သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

မက်မွန်သီးလေးစားရင်း ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူး

    မက်မွန်သီးလေးစားရင်း ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူး

    အနံ့လေးမွှေးပြီး အရောင်အသွေးက ပြောစရာမရှိအောင် ချစ်ဖို့ကောင်းတဲ့ မက်မွန်သီးလေးက အဆင်းလှရုံတင်မဟုတ်ဘဲ အချင်းနဲ့ပါပြည့်စုံတာပါ။ သဘာဝတရားကပေးစွမ်းတဲ့အရာတွေတိုင်းက လူတွေကို တစ်ဖက်တစ်လမ်းကတော့ အကျိုးပြု စမြဲပါ။ ဒီတစ်ခေါက်တော့ ငယ်ငယ်က ဝူခုန်းကားထဲကနေတဆင့် ရင်းနှီးခဲ့တဲ့ မက်မွန်သီးလေးက ဘယ်လိုအကျိုးကျေးဇူးတွေ ပေးလဲဆိုတာ ကြည့်လိုက်ရအောင်လား။

    မက်မွန်သီး ဆိုတာ

    မက်မွန်သီးဆိုတာက အပေါ်ခွံမှာ အမွှေးပွပွလေးတွေပါတဲ့ ပန်းရောင်၊အနီရောင်နဲ့ အဝါရောင်ရောစပ်ထားတဲ့ အခွံရှိတဲ့အသီးပါ။ အသားက အဝါရောင်ရှိပြီး အသီးရဲ့ အလယ်မှာ အစေ့ခပ်ရွယ်ရွယ်တစ်စေ့ပဲပါတတ်ပါတယ်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ပေါက်ရောက်တဲ့ အပင်တစ်မျိုးပါ။ အနံ့မွှေးပြီး စားရတဲ့ အရသာကလည်း ချိုပါတယ်။ အဖန်အရသာအနည်းငယ်ပါတာမျိုးလည်းရှိပါတယ်။

    ဓါတ်တိုးဆန့်ကျင်အာနိသင်နဲ့အာဟာရကြွယ်ဝတဲ့ မက်မွန်သီး

    မက်မွန်သီးမှာ ခန္ဓါကိုယ်အတွက် အကျိုးပြုတဲ့ ဗီတာမင်၊ သတ္တုဓါတ်နဲ့ အခြားအကျိုးပြု ဒြပ်ပေါင်းတွေပါဝင်နေပါတယ်။ မက်မွန်သီး စားသုံးပေးမယ်ဆိုရင် ခန္ဓါကိုယ်အတွက်

    မက်မွန်သီးက ခန္ဓါကိုယ်အတွက် ဘယ်လိုအကျိုးပြုသလဲ…….

    မက်မွန်သီးက ခန္ဓါကိုယ်အတွက် ဒီလိုအကျိုးပြုပါတယ်။

    အစာခြေစနစ်ကျန်းမာစေနိုင်တယ်

    မက်မွန်သီးမှာ အမျှင်ဓါတ်ပါဝင်နေတာကြောင့် အစာခြေစနစ်ကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ပြီး အစာတွေကို ကြေညက်စေနိုင်သလို အူနံရံကို အာဟာရဓါတ်တွေ စုပ်ယူနိုင်အောင်လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ဝမ်းမမှန်တာနဲ့ အစာခြေစနစ် ပြဿနာတွေ မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ အူမကြီးကို ကျန်းမာစေနိုင်တဲ့ သစ်သီးလေးတစ်မျိုးပေါ့။

    နှလုံးကျန်းမာစေနိုင်တယ်

    တစ်နေ့ကို မက်မွန်သီးတစ်လုံးစားပေးတာက နှလုံးကျန်းမာရေးကို စောင့်ရှောက်နေတာပါပဲ။ မက်မွန်သီးမှာ နှလုံးကျန်းမာစေတဲ့ ဓါတ်တွေများစွာပါဝင်နေပါတယ်။

    မက်မွန်သီးက နှလုံးရောဂါခံစားရနိုင်ခြေကိုတင်နည်းစေတာမဟုတ်ပါဘူး။ သွေးတိုးနဲ့ သွေးတွင်းကိုလက်စထရေြာမင့်တက်မှု မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ သွေးတိုးနဲ့ သွေးတွင်းကိုလက်စထရောကျပြီး နှလုံးကျန်းမာချင်တယ်ဆိုရင်တော့ မက်မွန်သီးလေးက အဆင်ပြေစေမှာပါ။

    အသားအရေကို ကျန်းမာစေနိုင်တယ်

    မက်မွန်သီးက အရေပြားကို ကျန်းမာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ မက်မွန်သီးမှာပါတဲ့ ဒြပ်ပေါင်းက အရေပြားကို အစိုဓါတ်ထိန်းပေးပြိး အသားအရေကို တင်းရင်းစေနိုင်သလို အရေပြားပြဿနာကင်းပြီး ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေပါတယ်။ အသားအရေကို ခရမ်းလွန်ရောင်ခြည် ကြောင့် ပျက်စီးမှုကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။

    ကင်ဆာကာကွယ်ပေးတယ်

    မက်မွန်သီးကလည်း အခြားအသီးတွေလိုပဲ ခန္ဓါကိုယ်ကို အကျိုးပြုတဲ့ ဒြပ်ပေါင်းများစွာပါဝင်နေသလို ကင်ဆာတိုက်ဖျက်နိုင် တဲ့ ပရိုတင်းလည်း ပါဝင်နေပါတယ်။

    မက်မွန်သီးရဲ့ အသားလွှာမှာ ကင်ဆာတိုက်ဖျက်ပေးနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်ကြတဲ့ ကာရိုတီးနွိုက် နဲ့ caffeic အက်ဆစ်တို့ပါဝင်နေပါတယ်။ လေ့လာမှုတစ်ရပ်အရ လေဒီလေးတွေအနေနဲ့ တစ်နေ့ကို မက်မွန်သီး ၂ လုံးပုံမှန်စားပေးတာက ရင်သားကင်ဆြာဖစ်နိုင်ခြေကို ၄၁ ရာခိုင်နှုန်းအထိလျော့ကျစေနိုင်ပါတယ်။

    ဓါတ်မတည့်မှုကို သက်သာလျော့ပါးစေနိုင်တယ်

    ခန္ဓါကိုယ်က ဓါတ်မတည့်တဲ့အရာတစ်ခုခုနဲ့ ထိတွေ့တဲ့အခါ ဓါတ်မတည့်မှုကို တုံ့ပြန်ဖို့ ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားစနစ်က histamines လို့ခေါ်တဲ့ ဓါတုပစ္စည်းကို ထုတ်လွှတ်ပါတယ်။ ဒီလိုထုတ်လွှတ်ခုခံတဲ့အခါ ခန္ဓါကိုယ်က နှာချေတာ၊ ယားယံတာနဲ့ ချောင်းဆိုးတာလိုမျိုး ဓါတ်မတည့်မှုလက္ခဏာတွေဖြစ်ပေါ်လာပါတယ်။

    လေ့လာမှုတွေအရကတော့ မက်မွန်သီးက ဓါတ်မတည့်မှုကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုတွေကို လျော့ပါးသက်သာစေနိုင်ပါ တယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ဓါတ်မတည့်ဖြစ်တတ်သူလေးတွေအနေနဲ့ မက်မွန်သီးက စားပေးသင့်တဲ့ အသီးတစ်မျိုးပေါ့။

    အနာကျက်စေနိုင်တယ်

    နူးညံ့ပြီး စားကောင်းတဲ့ မက်မွန်သီးမှာ ဗီတာမင် C က ၁၅ ရာခိုင်နှုန်းပါဝင်နေတာကြောင့် ကိုယ်ခံအားကို ကောင်းမွန်စေနိုင်သလို အနာတွေကိုလည်း မြန်မြန်ကျက်စေနိုင်ပါတယ်။ ဆဲလ်တွေထိခိုက် ပျက်စီးမှုမရှိအောင် ကာကွယ်ပေး ပါတယ်။

    အမြင်အာရုံ ကောင်းစေနိုင်တယ်

    မက်မွန်သီးမှာ ဘီတာကယ်ရိုတင်းလို့ခေါ်တဲ့ ဓါတ်တိုးဆန့်ကျင် ပစ္စည်းတစ်မျိုးပါဝင်နေပါတယ်။ မက်မွန်သီးကို စားလိုက်တဲ့အခါ ဒီဓါတ်က ခန္ဓါကိုယ်အတွင်းမှာ ဗီတာမင် A အဖြစ်ပြောင်းလဲပြီး အမြင်အာရုံကျန်းမာစေဖိုပ အထောက်အပံ့ပေးပါတယ်။ မက်မွန်သီးက အမြင်အာရုံတင်မဟုတ်ဘဲ ကိုယ်ခံအားစနစ်အပါအဝင် ခန္ဓါကိုယ်ကို အများကြီး အထောက်အပံ့ပေးပါတယ်။

    ဆီးချိုသမားတွေနဲ့ သင့်တော်တယ်

    လေ့လာမှုတွေအရ အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာတွေက သွေးတွင်းသကြားဓါတ်ကို ကျဆင်းစေနိုင်တယ်လို့တွေ့ရှိခဲ့ရ ပါတယ်။ ပြောချင်တာကတော့ မက်မွန်သီးစားတာက အမျိုးအစား ၁ ဆီးချိုသမားတွေမှာရော အမျိုးအစား ၂ ဆီးချိုသမာတွေမှာပါ သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးနိုင်ပြီး အင်ဆူလင်ပမာဏကို တိုးစေနိုင်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    health-tool-icon

    အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)

    အရပ််၊ အသက်၊ ကိုယ်အလေးချိန်၊ တစ်နေ့တာ လှုပ်ရှားမှုတွေအပေါ်မူတည်ပြီး တစ်နေ့တာ လိုအပ်မယ့် ကယ်လ်လိုရီ ပမာဏကို သိရှိနိုင်ဖို့ အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)ကို အသုံးပြုပြီး တွက်ချက်နိုင်ပါတယ်

    အမျိုးသား

    အမျိုးသမီး

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Aye Thi Mon မှ ရေးသားသည်။ တစ်ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: