ဖန်ခါးသီးက နာမည်နဲ့လိုက်အောင် ဖန်ခါးပေမယ့် အတန်အသင့် စားရင် အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။ ဘယ်လို အကျိုးကျေးဇူးတွေလဲ ဆိုတာကိုတော့ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။
၂၀၁၀ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုတွေအရ ဖန်ခါးသီးက သွားနဲ့ ခံတွင်းကို ထိခိုက်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး သွားနဲ့ခံတွင်း ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။
ဒါကြောင့် သွားတွေ ခိုင်မာပြီး ခံတွင်းပြဿနာ ကင်းစေဖို့ ဖန်ခါးသီးကို စားပေးလို့ ရပါတယ်။
ဖန်ခါးသီး စားပေးတာက ခန္ဓာကိုယ်က နာကျင်မှုတွေကို သက်သာစေနိုင်ပါတယ်။ အရိုးအဆစ် နာကျင်တာ၊ ကြွက်သားနာကျင်တာနဲ့ အမျိုးမျိုးသော နာကျင်မှုတွေကို သက်သာစေဖို့ ဖန်ခါးသီးကို စားပေးလို့ ရသလို ဖန်ခါးသီး အဆီအနှစ်ကို အသုံးပြုပေးလို့လည်း ရပါတယ်။
၂၀၁၀ ခုနှစ်က လုပ်ခဲ့တဲ့ လေ့လာမှုတွေအရ ဖန်ခါးသီးက သွေးတွင်း ကိုလက်စထရောကို ထိန်းညှိပေးနိုင်တယ်လို့ သိရပါတယ်။ သွေးတွင်း ကိုလက်စထရော ထိန်းညှိပေးတာက နှလုံး ကျန်းမာစေဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။
ဖန်ခါးသီးမှာ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ဖြစ်ကြတဲ့
- Glutathione
- Superoxide dismutase
- ဗီတာမင် C
- ဗီတာမင် E တို့ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်က ဓာတ်တိုးပစ္စည်းတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။
ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကိုယ်ခံအား ကစလို့ နာတာရှည်ရောဂါတွေ မဖြစ်စေဖို့ အထိ အကောင်းဆုံး ကာကွယ်ထောက်ပံ့ပေးနိုင် ပါတယ်။
ဖန်ခါးသီးက သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ ဖန်ခါးသီးကို ဆီးချို ရှိသူတွေ စားပေးလို့ ရသလို ဆီးချို ကာကွယ်ဖို့အတွက်လည်း စားသုံးပေးလို့ ရပါတယ်။ တန်ဆေး လွန်ဘေး ဆိုတာကိုတော့ သတိပြုစေချင် ပါတယ်။
ဘယ်သူတွေ မစားသင့်ဘူးလဲ…..
ဖန်ခါးသီးက ဆေးဖက်ဝင်တယ် ဆိုပေမယ့်
ဖန်ခါးသီး ဆေးဖက်ဝင်ပါတယ်
ဖန်ခါးသီး စားပေးတာက
- ခံတွင်း ကျန်းမာစေတယ်
- နာကျင်မှုကို သက်သာစေတယ်
- သွေးတွင်း ကိုလက်စထရော ထိန်းညှိပေးတယ်
- ဓာတ်တိုး ပစ္စည်းတွေ ဖယ်ရှားပေးတယ်
- သွေးတွင်းသကြားဓာတ် ထိန်းညှိပေးတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။