သွေးနီဥဆဲလ်တွေဖြစ်စေဖို့ လိုအပ်တဲ့ ဓာတ်တစ်ခုပါ။ သံဓာတ်နည်းတဲ့အခါ သွေးအားနည်းရောဂါဖြစ်နိုင်ပါတယ်။
ဖလေဗာနွိုက် ပါဝင်နေသလို ငချိတ်ဆန်မှာ ဆီးချိုရောဂါ၊ အဝလွန်တာ၊ နှလုံးရောဂါတွေ ဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတစ်မျိုးဖြစ်တဲ့ anthocyanin လည်းပါဝင်ပါတယ်။ ကင်ဆာကာကွယ်ပေးနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။
ငချိတ်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေက
စားလို့ကောင်းတဲ့ ငချိတ် ပေါင်းလေးစားရင်း ရရှိမယ့်ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့
- သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပါတယ်။
- အကျိုးပြု ကိုလက်စထရောပမာဏကို တိုးစေနိုင်တယ်။
- နှလုံးကျန်းမာစေတယ်။
- free radicalsတွေကို တိုက်ထုတ်နိုင်တာကြောင့် ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်။
- အမျှင်ဓာတ်ပါဝင်တာကြောင့် အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။
- ဝမ်းမှန်စေနိုင်ပါတယ်။
- အူမကြီးကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
- ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်တာကြောင့် အသည်းကျန်းမာစေနိုင်ပါတယ်။
- အရက်ကြောင့် အသည်းပျက်စီးမှုကို ကာကွယ်ပေးပါတယ်။

စားလို့လည်းကောင်း အာဟာရဓာတ်တွေလည်းပြည့်ဝစွာပါဝင်နေပြီး ကျန်းမာရေးအတွက်လည်း အကျိုးပြုတယ်ဆိုမှာတော့ င….. ငချိတ်ပေါင်းစားလို့ကောင်းဆိုတာ တကယ်ပဲ မှန်တာပေါ့နော်။ Hello ဆရာဝန်ရဲ့ ပရိသတ်ကြီးထဲက ငချိတ်ပေါင်းကြိုက်သူတွေအနေနဲ့လည်း မနက်စာကို ငချိတ်ပေါင်းလေးစားလို့ အပေါ်မှာပြောခဲ့တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရယူလိုက်ပါနော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။