အိပ်ခါနီးမှ ဗိုက်ထဆာနေပြီဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 27, 2020 . 2 mins read
Share now

ဒီပြဿနာကို လူတိုင်းကြုံဖူးကြမှာပါ။ တစ်နေကုန်တော့ ဇွဲကောင်းကောင်းနဲ့ ငါတော့ ဒီနေ့ healthy dietတွေ စားခဲ့တယ်လို့ ကြုံးဝါးမလို့ ရှိသေးတယ်။ ည၉နာရီလောက်ကျတော့ ဗိုက်ကထဆာရော။ အဲ့ဒီအချိန် ဖုန်းများ မသုံးလိုက်လေနဲ့။ အရွဲ့တိုက်နေသလား မှတ်ရအောင်  newfeeds တစ်ခုလုံး စားသောက်ဆိုင်ပုံတွေကြီး တက်လာပါတော့တယ်။ ညအိပ်ခါနီးရင် မစားရဘူးဆိုတာ မကောင်းမှန်းတော့ သိပါတယ်။ ဒါပေမယ့် ဗိုက်ဆာတာကို သည်းမခံနိုင်တဲ့အဆုံးမှာ လက်လှမ်းမီရာ ခေါက်ဆွဲပြုတ်တို့၊ အာလူးကြော်တို့ကို အလွယ်တကူ စားမိတတ်ပါတယ်။ စားနေတုန်းကတော့ စိတ်ထဲကျေနပ်နေပေမယ့် စားပြီးတော့မှ နောင်တတွေ ရလာပါတယ်။ ဒီလို မဖြစ်ရအောင် ညဘက် ဆာလောင်မှုတွေကို ဘယ်လို ဖြေရှင်းမလဲ။  မဖြစ်မနေ စားမယ်ဆိုရင်ရော ဘယ်လိုအစားအစာတွေကို စားကြမလဲ။

ဆာလောင်မှုကို ဖြေရှင်းဖို့အတွက်

  • ဆာရတဲ့ အကြောင်းရင်းကို ရှာပါ။

တချို့ကျတော့ အိပ်ခါနီးမှ ဗိုက်ဆာတာက အကျင့်တစ်ခုလို ဖြစ်နေတာပါ။ ဒါမျိုးဆိုရင်တော့ ရေရှည်မှာ မကောင်းတဲ့အတွက် ဆာရတဲ့ အကြောင်းရင်းကို ရှာရပါမယ်။ တစ်နေကုန် စားတာ သောက်တာကို တင်းတင်း ကျပ်ကျပ် ထိန်းချုပ်ထားရင်လည်း ညကျမှ ထဆာတတ်ပါတယ်။ တချို့ကျတော့လည်း ဘာမှ မဟုတ်ဘူး။ ဗိုက်လည်း ဒီလောက်မဆာဘဲနဲ့ ပျင်းလို့ တစ်ခုခု စားချင်တာမျိုးပါ။ ထူးထူးခြားခြား တချို့လူတွေမှာ  binge eating disorder ၊ night eating syndrome စတဲ့ အစားအသောက် မူမမှန်တဲ့ ပြဿနာတွေကြောင့် ညကျ ထထစားနေကြတာပါ။ နှစ်မျိုးလုံးကတော့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ ဖြေဖျောက်တဲ့အနေနဲ့ စားကြတာပါ။

  • ဘာတွေက ဆာဖို့ တွန်းအားပေးနေတာလဲ။

ခုနကပြောသလိုပဲ ဆာတာက နည်းနည်း၊ စားချင်စိတ်က များများပါ။ ထင်သလောက်လဲ မဆာဘဲနဲ့ စိတ်ညစ်လို့ စားတယ်။ ပျင်းလို့စားတယ်။ ဘာလုပ်ရမှန်းမသိ လုပ်စရာ မရှိလို့စားတယ်။ အမျိုးမျိုးပါပဲ။ ဒါကြောင့် “ food and mood diary” လေး လုပ်ထားပါ။ ဘယ်လို ခံစားချက်တွေက သင့်ကို ဆာလောင်စေလဲဆိုတာ စာရင်းလေး လုပ်ထားပါ။

  • စားချိန်၊ အိပ်ချိန် မှန်ပါစေ။

ညကျ မိုးချုပ်မှအိပ်၊ မနက်မထ၊ နိုးတော့ မနက်စာ မမီ၊ မမီတော့ နေ့လယ်ကျ အများကြီးစား၊ ညစာ စားခါနီးမဆာ၊ အိပ်ခါနီးမှ ထဆာ၊ ဆာတော့ ထစား၊ စားတော့ ဗိုက်တင်းပြီး မအိပ် စသဖြင့် သံသရာ လည်နေတတ်ပါတယ်။ ဒါကြောင့် အိပ်ချိန်၊ စားချိန် မှန်ပါစေ။ နေ့ဘက်မှာ အစားအစာကို စနစ်တကျစားပါ။ ဒါက ညဘက်မှာ အများကြီး မစားမိအောင် ကူညီပေးနိုင်မှာပါ။

  • အစားအသောက်  planချပါ။

စားချိန် အိပ်ချိန်မှန်ဖို့ လိုသလို ဘယ်အချိန်မှာ ဘာစားမလဲဆိုတာ ကြိုပြီး အစီအစဉ်ချထားပါ။ မနက်စာ၊ နေ့လယ်စာ၊ သရေစာ၊ ညစာ စသဖြင့် ဘယ်အချိန်မှာ ဘာစားမယ်ဆိုတာ ကြိုပြီး စီစဉ်ထားမယ်ဆိုရင် မလုံမလောက် စားမိမှာ၊ အလွန်အကျွံစားမိမှာအတွက် စိုးရိမ်စရာ မလိုတော့ပါဘူး။

  • စိတ်ဖိစီးမှုလျှော့ချပါ။

ညဘက်မှာ ထစားတာက တကယ်ဆာလို့ဆိုတာထက် စိတ်ဖိစီးမှုအတွက် စိတ်ထွက်ပေါက် တစ်ခုရှာတာပါပဲ။ တစ်နေကုန်လည်း တစွတ်စွတ်စားနေပြီး ညထိလည်း မရပ်သေးပါဘူး။ ဘယ်လောက်စားစား ဗိုက်ပြည့်သွားတယ်လည်း မရှိပါဘူး။ တကယ်ဆာတာမှ မဟုတ်ဘဲ စိတ်ပြေရာ ပြေကြောင်း စားနေလို့ပါ။ ဒီလိုဆိုရင်တော့စိတ်ဖိစီးမှုကို အစားနဲ့ မဟုတ်ဘဲ တခြားနည်းလမ်းနဲ့ ဖြေရှင်းဖို့ စဉ်းစားပါ။ ဥပမာ တရားထိုင်တာ၊ သီချင်းနားထောင်တာ စသဖြင့်ပေါ့။

  • ပရိုတင်းပါအောင် စားပါ။

အားလုံးသိတဲ့အတိုင်း ပရိုတင်းက အဆာခံပါတယ်။ ဒါကြောင့် စားတဲ့အနပ်တိုင်းမှာ ပရိုတင်းပါအောင် စားပေးပါ။ ကြက်ဥ၊ ပဲ၊ အသား စတာတွေကို စားပေးပါ။

အိမ်မှာ ညဆာရင် စားဖို့ဆိုပြီး ခေါက်ဆွဲထုပ်တွေ ပါကင်လိုက် ဝယ်ထားတာမျိုး၊ အာလူးကြော်ထုပ်တွေ ဝယ်ထားတာမျိုး မလုပ်ပါနဲ့။ ဒါတွေမြင်နေရရင် မဆာတဲ့ဗိုက်တောင်  ဆာပြီး စားချင်လာမှာပါ။

  • အာရုံပြောင်းပါ။

ဗိုက်မဆာမှန်းလည်း သိတယ်။ ဒါပေမယ့် ဘာလုပ်ရမှန်းမသိလို့ စားတဲ့အလုပ်ပဲ ရှိတယ်ဆိုရင် ဒီလို အဖြစ်မခံပါနဲ့။ တစ်ခုခုလုပ်ပြီး အာရုံပြောင်းပါ။ စာအုပ်ဖတ်မလား။ လေ့ကျင့်ခန်းထလုပ်မလား။ သီချင်းအော်ဆိုမလား။ ကြိုက်တာ လုပ်ချလိုက်ပါ။

မရတော့ဘူး။ သည်းမခံနိုင်တော့ဘူး။ စားတော့မယ်။

ကဲ စိတ်မထိန်းနိုင်လို့ပဲ ဖြစ်ဖြစ်၊ တကယ်ဗိုက်ဆာလို့ပဲ ဖြစ်ဖြစ် စားမှ ဖြစ်တော့မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင်လည်း ကျန်းမာရေးနဲ့ ညီညွတ်တာကို ဦးစားပေးစားပါ။ ဒီလို စားဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင်လည်း

  • စားမယ်ဆိုတာ သေချာရင် စောစောစီးစီး စားပါ။ စားရင် ကောင်းမလား၊ ဘာစားရမလဲ စဉ်းစားရင်းနဲ့ အိပ်ချိန်နဲ့ ပိုပိုကပ်လာပါလိမ့်မယ်။
  • မစားရင် ရေတစ်ခွက် အဝသောက်ပါ။ တစ်ခါတစ်လေ ရေဆာတာကို ဗိုက်ဆာတာလို့ အထင်မှားတတ်ပါတယ်။ ရေသောက်လိုက်လို့ ဗိုက်အဆာပြေသွားတယ်ဆိုလည်း အမြတ်ပေါ့။ ဒါမှမဟုတ်လည်း ရေသောက်ထားတော့ အများကြီး မစားမိတော့ဘူးပေါ့။
  • အသင့်စားအစားအစာတွေကို အိမ်မှာ အများကြီး ဝယ်မထားပါနဲ့။ ဥပမာ ခေါက်ဆွဲခြောက်၊ အာလူးကြော်။ မြင်နေရရင် မဆာရင်တောင် စားမိပါလိမ့်မယ်။
  • အိမ်မှာ ညဆာရင် အလွယ်တကူ စားနိုင်တဲ့ ကျန်းမာရေးနဲ့ ညီညွတ်တာတွေက

-သစ်သီးတွေ

-အုတ်ဂျုံတွေ

-ဒိန်ချဉ်တွေ

အစေ့အဆန်တွေ

-အိမ်လုပ် အသားညှပ် ပေါင်မုန့်တွေ

-အချိုလျော့ထားတဲ့ ပေါက်ပေါက်ဆုပ်တွေ စတာတွေ စားနိုင်ပါတယ်။ ဒါတွေကို အိမ်မှာဝယ်ထားပါ။ တစ်ခါစားစာလေးတွေ ထုပ်ထားပါ။ဒါလေးတွေ စားနေရင် ဗိုက်သိပ်ဆာမှာ မဟုတ်ပါဘူး။ တခြား မသင့်တော်တာတွေလည်း အလွယ်တကူ မစားမိတော့ဘူးပေါ့။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

သက်လုံ လို့ဆိုလိုက်ရင် အားကစားသမားတွေနဲ့ပဲ ဆိုင်တယ်လို့ ပြေးမြင်ကြပါတယ်။ သက်လုံကောင်းမှ နေ့စဉ်ဘဝမှာ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်နိုင်မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

Psywar တွေ ကြားမှာ စိတ်ကျန်းမာနေစေဖို့

Psywar တွေက ကြောက်ဖို့ ကောင်းတာ မှန်ပေမယ့် လက်ခံတဲ့သူပေါ် မူတည်ပါတယ်။ လက်ခံတဲ့သူက ပါးနပ်ရင် ပါးနပ်သလောက် Psywarတွေကို ကျော်ဖြတ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား

နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား...... အဖြေက ဘာဖြစ်မယ် ထင်လဲ...... ဆေင်းပါးလေးထဲ ဖတ်ကြည့်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စိုးရိမ်ပူပန်မှု တွေက ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေနိုင်သလဲ။

စိုးရိမ်ပူပန်မှု တွေက ကျွန်တော်တို့ ကိုယ်ထဲကို မသိလိုက်တဲ့ အချိန်မှာ ဝင်ရောက်လာပြီး တအိအိနဲ့ နေရာဝင်ယူသွားပါတယ်။ နာတာရှည်ရောဂါလို ဒုက္ခလှည့်ပေးတော့မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 4, 2021 . 2 mins read
sleep-benefits-health ပင်ပန်းလာရင် အိပ်

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 1, 2021 . 2 mins read
how-this-empath-copes-with-shocking-events မျှဝေခံစားလိုစိတ်

အခက်ခဲဆုံးအချိန်တွေကို မျှဝေခံစားလိုစိတ် နဲ့ ကျော်ဖြတ်ပါ

ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 2 mins read
စိတ်ဖိစီးလွန်း ရင် ရာသီထိမ် တတ်သလား။

စိတ်ဖိစီးလွန်းလို့ ရာသီထိမ် နေတာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read