backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Diverticular Disease Surgery (အူနံရံအိတ်တည် ရောဂါခွဲစိတ်ခြင်း)


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 26/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Diverticluar ရောဂါ ခွဲစိတ်ခြင်းဆိုတာ ဘာလဲ။

Diverticular ရောဂါခွဲစိတ်ခြင်းသည် Diverticular ရောဂါကြောင့် ထိခိုက်နေသော အူအစိတ်အပိုင်းအား ဖယ်ရှားခြင်းဖြစ်သည်။

Diverticulosis ရောဂါဆိုသည်မှာ အူနံရံများတွင် အိတ်အငယ်များဖြစ်သော အခြေအနေဖြစ်သည်။ လူကြီးများတွင် အဖြစ်များ၏။ အသက်လေးအထက် ၁၀၀ လျှင် ၅ ယောက်၊ အသက် ၈၀ အထက် ၁၀၀ လျှင် ၆၀ လောက် ဖြစ်ပွားနေပါသည်။

Diverticula ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ နှစ်များစွာကြာအောင် အမျှင်ဓါတ်ချို့တဲ့ခြင်းကြောင့် ဖြစ်ပြီး အူနံရံများကို အားပျော့သွားစေပါသည်။ အူနံရံသို့ ဖိအားများလာသည့်အခါ ဖောင်းကြွလာပြီး အိတ်များဖြစ်ကျန်နေခဲ့ပါသည်။

ရောဂါသည် များသောအားဖြင့် ဗိုက်ဘယ်ဖက်ပိုင်းကို နာစေတတ်သည်။ ရောင်ရမ်းမှုကို ဖြစ်စေနိုင်သည်။ အူများကိုကျဉ်းစေခြင်း၊ ပြည်တည်ခြင်းနှင့် ဗိုက်နှင့် တခြားအင်္ဂါများကို ဆက်သော ဖစ်စတူလာပြွန်များ ဖြစ်လာခြင်း၊ သွေးထွက်လွန်ခြင်းတို့ ဖြစ်လာနိုင်ပါသည်။

အခြေခံအကြောင်းရင်းကို သိရှိခြင်း

Diverticluar ရောဂါ ခွဲစိတ်ခြင်းကို ဘာကြောင့်လုပ်ရသလဲ။

သင့်၌ Diverticulosis ဖြစ်လာလျှင် များသောအားဖြင့် ခွဲစိတ်ရန်မလိုတတ်ပါ။ လက္ခဏာများ သက်သာစေရန် အိမ်၌ သင့်ကိုယ်သင် ကုသပေးနိုင်ပါသည်။

သင့်၌ Diverticulitis ဖြစ်လာလျှာင်တော့ အထွေထွေကု ဆရာဝန်မှ အူမကြီးနှင့်အစာဟောင်းအိမ်ခွဲစိတ်ဆရာဝန်ဆီ လွှဲပေးပါလိမ့်မည်။ သူကနေမှ ခွဲစိတ်သင့်မသင့် အကြံပေးမည်ဖြစ်သည်။ Diverticulitis လက္ခဏာများ တစ်ခါထက်မက ဖြစ်လာပါမှ ခွဲစိတ်ရန်လိုပါမည်။

နောက်ဆက်တွဲပြဿနာများဖြစ်သော ဝမ်းခေါင်းအကာရောင်ခြင်း၊ ပြည်တည်ခြင်း၊ ဖစ်စတူလာပြွန်ဖြစ်ခြင်း သို့မဟုတ် အူပိတ်ခြင်းများ ဖြစ်လာပါက ခွဲစိတ်ဖို့လိုပါလိမ့်မည်။

Crohn’s disease ခွဲစိတ်ခြင်းရဲ့ အန္တရာယ်တွေက ဘာတွေလဲ။

တခြားခွဲစိတ်မှုများကဲ့သို့ပင် Diverticular ရောဂါ ခွဲစိတ်ခြင်းသည်လည်း တူညီသော အန္တရာယ်များ ရှိပါသည်။ သင့်ကျန်းမာရေးအား ထိုအန္တရာယ်များမှ သက်ရောက်နိုင်ပုံကို ဆရာဝန်နှင့် ဆွေးနွေးရန် လိုပါသည်။ ခွဲစိတ်မှုအားလုံး၏ နောက်ဆက်တွဲများမှာ မေ့ဆေးထုံးဆေးနှင့် မမျှော်လင့်ပဲ ဓါတ်မတည့်မှုဖြစ်ခြင်း၊ သွေးထွက်လွန်ခြင်း သို့မဟုတ် သွေးခဲခြင်းများ ဖြစ်နိုင်၏။

