သွေးတွေ လည်ပတ်စီးဆင်းနေဖို့က ခန္ဓာကိုယ်အတွက် အရေးပါတဲ့ လုပ်ဆောင်မှုတွေထဲက တစ်ခုပါ။ သွေးက ပုံမှန်အတိုင်း လည်ပတ်စီးဆင်းတာမျိုး မရှိဘဲ သွေးပျစ်မယ် ဆိုရင် လေဖြန်းတာ၊ လေဖြတ်တာနဲ့ ရုတ်တရက် နှလုံးရပ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် သွေးမပျစ်စေဖို့ အတွက် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။
သွေးလည်ပတ်မှု ကောင်းတာက နှလုံး ကျန်းမာစေဖို့ ကာကွယ်ရာ ရောက်ပါတယ်။ သွေးက တအားကျဲနေရင်လည်း သွေးမတိတ်တာ သွေးထွက်လွန်တာမျိုး ဖြစ်နိုင်ပေမယ့် သွေးခဲသွေးပျစ်တာကလည်း ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒီတော့ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့အတွက် သွေးမပျစ်အောင် ဘယ်လို စားသုံးရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။
သွေးမပျစ်စေဖို့ ဘာတွေ စားရမလဲ………
သွေးပျစ်တာကြောင့် ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့ဆိုရင် ဒါလေးတွေ စားသုံးပေးဖို့ လိုပါမယ်။
ချင်း (ဂျင်း)
ချင်း(ဂျင်း) ရေနွေးကြမ်းကို မနက်ခင်းမှာ သောက်သုံးပေးတာက ကျန်းမာရေး ကောင်းစေဖို့ ထောက်ကူပေးသလို သွေးမပျစ်စေဖို့လည်း ထောက်ကူပေးပါတယ်။ အရောင်ကျစေပြီး ကြွက်သားတွေကို ပြေလျော့စေပါတယ်။ ဒါကြောင့် သွေးခဲမှုကင်းစေဖို့နဲ့ သွေးမပျစ်စေဖို့ဆိုရင်တော့ တစ်နေ့ကို ချင်းလက်ဖက်ရည် တစ်ခွက် သောက်ပေးပါ။
ငရုတ်သီး အနီတောင့်
ဆယ်လ်မွန်ငါး
ဆယ်လ်မွန်ငါးမှာ omega-3 fatty acids ပါဝင်နေတာကြောင့် သွေးမပျစ်စေဖို့ အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ သွေးတွင်းကိုလက်စထရောပမာဏကိုလည်း ကျဆင်းစေနိုင်ပါတယ်။ သွေးမပျစ်စေဖို့ ထောက်ကူပေးနိုင်မှာပါ။
ဝိုင်နီ
ဝိုင်နီ တစ်နေ့တစ်ခွက် သောက်တာက နှလုံးရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးသလို သွေးမပျစ်စေဖို့လည်း ထောက်ကူပေးပါတယ်။ သွေးကြောတွေထဲမှာ သွေးခဲတာမျိုး မဖြစ်စေဖို့လည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။
သစ်ကြံပိုးခေါက်
ဟင်းတွေကို အရသာတိုးအောင် ထည့်ပေးတဲ့ သစ်ကြံပိုးခေါက်က ခါးသက်သက် အရသာရှိပြီး ကျန်းမာရေးကို အထောက်အကူ ပြုပေးနိုင်ပါတယ်။ ရေနွေးကြမ်းထဲ ထည့်သောက်ပေးတာက သွေးပေါင်ကို ကျစေပြီး အရောင်ကျစေနိုင်သလို လေဖြတ်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။ သွေးပျစ်တာမျိုး မဖြစ်စေဖို့လည်း ထောက်ကူပေးပါတယ်။
ဒါတွေအပြင် ကြက်သွန်ဖြူ၊ ဂျင်ဆင်း၊ နာနတ်သီး၊ ရေညှိညို၊ သံလွင်ဆီစတာတွေကလည်း သွေးမပျစ်အောင် ကာကွယ်ပေးပါတယ်။ ဒါပေမယ့် တန်ဆေး လွန်ဘေး ဆိုတဲ့အတိုင်း အလွန်အကျွံ မစားမိဖို့တော့ လိုပါမယ်။
သွေးပျစ်တာကြောင့် ထိခိုက်မှုတွေ မဖြစ်စေဖို့ဆိုရင် အခုပြောခဲ့တာတွေထဲက တစ်မျိုး ဒါမှမဟုတ် ၂ မျိုးလောက်ကို တစ်နေ့တာ စားသုံးမှုမှာ ပါဝင်အောင် စားသုံးပေးဖို့ အကြံပြုပါရစေ။ ရေလည်း များများသောက်ပေးဖို့ လိုပါမယ်။
[embed-health-tool-bmr]