အစားအစာတွေကို တာရှည်ခံအောင် အေးခဲပြီး သိမ်းဆည်းတာနဲ့ ပတ်သက်လို့ သိထားတဲ့အချက်တွေထဲမှာ မှန်တာတွေလည်း ရှိသလို မှားသိထားတာတွေလည်း ရှိနိုင်ပါတယ်။ ဘာတွေက မှန်ပြီး ဘာတွေက မှားနေလဲဆိုတာကို အေးခဲခြင်းဆိုင်ရာ myths များစွာ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။
အစားအစာတွေ အေးခဲခြင်းနဲ့ ပတ်သက်လို့ ဒီအချက်တွေကို မှားသိထားနိုင်ပါတယ်။
Myth #1 – အစားအစာတိုင်းကို အေးခဲလို့ရတယ်
ဒီယူဆချက်က များသောအားဖြင့်တော့ မှန်တယ်လို့ ထင်စရာ ရှိပါတယ်။ ဒါပေမယ့် အစားအစာတိုင်းကိုတော့ အေးခဲလို့ မရပါဘူး။ ဥပမာ – ကော်ဖီမှုန့်ကို အေးခဲလို့ မရသလို ကြက်ဥ၊ ဘဲဥတွေကိုလည်း အေးခဲလိုက်ရင် စားလို့ အဆင်မပြေတော့ပါဘူး။ နောက်တစ်ခုကတော့ ဆီသွပ်ဘူးတွေပါ။
ဆီသွပ်ဘူးတွေကို အေးခဲလိုက်မယ်ဆိုရင်လည်း စားဖို့ တော်တော်လေး အဆင်မပြေတာမျိုး ဖြစ်နိုင်ပါတယ်။
Myth #2 – အေးခဲထားလိုက်ရင် ဘယ်အစားအစာမဆို အကြာကြီး ခံတယ်
ဒီအချက်ကလည်း မှားယွင်းနေပါတယ်။ အစားအစာတိုင်းကို အေးခဲလိုက်တိုင်း အကြာကြီး ခံတာ မဟုတ်ပါဘူး။ အေးခဲလိုက်ပေမယ့်လည်း အစားအစာတွေက အမျိုးအစားကို လိုက်ပြီး သက်တမ်းကွာခြားနိုင်ပါတယ်။ ဥပမာ –
- ဟင်းချိုဆိုရင် ၂ လကနေ ၃ လ
- ချက်ပြီးတဲ့ အသားတွေဆိုရင် ၂ လ ကနေ ၃ လ
- မချက်ရသေးတဲ့ အသားဆိုရင် ၄ လ ကနေ ၁ နှစ်
- ချက်ပြီးသား ကြက်သား၊ ဘဲသားတွေဆိုရင် ၄ လ
- မချက်ရသေးတဲ့ ကြက်သား၊ ဘဲသားတွေဆိုရင် ၉ လ ကနေ ၁၂ လလောက်အထိ ထားလို့ရပါတယ်။
ဒီ အယူအဆကတော့ ဆန့်ကျင်ဘက်ပါပဲ။ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေကို အေးခဲလိုက်တဲ့အခါ အာဟာရတန်ဖိုး လျော့သွားတာမျိုး မရှိပါဘူး။ အေးခဲထားတာက ပေါင်းခံထား၊ ချက်ပြုတ်ထားတဲ့ အစားအစာတွေထက် အာဟာရ ပိုပြည့်ပါတယ်။ ပေါင်းခံလိုက်တာ ဒါမှမဟုတ် ပြုတ်လိုက်တဲ့အခါ ပေါင်းခံရည် ပြုတ်ရည်တွေထဲမှာ အာဟာရတွေ ပါသွားပါတယ်။
ကဲ….. အေးခဲခြင်းဆိုင်ရာ myths များစွာ ကို ဖတ်ပြီးချိန်မှာ စာဖတ်ပရိသတ်ကြီးရော ဘာတွေများ မှားသိထားမိသေးလဲ။ အစားအစာတွေကို သေချာလေး သန့်စင် ခြောက်သွေ့အောင် လေသလပ်ခံပြီး လေလုံအိတ်တွေထဲ ထည့်သိမ်းထားတာက
တာရှည်ခံသလို
အာဟာရတန်ဖိုးလည်း မလျော့ပါဘူး။ ချက်ပြုတ်တဲ့အခါမှာလည်း အဆင်သင့်ဖြစ်ပြီး အချိန်ကုန် သက်သာစေမှာပါ။