အဖြစ်များသော နောက်ဆက်တွဲပြဿနာများမှာ –

  • နာခြင်း
  • သွေးထွက်ခြင်း
  • အမာရွတ်ရခြင်း
  • ခွဲစိတ်ဒဏ်ရာ ပိုးဝင်ခြင်း
  • အူကျွံခြင်း
  • သွေးခဲခြင်း
  • ရင်ဘတ်ပိုးဝင်ခြင်း
  • ဆီးသွားရခက်ခြင်း

ဤခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်သည်များမှာ –

  • အူတွဲဆက်သည့်နေရာမှ ယိုခြင်း
  • အချိန်ကြာသည်အထိ အူအလုပ်မလုပ်ခြင်း
  • ဝမ်းဗိုက်အတွင်းရှိ တခြားအင်္ဂါများ ထိခိုက်မိခြင်း

Diverticulitis ရှိသောလူနာအများစုသည် အိမ်မှာပင်ကုသနိုင်ပြီ ခွဲစိတ်ရန် မလိုတတ်ပါ။ အခြေအနေပိုဆိုးလာပါက အောက်ပါတို့တွင် ဆေးရုံတင်ရမည်ဖြစ်သည်။

  • အိမ်၌ကုသရာတွင် ၄၈ နာရီကြာသည်အထိ မသက်သာလာလျှင်
  • ကိုယ်ခံအားနည်းနေလျှင်
  • ပါရာစီတမော သောက်ပြီးနောက် နာကျင်မှုမသက်သာခြင်း
  • ပဋိဇီဝဆေးများကို မသောက်ရပါ
  • ဝမ်းခေါင်းအကာရောင်ခြင်းလို နောက်ဆက်တွဲပြဿနများ ဖြစ်လာလျှင်

ခွဲစိတ်မှုကိုမလုပ်ခင် အန္တရာယ်နှင့် နောက်ဆက်တွဲ ပြဿနာများကို သိထားရန် အရေးကြီး၏။ မေးချင်သည်များရှိပါက ဆရာဝန် သို့မဟုတ် ခွဲစိတ်ဆရာဝန်နှင့် ဆွေးနွေးနိုင်ပါသည်။

ကြိုတင်ပြင်ဆင်ခြင်း

Diverticluar ရောဂါ ခွဲစိတ်ခြင်းအတွက် ဘာတွေပြင်ထားရမလဲ။

ခွဲစိတ်မှုကို မေ့ဆေးသုံးပြီး ပြုလုပ်ပါမည်။ သင်လက်ရှိသုံးနေသည့်ဆေး၊ ဓါတ်မတည့်သည်များ သို့မဟုတ် ကျန်းမာရေးအခြေအနေများကို ဆရာဝန်နှင့် ဆွေးနွေးတိုင်ပါ။ ခွဲစိတ်မှုမလုပ်ခင် မေ့ဆေးဆရာဝန်နှင့် မေ့ဆေးအတွက် အတူပြင်ဆင်ရပါမည်။ မခွဲစိတ်ခင် အစားအသောက်ရပ်ရန် ညွှန်းကြားသည့်အချိန်ကို အတိအကျလိုက်နာရန် အရေးကြီးပါသည်။

စီစဉ်ထားရန်အတွက် တိတိကျကျ ညွှန်ပါလိမ့်မည်။ မခွဲစိတ်ခင် ဘယ်နှနာရီအထိသာ စားနိုင်မည်ကို ညွှန်ပါမည်။ ဖြစ်ရပ်အများစုတွင် ခွဲစိတ်မှုမလုပ်ခင် ၆ နာရီစောပြီး အစာရပ်ထားရမည်ဖြစ်သည်။ မခွဲစိတ်ခင် နာရီအနည်းငယ်အလိုတွင်တော့ ကော်ဖီဘာညာသောက်နိုင်ပါသည်။

