home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

မုတ်သုံမှာ ခြေထောက်လေးကို ဒီလိုဂရုစိုက်ပါ

မုတ်သုံမှာ ခြေထောက်လေးကို ဒီလိုဂရုစိုက်ပါ

မိုးလေးစ ရွာလာမှုနဲ့အတူ အပူတွေလျော့ပြီး ပတ်ဝန်းကျင်က စိမ်းစိုစပြုလာပြီ။ အရာရာက ကဗျာဆန်နေချိန်မှာ မိုးရေအောက်မှာ ထီးလေးဆောင်းရင်းခြေထောက်လှလှလေးတွေကို ကြည့်ပြီး လမ်းလျှောက်ရတာကိုသဘောကျကြလား။ မိုးရာသီကခြေညှပ်ဖိနပ်လေးတွေ စီးရတာများတဲ့အချိန်မှာခြေထောက်လေးက လှနေရင် တစ်ပန်းသာတာပဲနော်။

မိုးရေကခြေထောက်ကို ထိခိုက်စေနိုင်လား

မိုးရေကခြေထောက်ကိုရောခြေသည်းကိုပါထိခိုက်စေနိုင်တာပါ။ မိုးရေထဲမှာ ဘက်တီးရီးယားတွေနဲ့ အရေပြားကိုထိခိုက်စေနိုင်တဲ့ အရာတွေအများကြီးပါဝင်နေပါတယ်။ ဒီတော့ မုတ်သုံရာသီမှာခြေထောက်လေးကို ထိခိုက်မှုမရှိစေဖို့သေချာလေးဂရုစိုက်သင့်ပါတယ်။ မိုးရေကြောင့်ခြေထောက်မှာရေဝဲစားနိုင်တယ်၊ သဲဝဲစားနိုင်တယ်၊ခြေသည်းမှိုပိုးဝင်တာမျိုးဖြစ်စေနိုင်တယ်။

မုတ်သုံရာသီမှာခြေထောက်ကို ဒီလိုဂရုစိုက်ပါ

မိုးရေကြောင့်ခြေထောက်မှာ ထိခိုက်မှုမဖြစ်စေဖို့ဆိုရင်တော့

  • အပြင်ကပြန်လာတိုင်းခြေထောက်ကိုရေနဲ့သန့်စင်ဆေးကြောပေးပါ။
  • ခြေထောက်ကိုရေခြောက်အောင်သုတ်ပေးပါ။
  • ခြေထောက်ကို ပုံမှန်သန့်စင်ဆေးကြောပါ။
  • တစ်ပတ်တစ်ခါ ဆဲလ်သေတွေ ဖယ်ရှားပေးပါ။
  • ခြေထောက်ကို အစိုဓာတ်ထိန်းခရင်မ်လူးပေးပါ။
  • ခြေသည်းလေးတွေကို တိုတိုညှပ်ထားပါ။
  • ခြေထောက်ကိုပေါင်ဒါလူးပေးပါ။
  • မိုးတွင်းမှာခြေညှပ်ဖိနပ်ပဲစီးပေးပါ။
  • ခြေထောက်ကိုရေနွေးစိမ်ပေးပါ။
  • ခြေထောက်ကို ဆီလိမ်းပြီးနှိပ်ပေးပါ။
  • မိုးရေထဲမှာ ဖိနပ်မပါဘဲ လမ်းမလျှောက်ပါနဲ့။
  • ခြေထောက်မှာ အနာရှိနေလားနေ့စဉ်စစ်ဆေးပါ။
  • ခြေထောက်မှာ အနာရှိနေရင် ပလာစတာကပ်ပြီးမှာ အပြင်ထွက်ပါ။
  • ခြေထောက်ကိုပေါင်းတင်တာမျိုးလုပ်ပေးပါ။

ဒီအချက်တွေကို လိုက်နာပြီး မုတ်သုံရာသီမှာခြေထောက်လေးကိုသေသေချာချာဂရုစိုက်လိုက်ကြစို့လား………………

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Monsoon foot care tipshttps://beautyhealthtips.in/top-monsoon-feet-care-tips-to-avoid-infections-in-this-rainy-season/ Accessed Date 3 May 2019

State some of the foot care tips during rainy seasonhttps://beautyhealthtips.in/rainy-season-feet-care-tips-to-avoid-infections/ Accessed Date 3 May 2019

How to whiten dark armpits overnight. Get rid of dark underarmshttps://beautyhealthtips.in/how-to-get-rid-of-whiten-dark-armpits-overnight/ Accessed Date 3 May 2019

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 28/10/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။