ဒဏ်ရာကြောင့်ဖြစ်ဖြစ် တစ်စုံတစ်ရာခွဲစိတ်ကုသမှုကြောင့်ဖြစ်ဖြစ် ချုပ်ရိုးအနာမကျက်ခင် စပ်ကြားမှာ ဒဏ်ရာကိုသေချာဂရုစိုက်ပေးဖို့ အရေးကြီးပါတယ်။ အခန့်မသင့်လို့ အနာပိုးဝင်ခဲ့ရင် ရိုးရိုးအနာထက် အန္တရာယ်နဲ့နောက်ဆက်တွဲပြဿနာပိုများနိုင်လို့ပါ။ခွဲစိတ်ကုသထားတဲ့ဒဏ်ရာတွေက ချုပ်ရိုးကြောင့် အနာကျက်လွယ်ပေမယ့် ချုပ်ရိုးကြောင့်ပဲ အမာရွတ်ကြီးဖြစ်မကျန်အောင်၊ အနာပိုးမဝင်အောင် သတိထားပြီး ဂရုစိုက်တာအကောင်းဆုံးဖြစ်ပါတယ်။
ဘာတွေသတိထားဂရုစိုက်ရမလဲ
- ပတ်တီး သို့မဟုတ် ပလာစတာကို ဘယ်အချိန်မှာဖယ်ရမလဲ -တချို့ဒဏ်ရာတွေမှာ ခွဲစိတ်ပြီးချုပ်ပြီးတာနဲ့နောက်တစ်ရက်မှာ ဖယ်လို့ရပါပြီ။ ဒါကတော့ ဘယ်ခန္ဓာကိုယ်အစိတ်အပိုင်းမှာဖြစ်တဲ့ဒဏ်ရာလဲ၊ဒဏ်ရာဘယ်လောက်ပြင်းသလဲ၊ ဒဏ်ရာအတိမ်အနက်တို့အပေါ်မူတည်ပါတယ်။ ဒဏ်ရာအများစုကတော့ သုံးလေးရက်လောက်ကြာမှ ပတ်တီးဖယ်လို့ရတာပါ။ ဒါပေမယ့် အနာကို ကာကွယ်ဖို့ ပလာစတာဖြစ်ဖြစ် ဖုံးအုပ်ကာကွယ်ထားနိုင်ပါတယ်။
- အနာကိုခြောက်သွေ့အောင်ထားပါ။ အထူးသဖြင့် ကုသမှုခံယူပြီး ပထမ ၂၄ နာရီအတွင်းမှာ သတိထားရပါတယ်။ ပထမရက်မှာရေမချိုးသင့်ပါ။ရေပတ်တိုက်ချင် တိုက်ပါ။ ဒုတိယရက်ဆိုရင်တော့ရေချိုးပြီးရင် အနာတစ်ဝိုက်ကို တဘက်နဲ့ညင်သာစွာ တို့သုတ်ပါ။
- ချုပ်ရိုးဖြေတာကို ဆရာဝန်ကသာ လုပ်ပေးလို့ရပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် ဘာမှမလုပ်သင့်ပါဘူး။ ချုပ်ရိုးမမြင်ရတဲ့ အသားထဲမြုပ်တဲ့ချုပ်ရိုးတွေဆို ၃ ရက်ကနေ ၃ ပတ်လောက်ကြာမှဖြေရတာမျိုးပါ။ အနာကျက်တဲ့အနေအထားကိုကြည့်ပြီး ဆရာဝန်ကဆုံးဖြတ်ပါလိမ့်မယ်။
- ဒဏ်ရာရှိတဲ့အစိတ်အပိုင်းကို လှုပ်ရှားမှုနည်းအောင်ထားပါ။ ချုပ်ရိုးဒဏ်ရာတစ်ဝိုက် လှုပ်ရှားမှုနည်းမှ အနာကျက်မြန်စေမှာပါ။ ချုပ်ရိုးကိုပြန်ကွဲစေလောက်တဲ့ လှုပ်ရှားမှု အနေအထားမျိုးမလုပ်ပါနဲ့။ ခွဲစိတ်ကုသမှုနောက်ပိုင်း တစ်လအတွင်း အလေးအပင်မတာ၊အားစိုက်တာ၊လေ့ကျင့်ခန်းလုပ်တာ၊ အားကစားလုပ်တာတွေရှောင်သင့်ပါတယ်။
- ဒဏ်ရာတဲ့လက် သို့မဟုတ် ခြေထောက်ကို နှလုံးထက် level မြင့်အောင်မြှင့်ထားပါ။ ဒါမှ နာကျင်မှုနဲ့ရောင်ရမ်းမှုသက်သာစေမှာဖြစ်ပါတယ်။ သက်တောင့်သက်သာဖြစ်စေဖို့ ခေါင်းအုံး သို့မဟုတ်စောင်လေး ခုထားပေးပါ။
- အနာကို မထိတွေ့ခင်မှာ လက်အမြဲဆေးကြောပါ။
- အနာကိုသန့်စင်မယ်ဆိုရင် တိုက်ရိုက်မဟုတ်ဘဲ အနာတစ်ဝိုက်အရေပြားမှာ gauze padလေး သို့မဟုတ် အဝတ်စနုနုလေးသုံးနိုင်ပါတယ်။ ဆပ်ပြာ၊ အရက်ပြန်၊အိုင်အိုဒင်း၊peroxideတွေမသုံးပါနဲ့။ အရေပြားကိုထိခိုက်စေပြီးအနာကျက်နှေးစေနိုင်ပါတယ်။
- ဆရာဝန်ညွှန်ကြားတဲ့အတိုင်းမဟုတ်ဘဲ ဘယ်ဆေး၊ဘယ်အရာကိုမှ အနာကိုမလိမ်းပါနဲ့။ သန့်စင်တာ၊ဆေးထည့်တာတို့ကိုညွှန်ကြားချက်အတိုင်းသာ လုပ်ပါ။
ဒါတွေဖြစ်လာရင် ဆရာဝန်နဲ့ပြန်ပြပါ။