Covid-19 ကြောင့် အမြဲတမ်း အပြင်သွားနေကျ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ စားသောက်နေကျ၊ Gym သွားပြီး လေ့ကျင့်ခန်းလုပ်နေကျလူတွေ အိမ်မှာပဲ အကျယ်ချုပ်ကျသလို ဖြစ်သွားတဲ့ခံစားချက်ကြီးက တော်တော်ကို အဆင်မပြေတာပါ။ ဒီလိုမျိုး တစ်နေရာတည်းမှာပဲ ငြိမ်ငြိမ်လေး နေနေရတဲ့အခါ နောက်ထပ်သတိထားသင်တဲ့အချက်ကတော့ ကိုယ်အလေးချိန် တက်လာတာပါပဲ။