ခွဲစိတ်ကုသခြင်း

Diverticluar ရောဂါ ခွဲစိတ်နေစဉ် ဘာဖြစ်နိုင်မလဲ။

မေ့ဆေးပေးပြီး ခွဲစိတ်မည်ဖြစ်သည်။ ၂ နာရီလောက်အထိ ကြာနိုင်ပါသည်။

ဆရာဝန်သည် အူမကြီး နည်းနှစ်မျိုးဖြင့် ဖွင့်နိုင်ပါသည်။ ဗိုက်ဖွင့်ခြင်း သို့မဟုတ် ဝမ်းတွင်းမှန်ပြောင်းဖြင့် ခွဲစိတ်ခြင်း။ များသောအားဖြင့် ထိုနှစ်မျိုးလုံးသည် အကျိုးရှိမှု၊ နောက်ဆက်တွဲပြဿနာ အတူတူပင်ဖြစ်သည်။ သို့သော် ဝမ်းတွင်းမှန်ပြောင်းဖြင့် ခွဲစိတ်ထားသူများကတော့ ခွဲစိတ်နေစဉ် နာကျက်မှု နည်းပါးပြီး နာလန်ထလဲ ပိုမြန်ပါသည်။

တစ်ချို့ဖြစ်ရပ်များတွင် ခွဲစိတ်ပြီးနောက် ပြန်ကောင်းစေရန် အူအစိတ်အပိုင်းများကို နားချိန်းပေးရပါသည်။ ဆရာဝန်မှ လူလုပ်စအိုတစ်ခုကို ဖန်တီးပေးပြီး ထိုစအိုပေါက်မှ အချိန်အနည်းငယ်တစ်ခုအထိ စွန့်ရမည်ဖြစ်သည်။

ထိုစအိုကိုပြန်ချုပ်ပြီးနောက်တွင် ပုံမှအူလှုပ်ရှားမှုကို ပြန်ရရှိမည်ဖြစ်သည်။ တစ်ချို့တွင်တော့ ထိုစအိုပေါက်ကို တစ်သက်လုံးထားရန် လိုကောင်းလိုနိုင်ပါသည်။

စိတ်ပူသည်များ မေးချင်သည်များရှိပါက သင်၏ဆရာဝန် သို့မဟုတ် ခွဲစိတ်ဆရာဝန်နှင့် ဆွေးနွေးနိုင်ပါသည်။

ခွဲစိတ်ပြီးနောက် အခြေအနေ

Diverticluar ရောဂါ ခွဲစိတ်ပြီးနောက် ဘာဖြစ်နိုင်မလဲ။

ခွဲစိတ်ပြီး ရက်အနည်းငယ်အထိ အူမျာအလုပ်လုပ်မည် မဟုတ်ပါ။ ဖြစ်နေကျပင်ဖြစ်သည်။

သင့်၌ အမြဲတမ်းထားရမည့် သို့မဟုတ် ခဏတာထားရမည့် ဖန်တီးယူထားသော စအိုပေါက်ရှိပါက အညစ်အကြေးအိတ်ပြောင်းပုံ စအိုအားဂရုစိုက်ပုံတို့ကို သင်ယူထားရပါမည်။ ထို့အတူ ကျင့်သားရအောင်ပါ လုပ်ယူရပါမည်။

၅-၁၀ ရက်အတွင်း အိမ်ပြန်ရနိုင်ပါသည်။ သို့သော် အူများအပြည့်အဝပြန်ကောင်းဖို့ကတော့ ၃ လလောက် ကြာတတ်၏။ လူနာအများစုမှာ ခွဲစိတ်ပြီးနောက် ကောင်းသွားကြပါသည်။

သင့်စွန့်ထုတ်သည်များက မခွဲစိတ်ခင်ကထက် အရည်များဖြစ်လာပါက အူလှုပ်ရှားမှုပိုများနေခြင်းကြောင့် ဖြစ်နိုင်ပါသည်။ ၎င်းသည် ဖြစ်နေကျအခြေအနေတစ်ခုဖြစ်သည်။ တဖြည်းဖြည်းသက်သာလာမည်ဖြစ်သောကြောင့် စိတ်ပူရန်မလိုပါ။

ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းက သင့်နေ့စဉ်လုပ်ငန်းများကို မြန်မြန်လုပ်လာနိုင်ရန် အထောက်အကူပြုပါသည်။ လေ့ကျင့်ခန်းမလုပ်ခင် ကျန်းမာရေးအဖွဲ့၊ ဆေးခန်းများတွင် မေးမြန်းပါ။

အသေးစိတ်အချက်အလက်များ ညွှန်ကြားချက်များကို သိရှိလိုပါက သင်၏ခွဲစိတ်ဆရာဝန်နှင့် ဆက်သွယ်ပါ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 26/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement