lactose (နို့သကြားဓါတ်) ပါဝင်မှုနည်းတယ် – ဆိတ်နို့က နွားနို့ထက် lactose (နို့သကြားဓါတ်) ပါဝင်မှုနည်းတာကြောင့် အစာခြေစနစ်က ချေဖျက်ရာမှာ အလွယ်တကူချေဖျက်နိုင်ပါတယ်။
ကိုယ်ခံအား ကောင်းစေနိုင်တယ် – MCT oil လို့ခေါ်တဲ့ အရည်အသွေးမြင့်အဆီတွေ အများကြီး ပါဝင်လို့ သဘာဝအာဟာရဓါတ်တွေကို ပိုမိုစုပ်ယူနိုင်ပြီး အလွယ်တကူ ချေဖျက်စုပ်ယူနိုင်တာကြောင့် ကလေးတွေရဲ့ ဝမ်းဗိုက်ကို သက်တောင့်သက်တာရှိစေပြီး ဝမ်းေပျော့ပျော့ သွားစေနိုင်ပါတယ်။ ကိုယ်ခံစွမ်းအားကို အကောင်းဆုံးမြှင့်တင်ပေးနိုင်ပါတယ်။
အသားအရေကိုကျန်းမာစေနိုင်တယ် – နို့တွေက အသားအရေကိုကျန်းမာစေနိုင်တယ်ဆိုတာကတော့သိထားပြီးဖြစ်မှာပါ။ နွားနို့နဲ့မတူတာ ဆိတ်နို့က ဗီတာမင် A (ဗီတာမင် အေ) ကြွယ်ဝစွာပါဝင်တာကြောင့် ဝက်ခြံတွေကို တိုက်ဖျက်ပေးပြီး အသားအရေကို ကြည်လင်စေသလို ကျန်းမာစေနိုင်ပါတယ်။ ဆိတ်နို့မှာပါတဲ့ Latic Acid ကအရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို ကြည်လင်စေပါတယ်။
ဆိတ်နို့ရဲ့ အားသာချက်တွေက……
ဆိတ်နို့ရဲ့ အားသာချက်တွေကတော့
- အစာကြေလွယ်တယ်
- ဓါတ်မတည့်မှုဖြစ်နိုင်ခြေနည်းတယ်
- ကယ်လ်ဆီယမ်ကြွယ်ဝစွာပါဝင်နေတာကြောင့် သွားနဲ့အရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေတယ်
- သွေးတွင်းကိုလက်စထရောကို ကျစေတယ်
- အသားအရေကျန်းမာစေနိုင်တယ်
- အာဟာရစုပ်ယူမှုအားပိုကောင်းစေတယ်
- နှလုံးကျန်းမာစေနိုင်တယ်
- ကိုယ်ခံအားကောင်းတယ်
- ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးစေဖို့ အထောက်အပံ့ပေးတယ်
- မှတ်ဉာဏ် ကောင်းစေတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။