ကညွတ်
ကညွတ်ဟာ အာဟာရဓါတ်တွေပြည့်ဝနေတဲ့ အရာဖြစ်လို့နေ့စဉ်စားသောက်တဲ့အထဲ ထည့်သွင်းသင့်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ် ပါတယ်။ဒါ့အပြင်အဆီပါဝင်မှုက မရှိသလောက်ရှိပြီး ကယ်လိုရီလည်း အရမ်းနည်းပါတယ်။ ကျန်းမာရေးအကျိုးကျေးဇူးတွေကများလွန်းတဲ့အတွက် စားသုံးသင့်တဲ့ အသီးအရွက်တွေထဲမှာပါဝင်ပါတယ်။
ကညွှတ်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ
အရိုးသန်မာစေခြင်း –ဗီတာမင်ကေ ရဲ့အဓိကလုပ်ဆောင်ချက်က အရိုးသိပ်သည်းမှုပိုကောင်းစေတာပဲဖြစ်ပါတယ်။ ကညွတ်တစ်ပန်းကန်စာမှာ တစ်နေ့တာအတွက်လိုအပ်တဲ့ ဗီတာမင်ကေပမာဏရဲ့ ၇၀ ရာခိုင်နှုန်းပါဝင်ပါတယ်။ ကယ်လ်စီယမ်စုပ်ယူမှုကို ပိုအားကောင်းစေပြီး အရိုးပွရောဂါနဲ့အရိုးကျိုးအက်မှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။
ရောင်ရမ်းမှုကိုလျော့ကျစေခြင်း – ကညွတ်က အမျိုးအစား၂ ဆီးချိုရောဂါ၊ ကင်ဆာရောဂါနဲ့ နှလုံးရောဂါတို့ကို ကာကွယ်နိုင်၊ ကုသနိုင်ပြီး ၎င်းမှာပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းglutathione က အိုမင်းရင့်ရော်မှုကိုနှေးကွေးစေပါတယ်။ ခရမ်းလွန်ရောင်ခြည် သို့မဟုတ်ပြင်ပလေထုညစ်ညမ်းပစ္စည်းတွေကြောင့် အရေပြားရောင်ရမ်းမှုတွေကိုလည်း ကာကွယ်ပေးပါတယ်။ အစိမ်းရောင်နဲ့ အရောင်ရင့် နှစ်မျိုးရှိတဲ့အထဲမှာ အရောင်ရင့်ရင့်ကညွတ်မှာ အန်သိုဆိုင်ယာနင်ဓါတ်တွေအပြည့်အဝပါဝင်တာကြောင့် အရေပြားထဲက အဆိပ်အတောက်ဓါတ်တွေကိုလျော့ပါးစေပြီးနေလောင်ဒဏ်ကို ကာကွယ်ပေးပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။