backup og meta

သင့်ကျန်းမာရေးကို အကျိုးပြုမယ့် အစေ့အဆန်များ

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


14/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကျန်းမာရေးကို အကျိုးပြုမယ့် အစေ့အဆန်များ

    အစေ့အဆန်များဟာ အရွယ်အစားသေးငယ်ပေမယ့် အာဟာရတန်ဖိုးနဲ့တွက်ကြည့်ရင် အတော်လေးအဖိုးတန်ပါတယ်။ အစေ့အဆန်တွေမှာ အမျှင်ဓာတ်ကြွယ်ဝပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်များနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ အစေ့အဆန် ၅ မျိုးရဲ့ ကျန်းမာရေး အကျိုးပြုပုံ ဖြစ်ပါတယ်။

    ၁။ နှမ်းကြတ်စေ့

    နှမ်းကြတ်စေ့မှာ အမျှင်ဓာတ်နဲ့ Omega 3 အဆီဓာတ် ကြွယ်ဝပါတယ်။ နှမ်းကြတ်စေ့ တစ်အောင်စ (၂၈ ဂရမ်) မှာ ပါဝင်တဲ့ အာဟာရဓာတ်များကတော့

    – ကယ်လိုရီ။ ၁၅၂

    – အမျှင်ဓာတ်။ ၇.၈ ဂရမ်

    – ပရိုတိန်း။ ၅.၂ ဂရမ်

    – ပြည့်ဝဆီ။ ၂.၁ ဂရမ်

    – Omega 3 အဆီ။ ၆.၅ ဂရမ်

    – Omega 6 အဆီ။ ၁.၇ ဂရမ်

    – မဂ္ဂနိစ်။ တစ်နေ့တာ လိုအပ်ချက်၏ ၃၅ ရာခိုင်နှုန်း

    – ဗီတာမင် B1။ တစ်နေ့တာလိုအပ်ချက်၏ ၃၁ ရာခိုင်နှုန်း

    – မဂ္ဂနီဆီယမ်။ တစ်နေ့တာ လိုအပ်ချက်၏ ၂၈ ရာခိုင်နှုန်း စတာတွေပဲ ဖြစ်ပါတယ်။

    နှမ်းကြတ်စေ့မှာ ပေါ်လီဖီနောလို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်ပြီး ဖရီးရယ်ဒီကယ်တွေရဲ့ အန္တရာယ်ကို ကာကွယ်ပေးပါတယ်။ နှမ်းကြတ်စေ့မှာ ပါဝင်တဲ့ အမျှင်ဓာတ်နဲ့ Omega 3 ဟာ ကိုလက်စထရောကို ကျစေပြီး နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို လျော့နည်းစေပါတယ်။

    ဒါ့အပြင် သုတေသနအချို့အရ နှမ်းကြတ်စေ့ဟာ ရင်သားကင်ဆာလူနာတွေမှာ ကင်ဆာကျိတ်ကြီးထွားနှုန်းကို တားပေးနိုင်တယ်လို့ ဆိုပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်လို့ ဆီးချိုရောဂါသည်တွေအတွက် အဆင်ပြေပါတယ်။

    ၂။ ချီယာစေ့

    ချီယာစေ့ဟာလည်း နှမ်းကြတ်စေ့လိုပဲ အမျှင်ဓာတ်နဲ့ Omega 3 ကြွယ်ဝပါတယ်။ ချီယာစေ့ တစ်အောင်စမှာ အာဟာရဓာတ်တွေအနေနဲ့

    – ကယ်လိုရီ။ ၁၃၇

    – အမျှင်ဓာတ်။ ၁၀.၆ ဂရမ်

    – ပရိုတိန်း။ ၄.၄ ဂရမ်

    – ပြည့်ဝဆီ။ ဝ.၆ ဂရမ်

    – Omega 3 အဆီ။ ၄.၉ ဂရမ်

    – Omega 6 အဆီ။ ၁.၆ ဂရမ်

    – မဂ္ဂနိစ်။ တစ်နေ့တာ လိုအပ်ချက်၏ ၃၀ ရာခိုင်နှုန်း

    – ဗီတာမင် B1။ တစ်နေ့တာလိုအပ်ချက်၏ ၁၅ ရာခိုင်နှုန်း

    – မဂ္ဂနီဆီယမ်။ တစ်နေ့တာ လိုအပ်ချက်၏ ၃၀ ရာခိုင်နှုန်း စတာတွေ ပါဝင်ပါတယ်။

    ချီယာစေ့ဟာ သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေပါတယ်။ နှလုံးရောဂါ ဖြစ်နိုင်ခြေကိုလည်း ကျဆင်းစေတယ်လို့ သိရပါတယ်။

    ၃။ နှမ်းစေ့

    နှမ်းစေ့ဟာလည်း အာဟာရတန်ဖိုးမြင့်တဲ့ စားစရာတစ်မျိုးဖြစ်ပါတယ်။ နှမ်းစေ့ တစ်ဂရမ်မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကတော့

    – ကယ်လိုရီ။ ၁၆၀

    – အမျှင်ဓာတ်။ ၃.၃ ဂရမ်

    – ပရိုတိန်း။ ၅ ဂရမ်

    – ပြည့်ဝဆီ။ ၅.၃ ဂရမ်

    – Omega 6 အဆီ။ ၆ ဂရမ်

    -မဂ္ဂနိစ်။ တစ်နေ့တာ လိုအပ်ချက်၏ ၃၄ ရာခိုင်နှုန်း

    – ကြေးနီ။ တစ်နေ့တာလိုအပ်ချက်၏ ၅၇ ရာခိုင်နှုန်း

    – မဂ္ဂနီဆီယမ်။ တစ်နေ့တာ လိုအပ်ချက်၏ ၂၅ ရာခိုင်နှုန်း စတာတွေ ဖြစ်ပါတယ်။

    နှမ်းစေ့မှာ ရောင်ရမ်းမှုကို ကျဆင်းစေတဲ့ အာနိသင်ရှိပါတယ်။ ဓာတ်တိုးဖိစီးခြင်း (oxidative stress) ကိုလည်း ကာကွယ်ပေးပါတယ်။ ဒါကြောင့် အဆစ်ရောင်ခြင်းလို ပြဿနာရှိသူတွေအတွက် အကျိုးပြုပါတယ်။ ကိုလက်စထရောကို ကျစေပါတယ်။ သွေးဆုံးပြီး အမျိုးသမီးတွေ စားသုံးတဲ့အခါ မ ဟော်မုန်းထုတ်လုပ်မှုကို တိုးတက်စေနိုင်ပါတယ်။

    ၄။ ရွှေဖရုံစေ့

    ရွှေဖရုံစေ့မှာ ဖော့စဖရပ်စ်၊ ပြည့်ဝဆီ၊ Omaga 6 စတာတွေ ကြွယ်ဝပါတယ်။ ရွှေဖရုံစေ့စားခြင်းဟာ ဆီးအိမ်တွင်း ကျောက်တည်နိုင်ခြေကို လျော့ကျစေပါတယ်။ ဆီးကျိတ်ရောင်ခြင်းနဲ့ ဆီးလမ်းကြောင်းပြဿနာတွေကို လျော့နည်းစေပါတယ်။ အကျိုးပြုကိုလက်စထရောကို မြင့်တက်စေပါတယ်။ အမျိုးသမီးများ သွေးဆုံးချိန်ဖြစ်တတ်တဲ့ လက္ခဏာတွေကို သက်သာစေပါတယ်။

    ရွှေဖရုံစေ့ တစ်အောင်စမှာ

    – ကယ်လိုရီ။ ၁၅၁

    – အမျှင်ဓာတ်။ ၁.၇ ဂရမ်

    – ပရိုတိန်း။ ၇ ဂရမ်

    – ပြည့်ဝဆီ။ ၄ ဂရမ်

    – Omega 6 အဆီ။ ၆ ဂရမ်

    – မဂ္ဂနိစ်။ တစ်နေ့တာ လိုအပ်ချက်၏ ၄၂ ရာခိုင်နှုန်း

    – ဖော့စဖရပ်စ်။ တစ်နေ့တာလိုအပ်ချက်၏ ၃၃ ရာခိုင်နှုန်း

    – မဂ္ဂနီဆီယမ်။ တစ်နေ့တာ လိုအပ်ချက်၏ ၃၇ ရာခိုင်နှုန်း စသဖြင့် အာဟာရဓာတ်တွေ ပါဝင်ပါတယ်။

    ၅။ နေကြာစေ့

    အစေ့အဆန်တွေထဲမှာ လူကြိုက်အများဆုံးဖြစ်တဲ့ နေကြာစေ့မှာ ပရိုတိန်း၊ ပြည့်ဝဆီနဲ့ ဗီတာမင် E စတာတွေ ကြွယ်ဝပါတယ်။ နေကြာစေ့ တစ်ဂရမ်မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကတော့

    – ကယ်လိုရီ။ ၁၆၄

    – အမျှင်ဓာတ်။ ၂.၄ ဂရမ်

    – ပရိုတိန်း။ ၅.၈ ဂရမ်

    – ပြည့်ဝဆီ။ ၅.၂ ဂရမ်

    – Omega 6 အဆီ။ ၆.၄ ဂရမ်

    – မဂ္ဂနိစ်။ တစ်နေ့တာ လိုအပ်ချက်၏ ၂၇ ရာခိုင်နှုန်း

    – ဗီတာမင် E။ တစ်နေ့တာလိုအပ်ချက်၏ ၄၇ ရာခိုင်နှုန်း

    – မဂ္ဂနီဆီယမ်။ တစ်နေ့တာ လိုအပ်ချက်၏ ၂၃ ရာခိုင်နှုန်း

    နေကြာစေ့မှာ ရောင်ရမ်းမှုကို ကျဆင်းစေတဲ့ အာနိသင်တွေ ပါဝင်ပါတယ်။ နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။

    သုတေသနအချို့အရ သွေးဆုံးပြီး အမျိုးသမီးတွေမှာ ကိုလက်စထရောကို ကျစေတယ်လို့ သိရပါတယ်။ ဒါ့အပြင် နေကြာစေ့မှာ ဇင့်ဓာတ်လည်း ပါဝင်တာကြောင့် အမျိုးသားတွေမှာ သုက်ပိုးအရည်အသွေးကို တိုးတက်ကောင်းမွန်စေပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    14/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement