တရုတ်ဆိုင်တွေ သွားစားရင် အရံဟင်းရည်ထဲ အမြဲပါတယ်၊ ကြက်သွန်မြိတ်။ကော်ပြန့်စိမ်း၊ ကော်ပြန့်ကြော်စားမလား ကြက်သွန်မြိတ်ပါတယ်။ ကြက်သားဆန်ပြုတ် ဘာညာဆိုလည်း ကြက်သွန်မြိတ် ခတ်တယ်။ ဆီချက်ဆိုလည်း ကြက်သွန်မြိတ်ပါမှ၊ ဖက်ထုပ်စားမလား ကြက်သွန်မြိတ်နဲ့ အသားနဲ့ ထုပ်တာ။ တရုတ်အစားအစာတင်လား ဆိုတော့မဟုတ်ဘူး။ ရှမ်းအစားအစာတွေမှာလည်း ကြက်သွန်မြိတ်အသုံးများပါတယ်။ ရှမ်းအစားအစာ ဟင်းထုပ်လေးတွေမှာလည်း ကြက်သွန်မြိတ်နဲ့လေ။