ကလေးက ထွားလိုက်တာ၊ ဉာဏ်လည်းကောင်းတယ်နော်ဆိုတဲ့ စကားသံတွေက မေမေတိုင်းကြားချင်မယ့် စကားတွေပါ။ ကိုယ်ပြုစုစောင့်ရှောက်ထားတဲ့ သားသားမီးမီး အကောင်းဆုံး ကြီးပြင်းလာတာက မေမေတို့အတွက်တော့ ပင်ပန်းသမျှကို ပြေစေတဲ့အရာပေါ့။
ကလေးက ထွားလိုက်တာ၊ ဉာဏ်လည်းကောင်းတယ်နော်ဆိုတဲ့ စကားသံတွေက မေမေတိုင်းကြားချင်မယ့် စကားတွေပါ။ ကိုယ်ပြုစုစောင့်ရှောက်ထားတဲ့ သားသားမီးမီး အကောင်းဆုံး ကြီးပြင်းလာတာက မေမေတို့အတွက်တော့ ပင်ပန်းသမျှကို ပြေစေတဲ့အရာပေါ့။
အရင်တုန်းကတော့ ကလေးထွားအောင် ထမင်းများများကျွေးလေ။ ပဲတွေ၊ ငါးတွေ ကျွေးပေါ့ဆိုတာလောက်ပဲနော်။ ဒါ့အပြင် ပိုလာနိုင်တာက ကလေးကို နွားနို့တိုက်ပါဦးဆိုတာပေါ့။ ကလေး အရမ်းညှက်ရင် အားဆေးတိုက်လေဆိုတာမျိုးတွေပါ။
ဒီဘက်ခေတ်မှာတော့ ကလေးထွားဖို့ အားဆေးတိုက်တာ၊ ထမင်းကျွေးတာထက် ထိရောက်တဲ့ နည်းလမ်းတစ်ခု ရှိနေပါတယ်။ ဒါက ဘာပါလိမ့် သားသားမီးမီးကို ကျန်းမာဖွံ့ထွားစေမယ့် အရာလေးတစ်ခုပေါ့။ မေမေတို့ သိချင်နေပြီလား…။
သားသားမီးမီးတို့ကို ကျန်းမာဖွံ့ထွားစေဖို့ ထောက်ပံ့ပေးမယ့် တပ်မှူးလေးက prebiotics လို့ခေါ်တဲ့ အကျိုးပြု ဘက်တီးရီးယား အာဟာရပါ။ သားသားမီးမီးတို့ရဲ့ အစာခြေစနစ်ထဲမှာ အကျိုးပြု ဘက်တီးရီးယားတွေ များစွာ ရှိပါတယ်။ ဒီဘက်တီးရီးယားလေးတွေ ကျန်းမာမှ ကလေးက စားလိုက်သမျှ အားဖြစ်မယ်။ ဝမ်းလည်းမှန်မယ်။ အစာခြေပြဿနာလည်း ကင်းမယ်လေ။
ဒီဘက်တီးရီးယားလေးတွေ ကျန်းမာဖို့ မဖြစ်မနေ လိုအပ်တာကတော့ အပေါ်မှာပြောခဲ့တဲ့ prebiotics ဆိုတဲ့ အကျိုးပြု ဘက်တီးရီးယား အာဟာရပေါ့။ သားသားမီးမီးတို့နေ့စဉ် စားသုံးမှုမှာ အကျိုးပြုဘက်တီးရီးယားအာဟာရ ပါဝင်အောင် ပြင်ဆင်ပေးတာက ဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ကလေးကို အကောင်းဆုံး ဖွံ့ဖြိုးစေနိုင်မှာပါ။
အခုခေတ်မှာ သားသားမီးမီးတို့အတွက် အာဟာရတစ်ခုခု ဝယ်တော့မယ်ဆိုရင် ဗီတာမင်တွေ ပါရဲ့လား၊ သတ္တုဓာတ်တွေ စုံရဲ့လားဆိုတာအပြင် သေချာအောင် ထပ်ကြည့်မိတာက prebiotics လို့ခေါ်တဲ့ အကျိုးပြု ဘက်တီးရီးယား အာဟာရ ပါရဲ့လားပေါ့။ ဒါကလည်း မဖြစ်မနေကို ကြည့်ဖို့ လိုအပ်တာကိုး။
အကြောင်းကတော့ prebiotics လို့ခေါ်တဲ့ အကျိုးပြု ဘက်တီးရီးယား အာဟာရ က သားသားမီးမီးတို့ကို
ဒီတော့ Prebiotics က သားသားမီးမီးတို့ရဲ့ အာဟာရမှာ မဖြစ်မနေကို ထည့်သွင်းစဉ်းစားသင့်တဲ့အရာ ဖြစ်လာရတာပေါ့။
Prebiotics က အားဆေးတွေလို သီးသန့် ကျွေးပေးရမယ့် အရာမဟုတ်ပါဘူး။ နေ့စဉ် စားသုံးနေတဲ့ အစားအစာတွေထဲမှာကို ပါနေတာပါ။ ရွေးချယ်ကျွေးဖို့တော့ လိုတာပေါ့ မေမေရယ်။
သားသားမီးမီးကို အကျိုးပြုဘက်တီးရီးယားအာဟာရ ပြည့်ဝစေဖို့ဆိုရင်
ကျန်တဲ့ အစားအစာတွေက သားသားမီးမီးတို့ အကြိုက်မဖြစ်ဘူးဆိုရင် အာဟာရဖြည့်နို့လေးကတော့ အကြိုက်တွေ့မှာပါ။ အကျိုးပြုဘက်တီးရီးယား အာဟာရအနံ့အရသာရယ်လို့ သီးသန့်ဖြစ်မနေတဲ့ အရသာရှိရှိ သောက်လို့ရတဲ့ အာဟာရဖြည့်နို့လေး ပုံမှန်တိုက်ပြီး သတင်းကြီးနေတဲ့ prebiotics ကို သားသားမီးမီးတို့ရဲ့ နေ့စဉ်အစားအသောက်မှာ မပါမဖြစ်ပါအောင် ပြင်ဆင်ဖန်တီးပေးလိုက်ပါ မေမေ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။