backup og meta

သကြားသီးကြိုက်သူတွေအတွက် သတင်းကောင်း

သကြားသီးကြိုက်သူတွေအတွက် သတင်းကောင်း

လူတစ်ကိုယ် အကြိုက်တစ်မျိုးပါ။ ဒီထဲမှာမှ သင်ကသစ်သီးတွေကြိုက်တယ်ဆိုရင် ခန္ဓါကိုယ်အတွက်ကောင်းကျိုးရှိမှာအများကြီးပါ။ ဒီထဲမှာမှ သကြားသီးကြိုက်တတ်တယ်ဆိုရင်တော့ ဘယ်လိုအကျိုးကျေးဇူးလေးတွေ ရမလဲဆိုတာ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

သကြားသီးဆိုတာ

သကြားသီးက အပူပိုင်းအမြဲစိမ်းမျိုးရင်းဝင်အပင်ရဲ့ အသီးတစ်မျိုးပါ။ အရသာရှိပြီး သရက်သီး၊ ငှက်ပျောသီး၊ ပိန္နဲသီးတို့လိုပဲ ကယ်လ်လိုရီကြွယ်ဝစွာပါဝင်နေပါတယ်။ အမေရိကအလယ်ပိုင်း မိုးသစ်တောတွေက သကြားသီးပင်တွေရဲ့ မျိုးရင်းနေရာတွေပါ။ ဒါပေမယ့် အိန္ဒိယနိုင်ငံမှာလည်း သကြားသီးပင်တွေပေါက်ရောက်ကြပါတယ်။ သကြားသီးက ခပ်ဝိုင်းဝိုင်းပုံစံရှိသလို ဘဲဥပုံလေးလည်းဖြစ်နိုင်ပါတယ်။ လုံပတ်က ၁၀ စင်တီမီတာလောက်ရှိပြီး အသီးကတော့ အရမ်းမကြီးပါဘူး။ အသီအလယ်မှာ အမဲရောင် အစေ့တွေပါတတ်ပါတယ်။ သကြားသီးအမှည့်က အခွံအဝါရောင်ရင့်ရင့်လေးဖြစ်ပြီး အတွင်းသားလေးက ညိုတိုတိုလေးပါ။ စားရတာ မွတ်ပြီး ချိုပါတယ်။ သကြားတွေမှာပါသလို ဖရက်စ်တို့ နဲ့ ဆူးခရို့တို့ပါဝင်နေပါတယ်။

သကြားသီးကပေးစွမ်းတဲ့ ကျန်းမာရေးအာနိသင်

အရသာရှိတဲ့ သကြားသီးလေးကနေရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့

အသားအရေကျန်းမာစေနိုင်တယ်

သကြားသီးက အသားအရေကို Glowစေနိုင်ပါတယ်။ သကြားသီးမှာ ဗီတာမင် E ပါဝင်နေတာကြောင့် အသားအရေကို အစိုဓါတ်ထိန်းပေးပြီး ကျန်းမာချောမွေ့စေပါတယ်။ ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကြောင့် ခန္ဓါကိုယ်ကို free radicalတွေအန္တရာယ်ကနေ အထိရောက်ဆုံးကာကွယ်ပေးနိုင်ပြီး အရွယ်မတိုင်ခင်အိုမင်းရင့်ရော်မှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။

မျက်လုံးကျန်းမာစေနိုင်တယ်

ဗီတာမင် A ကြွယ်ဝစွာပါဝင်မှုက အမြင်အာရုံကို ကျန်းမာစေနိုင်ပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံပြဿနာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ခွန်အားပြည့်စေတယ်

သကြားဓါတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် ခန္ဓါကိုယ်ကို ခွန်အားပြည့်နေစေမှာပါ။

ရောင်ရမ်းမှုကို သက်သာစေနိုင်တယ်

သကြားသီးမှာtannins ပါဝင်နေတာကြောင့် နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ ကိုယ်တွင်းအင်္ဂါတွေရောင်ရမ်းမှုကို သိသိသာသာလျော့ကျစေနိုင်မှာပါ။ အစာရေမြိုကို ကျန်းမာစေနိုင်သလို ဝမ်းမှန်ေစေဖို့လည်း ကူညီပေးနိုင်ပါတယ်။

ကင်ဆာကာကွယ်ပေးနိုင်တယ်

ဗီတာမင် A နဲ့ ဗီတာမင် B တို့ကြွယ်ဝစွာပါဝင်နေတာကြောင့် ကိုယ်တွင်းက အမြှေးပါးတွေကို ကျန်းမာစေနိုင်သလို အသားအရေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ သကြားသီးမှာပါဝင်တဲ့ အမျှင်ဓါတ်နဲ့ ဓါတ်တိုးဆန့်ကျင်အာနိသင်တွေ၊ ပရိုတင်းနဲ့ အာဟာရဓါတ်တွေက ကင်ဆာကာကွယ်ပေးနိုင်ပြီး ကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားနိုင်ပါတယ်။ ဗီတာမင် A ပါဝင်နေမှုက အဆုတ်နဲ့ခံတွင်းကင်ဆာမဖြစ်အောင် ကာကွယ်ပေးပါတယ်။

အရိုးကျန်းမာစေနိုင်တယ်

သကြားသီးမှာ ကယ်လ်ဆီယမ်၊ဖော့စဖရိတ်စ် နဲ့ သံဓါတ်တို့ပါဝင်နေမှုကြောင့် အရိုးတွေကို လိုအပ်တဲ့ အာဟာရတွေဖြည့်ပေးနိုင်ပါတယ်။ သကြားသီးစားသုံးပေးမှုက အရိုးတွေ ကြံ့ခိုင်သန်စွမ်းစေဖို့ အကောင်းဆုံးအထောက်အပံ့ပေးနိုင်မှာပါ။

ဝမ်းချုပ်တာကိုသက်သာစေနိုင်တယ်

သကြားသီးက အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် ဝမ်းမှန်စေဖို့ အကောင်းဆုံးအထောက်အပံ့ပေးနိုင်ပါတယ်။ သဘာဝ ဝမ်းမှန်ဆေးတစ်ခုပေါ့။ အူမကြီးအမြှေးပါးတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ လှုံ့ဆော်ပေးပြီး ပိုးဝင်ကူးစက်မှုတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မေမေတွေနဲ့သင့်တော်တယ်

ကာဗိုဟိုက်ဒရိတ်နဲ့ ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေပြည့်ဝစွာပါဝင်နေတာကြောင့်မေမေရောဘေဘီလေးကိုပါကျန်းမာစေနိုင်ပါတယ်။ နို့တိုက်မိခင်တွေအနေနဲ့လည်း သကြားသီးစားပေးမယ်ဆိုရင် နို့ထွက်မများစေမှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရမယ့် မအီမသာဖြစ်တာ၊ မူးဝေအော့အန်တာ၊ အာနည်းတာမျိုးတွေမဖြစ်စေချင်ဘူးဆိုရင်တော့ သကြားသီးစားပေးတာက အသင့်တော်ဆုံးပါ။

စိတ်ကျန်းမာစေနိုင်တယ်

သကြားသီးက စိတ်ဖိစီးမှုကိုပြေလျော့စေပြီး အာရုံကြောတွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ အိပ်မပျော်တာ၊ စိတ်ဖိစီးတာနဲ့ စိုးရိမ်ပူပန်မှုများသူတွေအတွက် အထူးသင့်တော်ပါတယ်။

အအေးမိတာနဲ့ချောင်းဆိုးတာကို သက်သာစေနိုင်တယ်

သကြားသီးက နှာစေးနှာပိတ်တာကိုသက်သာစေနိုင်သလို အသက်ရှုလမ်းကြောင်းက ချွဲသလိပ်တွေဖယ်ရှားပေးပါတယ်။ချောင်းဆိုးတာကိုလည်း သက်သာစေနိုင်ပါတယ်။ အအေးမိတာကြောင့်ဖြစ်တဲ့ နှာစေးချောင်းဆိုးသက်သာချင်တယ်ဆိုရင်တော့ သကြားသီးစားပေးလို့ရပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

12/09/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဗောက်သီး ( Cape Gooseberry)

အရုပ်ဆိုးပေမယ့် ဆေးဖက်ဝင်တဲ့ ရှောက်ဘီလူး



Aye Thi Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement