နှလုံးကျန်းမာစေနိုင်တယ်
စပျစ်သီးက သွေးတွင်းကိုလက်စထရောကို ကျစေနိုင်ပြီး ပိုတက်ဆီယမ် ပါဝင်မှုကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။သွေးတိုးကြောင့် နှလုံးထိခိုက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးပြီး နှလုံးခုန်နှုန်းကိုလည်း မှန်စေနိုင်ပါတယ်။ ပိုတက်ဆီယမ် ကြွယ်ဝစွာ ပါဝင်တဲ့ စပျစ်သီးကို စားသုံးပေးမှုကလေဖြတ်နိုင်ခြေကိုလည်းလျှော့ချပေးနိုင်ပါတယ်။ အရိုးပါးတာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
ပိုတက်ဆီယမ် ကြွယ်ဝတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးမယ်ဆိုတာ ထွေထွေထူးထူး ပြောနေစရာမလိုအောင်ပါ။ နှလုံးသွေးကြောစနစ်ကို ကျန်းမာစေနိုင်ပြီး နှလုံးကျန်းမာအောင်ထောက်ကူပေးပါတယ်။ စပျစ်သီးရဲ့ အမျှင်ဓာတ် ကြွယ်ဝမှုကလည်း ကျန်းမာရေးကို တော်တော်လေး အထောက်အပံ့ဖြစ်စေတာပါ။
ရေဓာတ် နဲ့ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် ဝမ်းမှန်စေပြီး အစာခြေစနစ်ကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။ ဝမ်းချုပ်တတ်သူတွေအတွက် သင့်တော်တဲ့ စားပေးသင့်တဲ့ အသီး တစ်မျိုးပါ။
ရောင်ရမ်းမှုကိုလျော့ပါးစေနိုင်တဲ့ အာနိသင် ရှိတာကြောင့် အရေပြားမှာဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို သက်သာစေနိုင်သလို ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ နှာစေးတာ၊ မျက်ရည်ကျတာတွေကိုပါ သက်သာစေနိုင်ပါတယ်။
ဆီးချိုသမားတွေနဲ့ သင့်တော်တယ်
၂၀၁၃ ခုနှစ်က လေ့လာမှုအရ စပျစ်သီး စားသုံးပေးတာက အမျိုးအစား- ၂ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုကာကွယ်ဖို့ပဲဖြစ်ဖြစ် ဆီးချိုသက်သာစေဖို့ပဲဖြစ်ဖြစ် စပျစ်သီးတွေကို စားပေးလို့ရပါတယ်။
မျက်လုံးကျန်းမာစေနိုင်တယ်
ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတာကြောင့် မျက်လုံးကို ကျန်းမာစေနိုင်ပါတယ်။ အမြင်လွှာနဲ့ မျက်ကြည်လွှာတွေကိုပါ ကျန်းမာစေနိုင်တာပါ။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံပြဿနာတွေကိုလည်း ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။
ဝက်ခြံသက်သာစေနိုင်တယ်
စပျစ်သီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်က ဝက်ခြံတွေကို ကုသပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် ဝက်ခြံရှိသူတွေအနေနဲ့ ဝက်ခြံ သက်သာချင်တယ်ဆိုရင် စပျစ်သီးစားပေးလို့ရပါတယ်။
ဘယ်သူတွေ မစားသင့်ဘူးလဲ
စပျစ်သီးက လူတိုင်းနဲ့ တည့်ပါတယ်။ အလွန်အကျွံ မစားမိဖို့တော့ လိုပါမယ်။
စပျစ်သီး ကျန်းမာစေတယ်
အရသာရော အရောင်အသွေးပါ ပြည့်စုံတဲ့ စပျစ်သီးလေး စားပေးရင်း အခုလို ကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။
- ကင်ဆာကာကွယ်ပေးတယ်
- နှလုံးကျန်းမာစေနိုင်တယ်
- သွေးပေါင်ကျ စေနိုင်တယ်
- ဝမ်းချုပ်တာကို သက်သာစေနိုင်တယ်
- ဓာတ်မတည့်မှုကို သက်သာစေနိုင်တယ်
- ဆီးချိုသမားတွေနဲ့ သင့်တော်တယ်
- မျက်လုံးကျန်းမာစေနိုင်တယ်
- ဝက်ခြံသက်သာစေနိုင်တယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။