ရုတ်တရက် ပုခုံးဆစ်ပြုတ်နေတဲ့ လူနာနဲ့ ကြုံခဲ့ရင်
အချင်းချင်း အားကစား လုပ်ရင်း တစ်ယောက်ယောက်ကများ ပုခုံးဆစ်ချော်ခဲ့ရင် သင့်အနေနဲ့
- အရင်ဆုံး ပုခုံးဆစ်ကို ထပ်လှုပ်ရှားမှုမရှိအောင် ထိန်းထားပါ။
-လက်မောင်းကို သွားမလှုပ်ပါနဲ့။
-လက်မောင်းနဲ့ ရင်ဘတ်ကြား (ချိုင်းကြား)မှာ ခေါင်းအုံးအပါး ဒါမှမဟုတ် စောင်ခေါက်လေး ခံထားပါ။ ဘာမှမရှိရင် အဝတ်ခေါက် ထူထူ (အင်္ကျီဖြစ်ဖြစ်) ခေါက်ပြီး ခံထားပါ။
-ပြီးရင် ခန္ဓာကိုယ်နဲ့ လက်မောင်းကို အဝတ်တစ်ခုယူပြီး ပတ်လိုက်ပါ။ ကိုယ်နဲ့ ပူးချည်လိုက်တဲ့ သဘောပါ။ ဒါဆို သိပ်မလှုပ်နိုင်တော့ပါဘူး။
-ဒါမှမဟုတ်လည်း လူနာခံနိုင်တယ်ဆိုရင် တံတောင်ဆစ်ကို ၉၀ဒီဂရီထားပြီး ကြိုးနဲ့ သိုင်းထားပါ။
-ရောင်နေတဲ့ နေရာကို ရေခဲကပ်ပေးပါ။ တစ်ခါကပ်ရင် မိနစ် ၂၀နဲ့ တစ်ရက်ကို ၄ခါကနေ ၈ခါ ကပ်နိုင်ပါတယ်။
-ရေခဲကို အရေပြားအပေါ် တိုက်ရိုက် မကပ်ပါနဲ့။ အဝတ်တစ်ခုခု ခံပြီး ကပ်တာက ပိုသင့်တော်ပါတယ်။
- အပေါ်က နှစ်ခုကို လုပ်နေရင်း တစ်ချိန်တည်းမှာ ဆေးရုံကား ခေါ်တာမျိုး၊ ဆေးရုံသွားဖို့ ပြင်တာမျိုး လုပ်ရပါမယ်။
သာမန်လူတစ်ယောက်အနေနဲ့ ဒီလို ကူညီလိုက်တာက တကယ်တမ်း ဆေးရုံမှာ ကုသဖို့ အထောက်အကူ အများကြီး ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။