အရက်နာကျတာကို ဘယ်လိုသက်သာအောင်လုပ်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

သောကြာနေ့လိုမျိုး ညတွေမှာ တစ်ပတ်တာပင်ပန်းသမျှကိုဖြေဖျောက်တဲ့အနေနဲ့ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့တွေ့ပြီးပျော်ပျော်ရွှင်ရွှင်သောက်ကြစားကြတာမျိုးရှိကြမယ်ထင်ပါတယ်။ တစ်ခါတစ်လေ သူငယ်ချင်းတွေစုမိကြတဲ့အခါ ကိုယ်သောက်နိုင်တဲ့ပမာဏထက်ပိုပြီးသောက်မိသွားတာမျိုးလည်း ကြုံဖူးကြမှာပါ။ ဒီလိုများသွားတာကသောက်တုန်းတော့ သိပ်မသိသာပေမယ့်နောက်တစ်နေ့ရောက်တဲ့အခါမှာတော့ အရက်နာကျတဲ့ခံစားမှုကို စတင်ခံစားရပြီလေ။ အရက်နာကျတာကို သက်သာအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပေးချင်ပါတယ်။

အရက်နာကျတယ်ဆိုတာက

အရက်နာကျတာက လူတစ်ယောက်နဲ့တစ်ယောက်မှာ မတူနိုင်ပါဘူး။ အဖြစ်များတဲ့ လက္ခဏာတွေကတော့ အရက်နာကျတဲ့အခါခေါင်းကိုက်မယ်၊ မအီမသာဖြစ်ပြီး ပျို့အန်ချင်သလိုဖြစ်နေမယ်၊ခြေကုန်လက်ပန်းကျနေမယ်၊ ခန္ဓါကိုယ်မှာရေဓါတ်ကုန်ခန်းသလိုဖြစ်နေတာတွေပါပဲ။ အရက်နာကျတဲ့သူတွေမှာ အဖြစ်များဆုံးလက္ခဏာက ခန္ဓါကိုယ်မှာရေဓါတ်ကုန်ခန်းနေသလို ခံစားရတာပါပဲ။

အရက်နာကျတဲ့အခါ အာရုံစိုက်ဖို့မလွယ်တာမျိုးဖြစ်နိုင်သလို စိတ်ထဲမကြည်မလင်ဖြစ်နေတာမျိုးလည်းရှိနိုင်ပါတယ်။ အရက်နာကျရတဲ့အဓိကအကြောင်းအရင်းကတော့ အရက်ထဲမှာပါတဲ့ အီသနောပါပဲ။ အီသနောက အဆိပ်ရှိတဲ့ ဓါတုပစ္စည်းတစ်မျိုးဖြစ်ပြီး ဆီးခဏခဏသွားစေတာကြောင့် ခန္ဓါကိုယ်ထဲကရေဓါတ်ကိုဆုံးရှုံးစေပါတယ်။

အရက်နာကျတာကို ဘယ်လိုသက်သာအောင်လုပ်မလဲ

ရေသောက်ပါ –ခန္ဓါကိုယ်က ဆုံးရှုံးသွားတဲ့ရေဓါတ်တွေကိုပြန်လည်ဖြည့်တင်းနိုင်စေဖို့အတွက်ရေသောက်ပေးဖို့လိုပါမယ်။ရေများများသောက်ပေးလေလေ ခန္ဓါကိုယ်ထဲက အဆိပ်ဖြစ်စေတဲ့အရာတွေကို သန့်စင်နိုင်လေလေပါ။ဖြစ်နိုင်ရင်တော့ ညဘက်အရက်သောက်နေချိန်မှာကိုကရေကိုသောက်ပေးသင့်တာပါ။

ရေဓါတ်ပြည့်ဝစေမယ့်ဖျော်ရည်တွေသောက်ပေးပါ –ရေသောက်ပေးရုံနဲ့ရေဓါတ်ကုန်ခန်းသွားတာတွေကိုဖြည့်နိုင်ပြီလို့ မဆိုသာပါဘူး။ အရက်နာကျတဲ့အခါ ခန္ဓါကိုယ်ထဲမှာ ဆားဓါတ်နဲ့ ပိုတက်ဆီယမ်ဓါတ်ကိုပါ ဆုံးရှုံးနေတာပဲဖြစ်ပါတယ်။ ဒါကြောင့် အရက်နာကျနချေိန်မှာ အချိုရည်၊ အုန်းရည်လိုမျိုးအရာတွေကိုသောက်သုံးပေးလို့ရသလို စွပ်ပြုတ်တစ်ခုခုကိုသောက်ပေးလို့လည်းရပါတယ်။

မနက်စာစားပေးပါ –ညကအရမ်းများသွားပြီးနောက်တစ်နေ့နိုးလာချိန်မှာခေါင်းကမကြည်မလင်ဖြစ်နေခဲ့ရင်တောင် မနက်စာကိုလုံးဝမစားဘဲနေတာမျိုး မလုပ်ပါနဲ့။ အစားအစာတွေမှာပါတဲ့Electrolytesတွေက ခန္ဓါကိုယ်ကိုရေဓါတ်ပြန်လည်ဖြည့်တင်းပေးနိုင်သလို ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ ကယ်လိုရီတွေကိုလည်းပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ အရက်နာကျနေတဲ့အခါကြေလွယ်တဲ့အစားအစာကို စားသုံးမိဖို့တော့လိုအပ်ပါတယ်။ပေါင်မုန့်မီးကင်၊ခရက်ကာတို့စားသုံးပေးပါ။ ဒီအစားအစာတွေက ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ ကာဗိုဟိုက်ဒရိတ်ပမာဏကိုဖြည့်တင်းပေးနိုင်ပါတယ်။

ချင်းနည်းနည်းစားပေးပါ –ချင်းက အရက်နာကျတာကြောင့် မအီမသာဖြစ်တာနဲ့အော့အန်တာကို သက်သာစေနိုင်တဲ့အာနိသင်ရှိပါတယ်။ အရက်သောက်တာများသွားတဲ့အခါရေနွေးပူပုထဲကို ချင်းတစ်ပြားလောက်ထည့်သောက်တာမျိုးဖြစ်ဖြစ်၊ ချင်းကိုပါးပါးလေးလွှာပြီး ဝါးစားတာမျိုးဖြစ်ဖြစ်လုပ်ပးပါ။

ကညွတ်စားပေးပါ –ကညွတ်မှာပါတဲ့ အမိုင်နိုအက်ဆစ်က ခန္ဓါကိုယ်ဆဲလ်တွေက အယ်လ်ကိုဟော ကိုချေဖျက်နိုင်စွမ်းကိုတိုးစေနိုင်ပါတယ်။ ကညွတ်က အယ်လ်ကိုဟောကြောင့် ခန္ဓါကိုယ်မှာရေရှည်ထိခိုက်နိုင်ခြေတွေကိုလည်းလျော့ကျစေနိုင်ပါတယ်။ ကညွတ်က အရက်နာကျတာကို သက်သာစေနိုင်သလို အရက်ကြောင့် အသည်းထိခိုက်ပျက်စီးတာကိုလည်း ကာကွယ်ပေးပါတယ်။

ငှက်ပျောသီးစားပေးပါ –အရက်နာကျတဲ့အခါ ခန္ဓါကိုယ်မှာ ပိုတက်ဆီယမ်နဲ့ ဆားဓါတ်တွေလျေ့ကျနေတတ်ပါတယ်။ ဒါကြောင့် ငှက်ပျောသီးလိုမျိုး ပိုတက်ဆီယမ်ပါတဲ့ အသီးတွေစားသုံးပေးပါ။ အငန်ဓါတ်ပါတဲ့ မုန့်ကြွပ်လေးတွေစားသုံးပေးလို့လည်းရပါတယ်။ အငန်ဓါတ်နဲ့ ပိုတက်ဆီယမ်ဓါတ်တွေက ခန္ဓါကိုယ်ကရေဓါတ်တေါဆုံးရှုံးမှုမရှိအောင် တားဆီးပေးနိုင်ပါတယ်။

အရမ်းများသွားလို့ အရက်နာကျနေတဲ့သူတွေအနေနဲ့ အခုပြောပြခဲ့တဲ့ အစားအသောက်နည်းလမ်းတွေအတိုင်း လုပ်ကြည့်ပြီး အရက်နာကျတာကို သက်သာအောင်လုပ်ကြည့်ကြဖို့တိုက်တွန်းလိုပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အင်းဆက် တွေက သင့်ကို ဘာရောဂါပေးနိုင်သလဲ။

အင်းဆက် တွေက သင့်ကို ရောဂါပေါင်းစုံဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်တော့ ခြင်နဲ့ ယင်ကတဆင့် ကူးစက်တဲ့ ရောဂါတွေ အဖြစ်များတာကို တွေ့ရပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အဖြစ်များတဲ့ နားပြဿနာ များ

နားပြဿနာ တွေက အဖြစ်များပေမယ့် အများစုက သိပ်တော့ မစိုးရိမ်ရပါဘူး။ လက္ခဏာတွေကို သိထားမယ်ဆိုရင် စောစောစီးစီး ကုသဖို့ အထောက်အကူဖြစ်နိုင်ပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

နှာခေါင်း မှာ အဖြစ်များတဲ့ ရောဂါတွေက ဘာတွေလဲ။

နှာခေါင်း မှာလည်း ရောဂါပေါင်းစုံဖြစ်နိုင်ပြီး လက္ခဏာတွေက ဆင်တူလေးတွေပါ။ လက္ခဏာတစ်ခုခုကို အချိန်ကြာကြာခံစားနေရရင် ဆရာဝန်နဲ့ ပြသပြီး ရောဂါရှာဖွေ ကုသသင့်ပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

လည်ချောင်း မှာ အဖြစ်များတဲ့ ရောဂါများ

လည်ချောင်း မှာဖြစ်တဲ့ ရောဂါတွေက သာမန်ရောဂါတွေကနေ ပြင်းထန်တဲ့ရောဂါတွေအထိ  မျိုးစုံဖြစ်နိုင်ပါတယ်။ ရောဂါအမျိုးအစားကလည်း စုံပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

COVID ပိုးက ဦးနှောက်ကိုပါ ဖျက်ဆီးနိုင်သလား

COVID ပိုးက ဦးနှောက်ကိုပါ ဖျက်ဆီးနိုင်သလား

ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 16, 2021 . 3 mins read
သောကများနေရင် လုပ်ဆောင်ဖို့ ခက်ခဲနေမယ့် သာမာန်အပြုအမူလေးများ

သောကများနေရင် လုပ်ဆောင်ဖို့ ခက်ခဲနေမယ့် သာမာန်အပြုအမူလေးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 16, 2021 . 2 mins read
အစားအသောက် မှီဝဲမှုနဲ့ Lupus ကို ထိမ်းချုပ်လို့တော့ ရပါတယ်။ လေ့လာချက်တွေအရဆိုရင် ချင်းဟာ Lupus ကို ထိမ်းချုပ်ကုသရာမှာ အလွန်အသုံးတည့်တယ်လို့ဆိုပါတယ်။ မစ်ချီဂန်တက္ကသိုလ်ရဲ့ လေ့လာချက်အရ ချင်းမှာပါဝင်တဲ့ 6-gingerol လို့ခေါ်တဲ့ bioactive compound တစ်မျိုးဟာ Lupus ရဲ့ ရောဂါလက္ခဏာတွေကို လျှော့ချပေးရာမှာ အလွန်ထိရောက်တယ်လို့ ဆိုပါတယ်။

Lupus ရှိရင် ချင်း (ဂျင်း) စားပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 16, 2021 . 2 mins read
ရေယုန်ဗိုင်းရပ်စ် အမျိုးအစားများ

ရေယုန်ဗိုင်းရပ်စ် အမျိုးအစားများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 15, 2021 . 2 mins read