backup og meta

အိပ်နေရင်းနဲ့ လည်း ကယ်လိုရီတွေ လောင်ကျွမ်းနိုင်တယ်ဆိုတာ သိကြလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိပ်နေရင်းနဲ့ လည်း ကယ်လိုရီတွေ လောင်ကျွမ်းနိုင်တယ်ဆိုတာ သိကြလား။

    ကယ်လိုရီ လောင်ကျွမ်းတယ်ဆိုတဲ့ စကားကို ဝိတ်ချနေတဲ့ သူတွေက ကျယ်ကျယ်ပြန့်ပြန့်သုံးကြပါတယ်။ Gym သွားရင်၊ အားကစားလုပ်ရင် နှလုံးခုန်မြန်စေတဲ့ လေ့ကျင့်ခန်းတွေလုပ်ရင် ကယ်လိုရီတွေ လောင်ကျွမ်းတယ်ဆိုတာ တော်တော်များများသိကြတဲ့ အချက်တစ်ခုပါ။ ဒါဆိုရင် ကယ်လိုရီဆိုတဲ့အရာက လှုပ်လှုပ်ရှားရှားနေမှပဲ လောင်ကျွမ်းတာလား၊ အားကစားမလုပ်တဲ့သူတွေအတွက်ရော ကယ်လိုရီတွေ မလောင်ဘူးလား။ အိပ်နေရင်းနဲ့ လည်း ကယ်လိုရီတွေ လောင်ကျွမ်းနိုင်တယ်ဆိုတာ သိကြလား။ မသိသေးဘူးဆိုရင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

    ကယ်လိုရီဆိုတာ ဘာလဲ။

    ကယ်လိုရီဆိုတာ အကြမ်းဖျင်းပြောရင်တော့ အစားအသောက်က ရတာပါ။ ကယ်လိုရီဟာ အပူစွမ်းအင် အဖြစ် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ လောင်စာ (energy) ကိုထုတ်ပေးပါတယ်။ ဒါကြောင့် ဝိတ်ချနေတဲ့သူတွေဟာ ကိုယ်စားတဲ့အစားအသောက်ထဲမှာ ပါတဲ့ ကယ်လိုရီတွေကို တွက်ပြီး လျှော့စားကြတာပါ။

    လူတွေဟာနေ့စဉ် လှုပ်ရှားဖို့ အတွက် လိုအပ်တဲ့ ကယ်လိုရီပမာဏဟာ အကြမ်းအားဖြင့် ယောကျ်ားလေးတွေအတွက်ဆို ၂၅၀၀ ကယ်လိုရီဖြစ်ပြီး မိန်းကလေးတွေအတွက်ဆိုရင်တော့ ၂၀၀၀ ကယ်လိုရီဖြစ်ပါတယ်။

    ဒါပေမယ့် လူတစ်ယောက်က ဘာမှမလုပ်ရင်တောင်  ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်တွေကြောင့် ကယ်လိုရီတွေက လောင်ကျွမ်းနေပါတယ်။ ဒါကို basal metabolic rateလို့ ခေါ်ပါတယ်။

    ထိုင်နေရင်တောင် လောင်ကျွမ်းတယ်ဆိုတော့ အိပ်နေတဲ့ချိန်ဆိုရင်ရော ကယ်လိုရီတွေကို ခန္ဓာကိုယ်ဟာ ဘယ်လိုနေရာတွေမှာ အသုံးချနေလည်းဆိုတာ ကြည့်လိုက်ကြရအောင်။

    အိပ်နေရင်းနဲ့ လည်း ကယ်လိုရီတွေ လောင်ကျွမ်းနိုင်တယ်ဆိုတာ သိကြလား။

    အိပ်နေရင်းနဲ့ လည်း ကယ်လိုရီတွေ လောင်ကျွမ်းနိုင်တယ်ဆိုတာ က

    ၁။ REM အိပ်စက်ခြင်းမှာ ကယ်လိုရီ အများဆုံးသုံးတယ်။

    အိပ်ပျော်သွားတဲ့ လူတစ်ယောက်ဟာ အိပ်စက်ခြင်း အဆင့်အမျိုးမျိုးကို ဖြတ်ကျော်ရပါတယ်။ အဲဒီထဲက REM လို့ခေါ်တဲ့ အိပ်စက်ခြင်း အဆင့်မှာတော့ နှလုံးခုန်နှုန်းတွေ၊ သွေးပေါင်ချိန်တွေပါတက်ပြီးတော့ ခန္ဓာကိုယ်ဟာ သိုလှောင်ထားတဲ့လောင်စာတွေဖြစ်တဲ့ ဂလူးကို့စ်တွေအများဆုံးကို ဖြိုခွဲပြီး သုံးတဲ့အတွက် ကယ်လိုရီတွေ အများဆုံး လောင်ကျွမ်းပါတယ်တဲ့။

    ၂။ အိပ်စက်နေစဉ် ကြွက်သားတွေကို ပြန်လည်ပြုပြင်တည်ဆောက်ဖို့အတွက်လည်း သုံးတယ်။

    ညဘက်အိပ်ပျော်နေစဉ်မှာ ခန္ဓာကိုယ်ဟာ တစ်ကိုယ်လုံးမှာ ရှိတဲ့ တစ်နေ့တာလုံးမှာ ပျက်စီးသွားတဲ့ ဆဲလ်တစ်လုံးချင်းကို ပြုပြင်ပါတယ်။ အရှင်းဆုံးပြောရရင် အားကစားလုပ်ထားတဲ့သူတွေ အလေးများများမတဲ့သူတွေရဲ့ ခန္ဓာကိုယ်ဟာဆိုရင် ကြွက်သားတွေကို အကြိမ်ကြိမ်ပျက်စီးတယ်၊ ဒါကြောင့် ကြွက်သားတွေကို ပြုပြင်ဖို့ အသစ်ဖြစ်ဖို့အတွက် ခန္ဓာကိုယ်ရဲ့ သိုလှောင်ထားတဲ့ လောင်စာတွေကို သုံးပစ်ပါတယ်။

    ၃။ နောက်တစ်ရက်အတွက် စွမ်းအင်တွေကို ဖြိုခွဲတယ်။

    မအိပ်ခင် တစ်နေ့လုံး စားထားတဲ့ အစားအသောက်တွေကိုလည်း နောက်တစ်ရက်နိုးလာရင် စွမ်းအင်အဖြစ်အသုံးချဖို့အတွက် အစာခြေတာကြောင့်လည်း ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်။

    ဒါဆိုရင် အိပ်နေတဲ့ချိန်မှာ ကယ်လိုရီ ဘယ်လောက်လောင်ကျွမ်းနိုင်လဲ။

    ဒါကတော့ လူတစ်ယောက်နဲ့ တစ်ယောက်နဲ့ မတူပါဘူး။ အပေါ်မှာ ပြောခဲ့သလို မိန်းကလေးနဲ့ ယောကျ်ားလေး တစ်နေ့တာလိုအပ်တဲ့ ကယ်လိုရီပမာဏကွာသလို လောင်ကျွမ်းတဲ့ ပမာဏလည်းမတူပါဘူး။

    အဓိကတော့ basal metabolic rate (BMR) လို့ခေါ်တဲ့  အခြေခံ ဇီဝကမ္မဖြစ်ပျက်မှုနှုန်း ပေါ်မှာမူတည်ပါတယ်။ BMR ဆိုတာ အလွယ်ပြောရင် လူတစ်ယောက် တစ်နေ့တာလုံးမှာဖြစ်နေတဲ့ အသက်ရှူတာ၊ နှလုံးခုန်တာ၊ အစာခြေတာ စတဲ့ အခြေခံအကျဆုံး ခန္ဓာကိုယ်ဖြစ်စဉ်တွေအတွက် လိုအပ်တဲ့ အနည်းဆုံး ကယ်လိုရီ ပမာဏပါ။

    BMR ကတော့ လူတစ်ယောက်ချင်းစီရဲ့ အလေးချိန်ပေါ်မှာ အခြေခံပါတယ်။ ဝိတ်ပိုများလေ စွမ်းအင်ပိုသုံးရလေဖြစ်လို့ BMR ကလည်း ပိုများမှာပါ။

    နောက်ပြီးတော့ ဘယ်လောက်ကြာကြာအိပ်လဲ ပေါ်မှာလည်း မူတည်ပါတယ်။

    ၁၂၅ ပေါင် အလေးချိန်ရှိတဲ့ ကျန်းမာတဲ့လူတစ်ယောက်ဟာ အိပ်နေတဲ့ချိန်မှာ တစ်နာရီကို ၃၈ ကယ်လိုရီလောင်ကျွမ်းပါတယ်တဲ့။ ဒါဆိုရင် သူ့ ဘယ်နှနာရီအိပ်လဲနဲ့ မြှောက်လိုက်ရင်တော့ သူအိပ်နေတဲ့ချိန်မှာ ကယ်လိုရီ ဘယ်လောက်လောင်ကျွမ်းသွားလဲဆိုတာသိနိုင်ပါတယ်။

    ကယ်လိုရီ အများဆုံး လောင်ကျွမ်းစေဖို့ ဘယ်လောက်ကြာကြာအိပ်ရမလဲ။

    အိပ်ချိန်နည်းရင် ဝိတ်တက်လာနိုင်သလို အိပ်ချိန်အရမ်းများရင်လည်း လှုပ်ရှားမှုနည်းသွားတဲ့ အတွက် ဝိတ်တက်နိုင်ပါတယ်။ အိပ်ချိန်ကို လုံလုံလောက်လောက် အိပ်ဖို့အပြင် အားကစားတစ်ခုခုလုပ်ရင်တော့ ကယ်လိုရီလောင်ကျွမ်းတာက အိပ်နေတဲ့ချိန်မှာတောင် အမြင့်ဆုံးဖြစ်နေမှာပါ။

    BMR လို့ခေါ်တဲ့ ဇီဝကမ္မဖြစ်နှုန်းမြန်လေ ကယ်လိုရီလောင်ကျွမ်းတာ ပိုများလေဖြစ်တဲ့အတွက် အစားကိုနည်းနည်းနဲ့ အကြိမ်ရေများများစားတာ၊ အရက်သေစာရှောင်တာ၊ တစ်နေ့ကို အနည်းဆုံး လေ့ကျင့်ခန်း ၁၅ မိနစ်လောက်လုပ်တာ စသဖြင့် BMR တက်စေမယ့် အမူအကျင့်လေးတွေကို လုပ်ကြပါလို့ အကြံပြုလိုက်ရပါတယ်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement