အချဉ်တွေစားရင် ကျန်းမာတယ် ဆိုတာ မှန်ရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read
Share now

အစားအသောက်ဆိုတာ တန်ရင်ဆေး လွန်ရင်ဘေးပါ။ ဘယ်အစားအစာမဆို လိုအပ်တာထက်ပိုပြီး မှီဝဲမိရင် ဘေးဖြစ်တတ်ပါတယ်။ ဒီလိုပါပဲ တချို့က အချဉ်နှစ်သက်တတ်ကြတယ်။ အချဉ်တွေ စားရင် ဗီတာမင် C ရနိုင်တယ်၊ ကိုယ်ခံအားကောင်းမယ်ကျန်းမာတယ် ပေါ့။

ဒါပေမယ့် အချဉ်ဆိုတာကလည်း စားတိုင်းမကောင်းပါဘူး။ ကျန်းမာရေးကို ထိခိုက်စေနိုင်တာတွေလည်း ရှိပါတယ်။ ချဉ်တဲ့အစားအစာတွေဆိုတာက အက်စစ်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေ၊ ခရမ်းချဉ်သီး၊ ဆိုဒါတို့လိုအရာတွေနဲ့ Citrus ပါဝင်တဲ့သစ်သီးတွေ၊ အချဉ်ထုပ်တွေအထိ အကုန်လုံးအကျုံးဝင်ပါတယ်။

အချဉ်စားရင် ကိုယ်အလေးချိန်ကျတယ်ဆိုတဲ့ ယုံကြည်ချက်ကလည်း ရှိနေတော့ တချို့က အချဉ်ဆိုတာနဲ့ အလွန်အမင်းစားတတ်ကြပါတယ်။ တကယ်တမ်းမှာတော့ အချဉ်ဓာတ်များတဲ့အစားအစာတွေကို လွန်လွန်ကဲကဲမှီဝဲတဲ့အခါမျိုးမှာ အစာခြေရည်ပျို့တက်တာ၊ ရင်ပူတာနဲ့ ဗိုက်အောင့်ဗိုက်နာတာတွေဖြစ်နိုင်ပါတယ်။

ဒါတွေတင်မကပါဘူး။ အချဉ်ဓာတ်များတဲ့အစားအစာတွေကို ကြိုက်နှစ်သက်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ နေ့စဉ်ရက်ဆက် အများအပြားစားသောက်မှီဝဲနေမယ်ဆိုရင် သင့်ရဲ့သွားနဲ့ခံတွင်းကျန်းမာရေးကိုပါ ထိခိုက်လာမှာပါ။

အချဉ်ဓာတ်က လူကို ဘယ်လိုထိခိုက်စေသလဲ

များသောအားဖြင့် အချဉ်ဓာတ်ကြွယ်ဝတဲ့သစ်သီးတွေဟာ ဗီတာာမင် C ဓာတ်ကြွယ်ဝပြီး ကိုယ်ခံအားကို တိုးတက်စေတာမို့ လူကြိုက်များတဲ့ အစားအစာတွေဖြစ်ပါတယ်။ နေ့စဉ်လိုအပ်တဲ့ ဗီတာမင်ပမာဏကို ဖြည့်ဆည်းနိုင်ရုံမှီဝဲတာ ပြဿနာမဟုတ်ပေမယ့် လွန်လွန်ကဲကဲဖြစ်လာရင်တော့ ပြဿနာရှိလာပါပြီ။

သွားရဲ့ကြွေလွှာပျက်ယွင်းမယ် – ချဉ်ဓာတ်၊ အက်ဆစ်ဓာတ်ပါဝင်တဲ့ Citrus foods တွေတိုင်းဟာ လိုအပ်တာထက်ပိုပြီး စားသုံးရင် သွားကိုထိခိုက်စေပါတယ်။ သွားရဲ့ကြွေထည်လွှာကို လျှင်လျှင်မြန်မြန် ပျက်ယွင်းစေမှာဖြစ်ပြီး အချိန်ကြာမြင့်လာတာနဲ့အမျှသွားဟာ ကြမ်းတမ်းလာတာ၊ မလှပတော့တာမျိုးတွေဖြစ်လာစေပါလိမ့်မယ်။ အရွယ်အစားနဲ့ပုံပန်းသဏ္ဍာန် မညီမျှတော့တာတွေလည်းဖြစ်လာစေမှာပါ။

သွားကြံ့ခိုင်မှုကျဆင်းမယ် – အချဉ်တွေ အရမ်းစားမိရင် သွားကျိန်းတာမျိုး လူတိုင်းခံစားမိကြမှာပါ။ ဒီလိုသွားကျိန်းတာမျိုး မကြာခဏဖြစ်လာမယ်ဆိုရင် သင့်ရဲ့သွားဟာ ပြဿနာရှိလာနေပြီဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

အစာအိမ် – အစာမရှိချိန်မှာ အချဉ်စာတွေကို မှီဝဲမိမယ်ဆိုရင် အစာအိမ်ထဲမှာ အက်စစ်ဓာတ်ပမာဏတိုးမြင့်သွားတတ်ပြီး ရင်ပူတာ၊ အစာမကျေတာတွေ၊ အစာခြေရည်ပျို့တက်တာတွေ ဖြစ်တတ်ပါတယ်။

အက်ဆစ်ဓာတ် မညီမျှတာ – အချဉ်တွေလိုအပ်တာထက်ပိုပြီး မှီဝဲမိနေမယ်ဆိုရင် ခန္ဓာကိုယ်မှာ အက်ဆစ်ဓာတ် မညီမျှမှုလည်း ဖြစ်နိုင်ပါတယ်။

အချဉ်ဓာတ်ပါဝင်တဲ့ အစားအစာတွေကို မှီဝဲစားသောက်ကြရတဲ့ အဓိကအချက်ကတော့ အက်ဆစ်ဓာတ်ကို သဘာဝအတိုင်းဖြည့်ဆည်းပေးဖို့ဖြစ်ပါတယ်။ ဒါကြောင့် လွန်ကဲစွာ မှီဝဲတာက ဘေးသင့်စေမယ်ဆိုတာကို နားလည်ကြမယ်ထင်ပါတယ်။

အိပ်ရာဝင်ခါနီးမှာ အချဉ်စာတွေ အလွန်အကမံ စားတဲ့အခါ

ယေဘုယျအားဖြင့်ဆိုရင် ညမိုးချုပ်ချိန်မှာ အစားမစားတာက ကောင်းမွန်တဲ့ အလေ့အထဖြစ်ပါတယ်။ ကိုယ်အလေးချိန်လျှော့ချဖို့၊ တစ်နေကုန်လန်းဆန်းကျန်းမာနေဖို့နဲ့ အိပ်စက်ရာမှာ နှစ်ခြိုက်စွာ အိပ်စက်နိုင်စေဖို့ ညစာကို အိပ်ချိန်နဲ့ ခပ်ခွာခွာလေး စားသင့်ပါတယ်။

အချဉ်ဓာတ်ပါဝင်တဲ့ အစာပြေစာတွေကို ရှောင်ကြဉ်သင့်ပေမယ့် ဗီတာမင် C ပါဝင်တဲ့ သစ်သီးဝလံတွေကို စားတာမျိုးကိုတော့ အတန်အသင့်ပြုလုပ်လို့ရပါတယ်။ အလွန်အကျွံစားတာမျိုးကိုတော့ လုံးဝရှောင်ကြဉ်သင့်ပါတယ်။

Citric acid ပါဝင်နေတဲ့အချဉ်စာတွေကို အိပ်ချိန်နဲ့ နီးကပ်နေချိန်မှာ စားသောက်မှီဝဲတာက အစာအိမ်အချဉ်ပေါက်တာမျိုးဖြစ်စေနိုင်ပါတယ်။ အိပ်ပျော်နေစဉ် ၆-၇ နာရီလောက်အတွင်းမှာ အချဉ်ပေါက်တာမျိုးဖြစ်တတ်ပါတယ်။

ဒါကြောင့် တချို့တွေဟာ မနက်ပိုင်းတွေမှာ အစာခြေရည်တွေ အော့အန်တာမျိုး ကြုံရတတ်တာဖြစ်ပါတယ်။ လူတစ်ဦးနဲ့ တစ်ဦး ကိုယ်ခံအားစနစ်နဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံချင်းမတူညီတာမို့ ဖြစ်နိုင်ခြေလည်း ကွာဟပေမယ့် ငါ့မှာတော့ ဖြစ်မှာမဟုတ်ပါဘူးလို့ ယတိပြတ်ယုံကြည်မှုထားလို့တော့ မရပါဘူး။

ဒါ့အပြင် တစ်ချို့သော အသက်အရွယ်အပိုင်းအခြားတွေမှာဆိုရင်လည်း အိပ်ယာဝင်ခါနီး အချဉ်စားတာဟာ အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါသေးတယ်။ အထူးသဖြင့် လူကြီးတွေမှာပါ။

နောက်ထပ်ဖြစ်နိုင်တာကတော့ အစာခြေပြဿနာပါပဲ။ ချဉ်တဲ့ စပ်တဲ့ အစားအစာတွေဟာ အလွန်အကျွံစားသုံးမိရင် ဗိုက်အောင့်တာတွေ၊ ဗိုက်နာတာတွေ ဖြစ်စေနိုင်တာကိုလည်း မမေ့သင့်ပါဘူး။ ချောင်းဆိုးတဲ့ ဝေဒနာကိုလည်း ဖြစ်စေနိုင်ပါတယ်။

နောက်ထပ် သိထားသင့်တဲ့အချက်က အိပ်ရာဝင်ခါနီး အချဉ်စားပေးတာဟာ ကိုယ်အလေးချိန်ကျဆင်းမှုကို အထောက်အကူမပြုဘူးဆိုတာပါပဲ။ လူအတော်များများက အိပ်ရာဝင်ခါနီး အချဉ်စာတွေစားပေးရင် ကိုယ်အလေးချိန်ကျဆင်းနိုင်တယ်လို့ ယုံကြည်မှုရှိထားကြပေမယ့် ဒီနှစ်ခု ဆက်စပ်မှုမရှိပါဘူး။ ဒါကြောင့် အိပ်ရာဝင်ခါနီးမှာ ဘာမှမစားတာအကောင်းဆုံးပါပဲ။

အိပ်ခါနီးမှာ အစာစားတာဟာ လည်ချောင်းအတွင်းမှာ ချွဲတွေကို ခဲနေစေတတ်တာကြောင့် ပင်ပန်းနွမ်းနယ်တာတွေ၊ မောပန်းနွမ်းလျတာတွေလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အာဟာရဗေဒပညာရှင်တွေက အိပ်ချိန်နားကပ်နေရင် ချို၊ ချဉ်၊ ငံ၊ ခါး ဘာမှမစားဖို့ လမ်းညွှန်ကြတာပါ။

အကောင်းဆုံးကတော့ အိပ်ရာဝင်ချိန်ခါနီးမှာ အချဉ်ဓာတ်ပါဝင်တဲ့ အစားအစာတွေနဲ့ သစ်သီးတွေကို အနည်းငယ်သာစားသုံးဖို့နဲ့ နေစဉ်အချဉ်ဓာတ်ပါဝင်တဲ့အစားအစာတွေကို လွန်လွန်ကဲကဲ မစားသောက်မိစေဖို့ ဂရုစိုက်စေလိုပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မိုးရာသီနှင့် အောက်ခံဘောင်းဘီများ

အောက်ခံဘောင်းဘီတွေ သေချာလျှော်ဖွတ်အခြောက်မခံဘဲ ဝတ်မိပြီဆိုရင်တော့ ယားယံတာ၊  အရေပြား မှိုရောဂါတွေဖြစ်ပွားစေနိုင်တာမို့ ဒါဟာပေါ့သေးသေး ကိစ္စတော့မဟုတ်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

စအိုယားခြင်း ကို ဘယ်လိုကုသကြမလဲ

စအိုတဝိုက်အရေပြားက ခန္ဓာကိုယ်မှာအစကတည်းက စိုထိုင်းစများတဲ့နေရာဖြစ်တဲ့အတွက် အရေပြားပေါ်မှာအစိုဓာတ်အောင်းပြီး မှိုတွေပေါက်ပွားလာနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

သုက်မထွက်အောင်ထိန်းတာ အန္တရာယ်ရှိသလား

ဆန္ဒမပြီးမြောက်ချင်သေးလို့ သုက်မထွက်အောင်ထိန်းချုပ်တာက ကျန်းမာရေးအပေါ်ဘယ်လိုသက်ရောက်မှု ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

အယ်ကာလီဓာတ်များတဲ့ရေနဲ့ ကျန်းမာရေး

ရေဆိုတာ သက်ရှိအားလုံးအတွက်မရှိမဖြစ်တဲ့သက်စောင့်ဓာတ်တစ်မျိုးပါ။ဆဲလ်တိုင်း၊ကြွက်သားတိုင်းပုံမှန် အလုပ်လုပ်နိုင်ဖို့ရေဓာတ်ကိုရယူသုံးစွဲရပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

ရှင်သန်မှု လက္ခဏာ နှလုံးလေးရဲ့အကြောင်း

ရှင်သန်မှု လက္ခဏာ နှလုံးလေးရဲ့အကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 3, 2020 . 2 mins read
အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 3, 2020 . 2 mins read
ဝိတ်ပဲလျှော့ပါ၊ အစားမလျှော့ပါနဲ့

ဝိတ်ပဲလျှော့ပါ၊ အစားမလျှော့ပါနဲ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read
အစာအိမ်နဲ့ အူလမ်းကြောင်းက အစာတွေကို ဘယ်လိုခြေဖျက်ပေးနေသလဲ။

အစာအိမ်နဲ့ အူလမ်းကြောင်းက အစာတွေကို ဘယ်လိုခြေဖျက်ပေးနေသလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 28, 2020 . 3 mins read