ဒံပေါက်ဆိုတဲ့ အသံကြားတာနဲ့ လူတော်တော်များများ ပါးစပ်ကနေ သွားရည်တွေ ကျလာတာ တွေ့ဖူးကြမှာပါ။ အိန္ဒိယ ရိုးရာ အစားအစာတစ်မျိုးဖြစ်ပြီး အနံ့ရော၊ အရသာနဲ့ အရောင်အဆင်းအနေနဲ့ပါ လူတိုင်းကို စားချင်လာအောင် ဆွဲဆောင်နိုင်တယ်။ ဒံပေါက်ကို အိန္ဒိယလူမျိုးတွေအပြင် ကျွန်တော်တို့ မြန်မာလူမျိုးတွေရော တစ်ကမ္ဘာလုံးက လူတွေကပါ ကြိုက်နှစ်သက်ကြပါတယ်။