစ်ရင်

• ဖြူဖပ်ဖြူရော်အသားအရည်

• နီရဲနေတဲ့အသားအရည်

• အလွန်အမင်းအေးစက်နေတဲ့အအသားအရည်

• မာကျောနေတဲ့ သို့မဟုတ် ဖယောင်းသားလိုဖြစ်နေတဲ့အသားအရည်

• ယားယံခြင်း၊ ပူလောင်ခြင်းစတဲ့ ခံစားမှုတွေကိုခံစားရနိုင်ပါတယ်။

ပြင်းထန်တဲ့ နှင်းကိုက်နာ တွေမှာတော့ ဝေဒနာခံစားနေရသူရဲ့ နှင်းကိုက်နာ ဖြစ်ပွားရာနေရာတွေမှာ

• ထုံခြင်း

• ကျဉ်ခြင်း

• အရည်ကြည်ဖုဖြစ်ခြင်း

• နာကျင်ခြင်း စတာတွေခံစားရနိုင်ပါတယ်။

နှင်းကိုက်နာ အတွက် ရှေးဦးသူနာပြုစုခြင်း

ခန္ဓါကိုယ်အပူချိန်အလွန်အမင်းကျဆင်းခြင်း ရှိမရှိစစ်ဆေးပါ။

ဒါဟာ ခန္ဓါကိုယ်ရဲ့အပူချိန် ပြင်းပြင်းထန်ထန်ကျဆင်းသွားတဲ့အခြေအနေပါ။ ခန္ဓါကိုယ်အပူချိန်အလွန်အမင်းကျဆင်းသွားတဲ့ လူနာတွေမှာ စကားပြောရခက်ခဲခြင်း၊ တုန်ခိုက်နေခြင်း၊ မူးဝေငိုက်မျဉ်းခြင်း၊ တုံ့ပြန်မှုနှေးကွေးခြင်း စတာတွေဖြစ်နိုင်ပါတယ်။

အခြားဒဏ်ရာအနာတရတွေ ထပ်မဖြစ်စေဖို့ ကြိုးစားပါ။

ပထမဆုံးအနေနဲ့ အအေးသက်သာသွားအောင် ကြိုးစားရမှာပါ။ ပြီးရင်တော့ သူတို့ရဲ့အဝတ်အစိုတွေကို လဲပစ်နိုင်ပါပြီ။

နောက်တစ်ဆင့်ကတော့ သူတို့အသားအရည်ကို အအေးနဲ့ ထပ်ပြီးမထိတွေ့ဖို့ပါပဲ။ နည်းလမ်းတစ်ခုကတော့ ဝေဒနာဖြစ်နေတဲ့နေရာကို ခြောက်သွေ့နွေးထွေးတဲ့ လက်အိတ် သို့မဟုတ် အဝတ်နဲ့ ဖုံးလွှမ်းထားတာပါပဲ။ အလားတူပဲ သူတို့ဟာ နှင်းကိုက်နာ ဖြစ်နေတဲ့ လက်တွေရဲ့အပူချိန်ပြန်မြင့်လာဖို့အတွက် ချိုင်းကြားထဲလက်ထည့်ပြီးနွေးအောင်လုပ်ယူလို့ရပါတယ်။ ဝေဒနာခံစားနေရတဲ့နေရာတွေကိုမပွတ်တိုက်မိစေဖို့ သတိပြုပါ။

ဝေဒနာဖြစ်ပေါ်တဲ့နေရာတွေကို ပြန်လည်နွေးထွေးအောင်လုပ်ပါ။

နှင်းကိုက်နာ ဖြစ်တဲ့နေရာတွေကို ရေနွေး (၃၇-၄၂ ဒီဂရီ ဆဲလ်စီးယပ်စ်)ထဲ ၁၅မိနစ်မှ မိနစ် ၃၀ခန့်ထိ စိမ်ထားပေးပါ။ မီးဖို၊ ရေနွေးအိတ် သို့မဟုတ် အပူပေးမီးအိမ်စတာတွေနဲ့ တိုက်ရိုက်နွေးထွေးအောင်လုပ်ခြင်းမျိုး ရှောင်ကြဉ်ပါ။ ဒါဟာ ပျက်စီးနေတဲ့အသားအရည်ကို ထပ်ပြီးလောင်ကျွမ်းသွားစေနိုင်ပါတယ်။

အကိုက်အခဲပျောက်ဆေး သုံးပါ။

တကယ်လို့ နာကျင်မှုနဲ့ရောင်ယမ်းမှုတွေကို မခံနိုင်တော့ဘူးဆိုရင် ibuprofen ကဲ့သို့သော နာကျင်မှုသက်သာစေတဲ့ဆေး၊ အကိုက်အခဲပျောက်ဆေးတွေကို သုံးစွဲနိုင်ပါတယ်။

နှင်းကိုက်နာ ဖြစ်နေတဲ့ နေရာတွေကို အနားပေးပါ။

တစ်ရှူးတွေ ထပ်ပြီးပျက်စီးတာမျိုး မဖြစ်စေဖို့အတွက် ဝေဒနာဖြစ်နေတဲ့ ခြေချောင်းတွေ၊ ခြေထောက်တွေနဲ့ လမ်းမလျှောက်ပါနဲ့။

ဘယ်အချိန်မှာ ဆရာဝန်ဆီသွားရမလဲ။

ထုံကျဉ်မှု သို့မဟုတ် နာကျင်မှုတွေက ပိုပိုဆိုးလာတဲ့အချိန်မျိုးမှာ ဆေးဝါးအကူအညီရယူပါ။ ဒါ့အပြင် အရည်ကြည်ဖုတွေပိုများလာတဲ့အခါမျိုးမှာ မှန်ကန်တဲ့ ကုသမှုကိုခံယူဖို့ ဆရာဝန်ဆီသွားပါ။

နှင်းကိုက်နာ ကိုဘယ်လိုကာကွယ်ရမလဲ။

နှင်းကိုက်နာ ဖြစ်ခြင်းကို ရှောင်လွှဲနိုင်ဖို့ ဆောင်းတွင်းမှာ အောက်ပါတို့ကိုဝတ်ဆင်ပါ။

• အဝတ်၃ထပ်ဝတ်ဆင်ခြင်း

ပထမတစ်ထပ် ။ သင့်ကိုခြောက်သွေ့နေစေမယ့် အရာတွေပါဝင်တဲ့ အဝတ်တွေကို သုံးပါ။

ဒုတိယတစ်ထပ် ။ သိုးမွှေးထည် သို့မဟုတ် သိုးမွေးနဲ့လုပ်ထားတဲ့ အဝတ်တွေကို ရွေးချယ်ဝတ်ဆင်ပါ။

တတိယအထပ် ။ လေနဲ့ရေကို ကာကွယ်နိုင်မယ့် (လေတိုက်ခံ၊ ရေစိုခံ) အဝတ်တွေကိုဝတ်ဆင်ပါ။

• သိုးမွေးဦးထုပ်

သင့်မှာ ခေါင်းနဲ့နားရွက်တွေကို လုံအောင်ဖုံးပေးနိုင်မယ့် သိုးမွေးဦးထုပ်ရှိနေပါစေ။

• လက်အိတ်၊ခြေအိတ်နဲ့ ရှူးဖိနပ်

အဆိုပါပစ္စည်းတွေကို အပြင်မှာရှိနေသမျှကာလပတ်လုံး ဘယ်တော့မှမချွတ်ပါနဲ့။ မိုဘိုင်းလ်ဖုန်းပေါ်မှာ စာရိုက်လို့ရတဲ့လက်အိတ်မျိုးကို ရွေးချယ်အသုံးပြုမယ်ဆိုရင် လက်အိတ်ချွတ်ပြီးသုံးနေစရာမလိုတော့ဘူးပေါ့။ ခြေအိတ်တွေအတွက်တော့ အစိုဒဏ်ခံနိုင်မယ့် သိုးမွေးခြေအိတ်ကို ရွေးချယ်ပါ။ ရှူးဖိနပ်ဆိုရင်တော့ ရေစိုခံ ဘွတ် ဖိနပ်တွေကို ရွေးချယ်သင့်ပါတယ်။

• ခြောက်သွေ့တဲ့အဝတ်အစားများ

စိုစွတ်တဲ့အဝတ်အစားတွေဟာ နှင်းကိုက်နာ ဖြစ်ဖို့ ပိုပြီးလွယ်ကူစေပါတယ်။ အဝတ်တွေထဲမှာ နှင်းတွေမရှိနေတာ သေချာပါစေ။ တကယ်လို့ ချွေးထွက်လာခဲ့မယ်ဆိုရင် အဝတ်အစားတွေခြောက်သွေ့သွားဖို့အတွက် မိနစ်အနည်းငယ်လောက် အင်္ကျီဇစ်ဖွင့်ပြီးနေပေးလိုက်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement