ကြိုတင်မစီစဉ်ဘဲ ညစာစားခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

အပြင်ထွက်စားသောက်ခြင်းက ပျော်စရာကောင်းသလို၊ လူမှုရေးနယ်ပယ်မှာ ဝင်ဆံ့စေပါတယ်။ နောက်ပြီး ကျန်းမာရေးနဲ့အညီ စားသောက်နိုင်ဖို့ကိုလည်း ရွေးချယ်ခွင့်ရစေတယ်။ ကိုယ်စားမယ့်အစားအသောက်ကို ကိုယ်တိုင်ပြင်ဆင်ရတာကတော့ ကျန်းမာရေးနဲ့ အညီညွှတ်ဆုံးပါပဲ။ ဒါပေမယ့် လူမှုရေးသတ္တဝါတွေ ဖြစ်တာကြောင့် အပြင်ထွက်စားသောက်ကြတာမျိုးလည်း လုပ်ကြရတယ်။ အင်မတန်များပြားလှတဲ့ အစားအသောက်တွေကြား ထိန်းသိမ်းစားတတ်ဖို့က အရေးကြီးလာပါတယ်။ ခုပြောမယ့်အချက်တွေကတော့ အပြင်စားသောက်ဆိုင်တွေမှာ သွားစားတဲ့အခါ ကိုယ့်ရဲ့စားသောက်မှုကို ကျန်းမာရေးနဲ့ ညီညွတ်စေမယ့် အချက်များပဲ ဖြစ်ပါတယ်။

၁။ ဆီကြော်မဟုတ်တာတွေ ရွေးစားပါ။

ဆီကြော်တွေမှာ မကောင်းတဲ့အဆီနဲ့ ကယ်လိုရီတွေ ပါဝင်တာကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ကြော်တဲ့အခါ သုံးတဲ့ဆီတွေကလည်း အရည်အသွေးတအားညံ့နေတတ်တယ်။ သီးရွက်ဆီတွေကို ကုန်ကျစရိတ်သက်သာအောင် ပြန်ပြန်သုံးပြီး ကြော်ထားတာတွေက ကျန်းမာရေးနဲ့ လုံးဝမသင့်တော်ဘဲ နာတာရှည်ရောဂါများကို ဖြစ်စေနိုင်ပါတယ်။

၂။ အကြော်တွေ ရှောင်ပါ။

အကြော်တွေအစား အသီးအရွက်တွေ စားပါ။ အထူးသဖြင့် အစိမ်းရောင်အရွက်တွေက အားအင်ဖြစ်စေပြီး အဆိပ်အတောက်ပြေစေပါတယ်။ ဒါကြောင့်မို့ ဘာစားစား အသီးအရွက်တွေ ထည့်စားတာ အကောင်းဆုံးပါပဲ။

၃။ ခရင်မ်ပါတဲ့ ဆော့စ်တွေ ရှောင်ပါ။

အဲဒါတွေအားလုံးမှာ သကြားတွေ၊ မကောင်းတဲ့အဆီတွေ အများကြီး ပါပါတယ်။ နောက်ပြီး အာရှနိုင်ငံတွေမှာဆို အချိုမှုန့်တွေလည်း သုံးတတ်ကြပါတယ်။ ဒါကြောင့်မို့ အဲဒီဆော့စ်တွေဟာ ခန္ဓါကိုယ်ရဲ့ ကျန်းမာရေးကို အင်မတန်မှ ထိခိုက်စေပါတယ်။

၄။ အချဉ်နဲ့ တွဲဖက်စားသောက်ပါ။

အင်မတန်မှလည်း အရသာရှိတဲ့ အဆီများများအစားအသောက်တွေကို စားချင်တယ်ဆိုရင် လုပ်လို့ရနိုင်တာတစ်ခုကတော့ သံလွင်ဆီလို၊ အချဉ်ရည်တွေလိုမျိုးတွေနဲ့ တွဲဖက်စားသောက်နိုင်တာပါပဲ။ နောက်တစ်နည်းကတော့ တစ်ခါတည်းပြင်ဆင်လာတာမျိုးမဟုတ်ဘဲ ကိုယ့်ဟာကိုယ် ပြင်ဆင်ပါ၊ ဒါဆို ကိုယ်လိုတဲ့အချိုးအစားကို ကိုယ့်စိတ်တိုင်းကျ ထည့်စားနိုင်မှာ ဖြစ်ပါတယ်။

၅။ အဆာပြေအစားအသောက်တွေကို သတိထားပါ။

အဓိကအစားအစာ မတိုင်မီမှာ အကြိုအနေနဲ့ အနည်းအပါး စားတတ်ကြတဲ့ အလေ့အထတချို့ ရှိတယ်။ အဲဒီအစားအသောက်တွေက အဆီနဲ့ သကြားဓါတ်တွေ မြောက်များစွာ ပါနေပါတယ်။ နောက်ပြီး ကိုယ့်ကို ရေငတ်စေမယ့် ဆားတွေလည်း ပါနေတတ်ပါတယ်။ ကိုယ်က အစားအသောက် အကောင်းစားတွေမှာပြီး ဒီလိုအဆာပြေစားတဲ့ အစာတွေကြောင့် ဗိုက်ပြည့်သွားတာမျိုး မဖြစ်သင့်ပါဘူး။ ဒီတော့ ပေါ့ပေါ့ပါးပါးပဲ စားစေချင်ပါတယ်။

၆။ အချိုတည်းဖို့ လိုကိုလိုတယ်လို့ မတွေးပါနဲ့။

တကယ်တော့ အချိုတည်းချင်တယ်ဆိုတာဟာ တချို့သော ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ချို့တဲ့နေတယ်၊ ဒါမှမဟုတ် ကိုယ်စားတဲ့ အစားအသောက်ဟာ ကိုယ့်အတွက် တခုခုမှားယွင်းနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ တကယ်လို့ အင်မတန်မှကို တောင့်တတယ်ဆိုရင်တောင် အသီးတစ်ခုခုကိုပဲ စားသင့်ပါတယ်။ အဲဒါက အချိုကို တောင့်တနေတဲ့ ကိုယ့်အာသီသကို ပြေပျောက်စေသလို၊ အမျှင်ဓါတ်နဲ့ ကျန်းမာရေးကို အထောက်အကူပြုတဲ့ Antioxidant များကိုလည်း ရစေပါတယ်။

၇။ သောက်စရာမှာတာတွေ ရပ်လိုက်ပါ။

ဝိုင်တစ်ခွက်မှာ ကယ်လိုရီ ၁၂၅ ကနေ ၂၀၀ အထိပါတယ်။ ဆိုဒါမှာ သကြား ၁၀ ဇွန်း ပါဝင်ပြီး ဘီယာမှာတော့ အချဉ်ဖောက်ပြီး လုပ်ထားတာဖြစ်လို့ အီစရိုဂျင်ဟော်မုန်းပုံစံမျိုး အာနိသင်တွေ ပါပါတယ်။ အဲဒါက အဆီတွေ ချေဖျက်နိုင်စွမ်းကို အနှောင့်အယှက်ပေးပါတယ်။ နောက်ပြီး အအေးဗူးတွေက ကိုယ့်ရဲ့ ကယ်လိုရီစားသုံးမှုကို တက်စေပါတယ်။ အရက်ကတော့ ကိုယ်ရဲ့ အိပ်ချိန်တွေကို အနှောင့်အယှက်ပေးပြီး စိတ်ဖိစီးမှုတွေဖြစ်စေတယ်။ ဒါက ကိုယ့်ကို အဆီတက်စေနိုင်ပါတယ်။

၈။ ဖြည်းဖြည်းဝါးပါ။

အစားစားတဲ့ မြန်နှုန်းနဲ့ ကိုယ်အလေးချိန်အချိုးကြား ပတ်သက်မှုရှိပါတယ်။ မြန်မြန်စားလေလေ ဝိတ်ပိုတက်လေလေပါပဲ။ အစားတွေကို မြန်မြန်စားလိုက်ခြင်းမှာ အားနည်းချက်တွေ ရှိပါတယ်။ ဒါက အဝလွန်သူတွေ၊ ဝိတ်တက်နေသူတွေကြားထဲမှာ တွေ့ရများတဲ့ အလေ့အကျင့်တစ်ခု ဖြစ်ပါတယ်။ အစားအသောက်ကို ဖြည်းဖြည်းစား၊ ပုံမှန်လေးဝါးခြင်းက ဗိုက်စောစောပြည့်တတ်စေတာမို့ ကိုယ်အလေးချိန်ကျဖို့အတွက် အထောက်အကူပြုပါတယ်။
တကယ်လို့ ကိုယ့်အနေနဲ့ အရသာရှိတာလေးတွေလည်း စားချင်တယ်၊ ကိုယ်အလေးချိန်လည်း မတက်ချင်ဘူးဆိုရင် အရင်ဆုံး ကိုယ်ဘယ်နေရာမှာ စားမှာလဲ၊ ဘာစားမှာလဲ၊ ဘယ်လောက်ပမာဏစားမလဲ၊ နောက်ပြီးရင်တော့ ဘယ်လိုစားမလဲ စဉ်းစားပါ။ အစားစားခြင်းဟာ ပျော်ရွင်စရာကောင်းပါတယ်။ ခုပြောခဲ့တဲ့ နည်းလမ်းတချို့ကို လိုက်နာရင်တော့ စားချင်တာတွေစားပြီး ကျန်းမာရေးလည်း ထိခိုက်တော့မယ် မဟုတ်ပါဘူး။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင့်အတွက် ရွေးချယ်ထားသည်

စီစဉ်ထားခြင်းမရှိဘဲ ညစာအပြင်ထွက်စားသည့်အလေ့အထ

စီစဉ်ထားခြင်းမရှိဘဲ ညစာအပြင်ထွက်စားသည့်အလေ့အထ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Ye Pyae Hein
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 9, 2017 . 2 mins read