backup og meta

ဒေါသ ဖြစ်နေလား ...... ဒါတွေ စားပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 11/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဒေါသ ဖြစ်နေလား ...... ဒါတွေ စားပါ။

    ဒေါသ မထွက်ဘူးသူရယ်လို့ ခပ်ရှားရှားပါ။ လူတိုင်း ပြင်းပြင်းထန်ထန် မဟုတ်တောင် တစ်လမှာ တစ်ကြိမ်လောက်တော့ ဒေါသ ဖြစ်စမြဲပါ။ ဒေါသက လူတိုင်းမှာ ဖြစ်ပေမယ့် လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ သည်းခံနိုင်စွမ်းက ကွာခြားတာကြောင့် ဒေါသကို ထိန်းချုပ်နိုင်တဲ့ အနေအထားကတော့ ကွာခြားနိုင်ပါတယ်။

    အချို့က တော်ရုံနဲ့ စိတ်မတို ဒေါသမထွက်ပေမယ့် အချို့ကတော့ သေးသေးဖွဲဖွဲ ကိစ္စတွေအပေါ်မှာတောင် စိတ်တိုတာ ဒေါသဖြစ်တာမျိုး ဖြစ်တတ်ကြပါတယ်။ နောက်တစ်ချက်က ဒေါသကို ဖော်ပြပုံခြင်းလည်း ကွာခြားတတ်ပါတယ်။

    ဒေါသ အရမ်းထွက်တဲ့အခါ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာတွေမှာ ပြင်းပြင်းထန်ထန် ထိခိုက်နိုင်ပါတယ်။ ဒေါသဆိုတာက စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ရပ်ကြောင့် ကိုယ်တွင်းမှာ အဒရီနယ်လင်ဟော်မုန်းတွေ မြင့်တက်လာရာကနေ စဖြစ်တာပါ။ ဒီဟော်မုန်းပမာဏ လွန်ကဲတဲ့အခါ တင်းအားများပြီး ခေါင်းကိုက်တာ၊ ခေါင်းကိုက်တာ၊ သွေးတိုးတာ၊ စိတ်ဓာတ်ကျတာတွေကိုခံစားရနိုင်ပါတယ်။

    ဒေါသဖြစ်တဲ့အခါ စိတ်ရော ကိုယ်ပါ ထိခိုက်မှု ကင်းစေဖို့ စားပေးရမယ့် အစားအစာလေးတွေ ရှိပါတယ်။ ဘာတွေများ ဖြစ်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

    ငါး စားပါ

    ပင်လယ်ငါးတွေဖြစ်ကြတဲ့ ဆယ်လ်မွန်၊ cod၊ မက်ကာရယ် နဲ့ ဆာဒင်းငါးတွေမှာ အမဲသားနဲ့ ကြက်သားတွေကလို ပရိုတင်းတွေ ပါဝင်နေပါတယ်။ အမိုင်နိုအက်ဆစ်တွေလည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဦးနှောက်ကို ကျန်းမာစေသလို စိတ်ဓာတ်ကျတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။ omega-3 fatty acids ကြွယ်ဝတာကြောင့် စိတ်ခံစားမှု ကောင်းစေနိုင်ပါတယ်။

    L-lysine ပြည့်ဝမှုကလည်း ဒေါသဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

    အခွံမာသီးတွေ စားပါ

    အခွံမာသီးတွေ အထူးသဖြင့် ဘရာဇီး နက်စ်၊ အယ်လ်မွန်စေ့၊ သစ်ကြားသီးတွေမှာပါတဲ့ ပရိုတင်းနဲ့နဲ့ ဗီတာမင် D၊ ဗီတာမင် Eနဲ့ ဆီလီနီယမ် တို့ ပါဝင်နေတာကြောင့် စိတ်ခံစားမှုကို ကောင်းမွန်စေနိုင်တဲ့ ဟော်မုန်းတွေ ဖြစ်ကြတဲ့ serotonin နဲ့ dopamine ဟော်မုန်းတွေ ပါဝင်နေပါတယ်။ ဒါကြောင့် အခွံမာသီးတွေကို စားသုံးပေးတာက ဒေါသတွေကို ပြေလျော့စေပြီး စိတ်ခံစားမှုကို ကောင်းမွန်စေနိုင်ပါတယ်။

    ဒိန်ချဉ် စားပေးပါ

    ဒိန်ချဉ်က ကျန်းမာရေးအတွက် အကျိုးများတယ်ဆိုတာကို သိထားပြီးသားပါ။ ဒိန်ချဉ်က အစာခြေစနစ်ကို ကျန်းမာစေနိုင်သလို ဦးနှောက် ကျန်းမာရေးကိုလည်း ထောက်ကူပေးနိုင်ပါတယ်။

    စိတ်ခံစားမှုကိုလည်း ကောင်းမွန်စေပြီး ဒေါသ ဖြစ်တာကိုလည်း သက်သာစေနိုင်ပါတယ်။

    လက်ဖက်စိမ်း ရေနွေးကြမ်း

    လက်ဖက်စိမ်း ရေနွေးကြမ်းက စိတ်ကို တည်ငြိမ်စေပြီး စိတ်ခံစားမှု ကောင်းစေနိုင်ပါတယ်။ အိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်သလို စိတ်ဖိစီးမှုကိုလည်း ပြေလျော့စေနိုင်ပါတယ်။

    လက်ဖက်စိမ်းမှာ active polyphenol တစ်မျိုး ဖြစ်တဲ့ L-theanine ပါဝင်နေတာကြောင့် နှလုံးကျန်းမာစေနိုင်သလို အာရုံကြောတွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ အမိုင်နိုအက်ဆစ် ပါဝင်နေတာက ဒေါသ ပြေလျော့စေပြီး စိတ်ခံစားမှု ကောင်းစေဖို့ ထောက်ကူပါ။

    အနက်ရောင် ချောကလက် စားပါ

    အနက်ရောင် ချောကလက်စားတာက စိတ်ခံစားမှုကို ကောင်းစေနိုင်ပါတယ်။ အကြောင်းကတော့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေတာကြောင့်ပါ။  မဂ္ဂနီဆီယမ် ပါဝင်နေတာကြောင့်လည်း  စိတ်ဖိစီးမှုကို ပြေလျော့စေပြီး ဒေါသတွေကို ပြေလျော့စေနိုင်ပါတယ်။

    ဒေါသ ဖြစ်နေလား …… ဒေါသကြောင့် ထိခိုက်တာတွေကို သက်သာစေဖို့အတွက် ဒေါသကို ဖြေလျော့ဖို့ဆိုရင် အခုပြောတဲ့ အစားအစာလေးတွေကို စားပေးဖို့ လိုပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 11/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement