ဖိုးဖိုးဖွားဖွားတို့နဲ့ ကာကွယ်ဆေးထိုးနှံခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 3, 2021 . 2 mins read
Share now

ဖိုးဖိုးဖွားဖွားတို့နဲ့ ကာကွယ်ဆေးထိုးနှံခြင်း ဆိုလို့ ကာကွယ်ဆေးက ကလေးတွေပဲ ထိုးရတာလေ လူကြီးတွေ ထိုးဖို့ လိုလို့လားဆိုတော့ လိုပါတယ်။။ ဥပမာ တုပ်ကွေး ကာကွယ်ဆေးအသည်းရောင် အသားဝါ ဘီ ကာကွယ်ဆေး စသဖြင့်ပေါ့။

အသက်အရွယ် ရလာလေလေ ကိုယ်ခံအားစနစ် ကလည်း ပြောင်းလာလေလေပါ။ ဒီလို ကိုယ်ခံအားစနစ် ပြောင်းလဲလာမှုက ခန္ဓာကိုယ်ထဲကို ရောဂါတွေ အလွယ်တကူ ဝင်ရောက်နိုင်သလို ကာကွယ်ဆေးတွေ ထိုးနှံပြီးတဲ့ အခါမျိုးမှာလည်း လုံလောက်တဲ့ ကာကွယ်မှုကို မရရှိတာမျိုး ဖြစ်နိုင်ပါတယ်။

ဘာကြောင့် ဒီလို ဖြစ်ရတာလဲ ဆိုတာကို ဆောင်းပါးလေး ထဲမှာ ပြောပြပေးထားတာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော်။

အသက်အရွယ်ရလာတဲ့အခါ ကာကွယ်ဆေး ထိရောက်မှုက ပြောင်းလဲလာသလား။

အသက်အရွယ်ရလာတဲ့အခါ ကာကွယ်ဆေး ထိရောက်မှုက ပြောင်းလဲလာသလား။

အသက်အရွယ် ရလာတာ နဲ့အမျှ ကိုယ်ခံအားစနစ်ထဲမှာ ပြောင်းလဲမှုတွေ ဖြစ်လာတယ်။ ရောဂါတွေ အလွယ်တကူ  ဝင်ရောက်ကူးစက်တာမျိုးနဲ့ ရောဂါတွေကို ကာကွယ်ပေးမယ့် ကာကွယ်ဆေးတွေရဲ့ ခုခံအားကို အပြည့်အဝ မရတာမျိုးပါ။ ဒီအခြေအနေကို immunosenescence လို့ ခေါ်ပါတယ်။

Innate immunity လို့ခေါ်တဲ့ မွေးရာပါ ကိုယ်ခံအား နဲ့  Adaptive immunity  လို့ခေါ်တဲ့ အသက်ကြီးမှ ကိုယ်ခန္ဓာက ရောဂါပိုးတွေ နဲ့ ထိတွေ့ပြီးမှ ရရှိလာတဲ့ ကိုယ်ခံအား သို့မဟုတ် ကာကွယ်ဆေး  ထိုးလို့ ရရှိလာတဲ့ ကိုယ်ခံအားဆဲလ်တွေက စွမ်းဆောင်ရည် ကျလာတာ၊ တုံ့ပြန်ပုံ မတူတာ၊ ကာကွယ်ဆေးထိုးတာကို သိရှိနိုင်စွမ်းမှာ အဟန့်အတား ဖြစ်စေတာလိုမျိုး အချက်တွေကြောင့် အသက်အရွယ် ရလာတဲ့အခါ ကာကွယ်ဆေးရဲ့ အစွမ်းအာနိသင်ကို ထင်သလောက် မရတာမျိုး​ ဖြစ်နိုင်ပါတယ်။

ဖိုးဖိုးဖွားဖွားတို့နဲ့ ကာကွယ်ဆေးထိုးနှံခြင်း

ဖိုးဖိုးဖွားဖွားတို့နဲ့ ကာကွယ်ဆေးထိုးနှံခြင်း

နောက်တစ်ချက်က ဖိုးဖိုးဖွားဖွားတွေကို ကာကွယ်ဆေးထိုးပေးတဲ့အခါ သူတို့ရဲ့ ကိုယ်ခံအားမှာရှိတဲ့ ပြင်ပကဝင်လာတဲ့ ရောဂါပိုးတွေကို မှတ်သားထားတဲ့ ဆဲလ်လေးတွေက ကောင်းစွာ အလုပ်မလုပ်နိုင်တာ၊ မှတ်မိနိုင်စွမ်း ကျလာတဲ့အခါမျိုးမှာ ကာကွယ်ဆေးရဲ့ သက်ရောက်မှုက အားသိပ်မကောင်းတာမျိုး ဖြစ်နိုင်ပါတယ်။

ရန်သူကို ရန်သူမှန်းမသိတဲ့အခါ တိုက်ခိုက်မိဖို့ နောက်ကျနေရင်း တိုက်ပွဲမှာရှုံးသလိုမျိုးပေါ့။ နောက်တစ်ခုက ကိုယ်ခံအားဆဲလ်တွေက မမှတ်မိတဲ့အတွက် ကာကွယ်ဆေးအတွက် လိုအပ်တဲ့ ထပ်ဆောင်း ကာကွယ်ဆေး ထိုးတဲ့အခါ ခုခံတိုက်ထုတ်တာမျိုးပါ။

နောက်တစ်ချက်က ကိုယ်ခံအားဆဲလ်တွေက ရောဂါကို တိုက်ထုတ်ရမယ့်အစား ကိုယ်ခံအား အချင်းချင်း မှားယွင်းတိုက်ခိုက်တာပါ။ ဒါတွေရဲ့ ရလဒ်ကတော့ ကာကွယ်ဆေးထိုးထားတဲ့ ဖိုးဖိုးဖွားဖွားတွေရဲ့ ပဋိပစ္စည်းတွေ တုံ့ပြန်မှု အားနည်းတာ အစွမ်းအာနိသင် လျင်လျင်မြန်မြန် ကျဆင်းတာမျိုးဖြစ်ပြီး ကာကွယ်ဆေးရဲ့ အာနိသင် ကြာရှည်မခံတာမျိုး ဖြစ်နိုင်ပါတယ်။

immunosenescence ဖြစ်တာက လူကြီးတွေမှာ ရောဂါ ကူးစက်နိုင်ခြေ တိုးလာနိုင်သလို ကင်ဆာ နဲ့ အခြား autoimmune ရောဂါတွေ ဖြစ်နိုင်ခြေလည်း ပိုများပါတယ်။ ကိုယ်ခံအား လုပ်ဆောင်မှုတွေ အားနည်းလာတာ၊ နှေးလာတာတွေကြောင့် လူကြီးတွေမှာ ကာကွယ်ဆေးရဲ့ သက်ရောက်မှုက နည်းနေတာဖြစ်သလို လုံလောက်တဲ့ ခုခံအား တည်ဆောက်ဖို့လည်း ကြာနေတာပါ။

ကာကွယ်ဆေးတွေကတော့ အာနိသင် အတူတူပါပဲ။ အသက်အရွယ်ကြောင့် ကိုယ်ခံအား တုံ့ပြန်မှု ကွာသွားတဲ့အပေါ်မှာ ကာကွယ်ဆေးရဲ့ ခုခံအား တည်ဆောက်နိုင်စွမ်း နဲ့ ခုခံအား တည်ဆောက်တဲ့ အချိန်တွေ ကွာသွားတာပါ။

ဒါကြောင့် ကာကွယ်ဆေးကြောင့် ဖျားတာမျိုး ဖြစ်တဲ့အခါ လူကြီးတွေက လူငယ်တွေထက် အချိန်ပို ကြာတာမျိုး ဖြစ်နိုင်ပါတယ်။

အသက်အရွယ်ရလာတဲ့အခါ ရောဂါတွေ ရန်ကနေ ကာကွယ်ဖို့ဆိုရင် ကာကွယ်ဆေးက မဖြစ်မနေ ထိုးဖို့ လိုပါမယ်။ ဒါပေမယ့် ကာကွယ်ဆေးက ဖေဖေမေမေ၊ ဖိုးဖိုးဖွားဖွားတို့အတွက် အဆင်ပြေပါ့မလား စိတ်ပူနေတယ်ဆိုရင်တော့ကာကွယ်ဆေး ထိုးနှံဖို့ ဆရာဝန်နဲ့ အရင်ဆုံး သေချာတိုင်ပင်ပြီးမှ ထိုးတာအကောင်းဆုံးဖြစ်မှာပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သွေးဖြူဥဆဲလ် ရောဂါ (White Blood Cell Disorder)

သွေးဖြူဥဆဲလ် ရောဂါ (White blood cell disorders) ဆိုတာ ခန္ဓာကိုယ်ထဲမှာ သွေးဖြူဥဆဲလ် အရေအတွက် အရမ်းနည်းနေတာ ဒါမှမဟုတ် အရမ်းများနေတဲ့ အခြေအနေပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခံအားက ကျဆင်းလာသလား

အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခံအားက ကျဆင်းလာသလား။ ဒါကဘာကြောင့်လဲဆိုတာကို သေသေချာချာ သိပြီးရဲ့လား မသိသေးဘူးဆိုရင်တော့ ဆောင်းပါးလေး ဖတ်ကြည့်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အသက်ကြီးပေမယ့်လည်း ကိုယ်ခံအား ကောင်းစေဖို့

အသက်ကြီးပေမယ့်လည်း ကိုယ်ခံအား ကောင်းစေဖို့ ဘယ်လိုနေထိုင် စားသောက်ရမလဲ။ ဘာတွေကို ဂရုစိုက်ရမလဲ သိပြီးပြီလား။ မသိသေးဘူးဆိုရင်တော့.....

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ရနံ့ကုထုံး (Aromatherapy) ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ရနံ့ကုထုံး (Aromatherapy) ကို essential oil therapy လို့လည်း ခေါ်ကြပါတယ်။ ရှေးရိုးရာနည်းလမ်းတစ်ရပ်ပေါ့။ စိတ်ရောကိုယ်ပါ ကျန်းမာလန်းဆန်းစေဖို့ အသုံးပြုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

home-remedies-for-eye-allergies မျက်လုံး ဓာတ်မတည့်မှု

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
အစာဓာတ်မတည့်ခြင်း

အစာဓာတ်မတည့်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 3, 2021 . 2 mins read
အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 17, 2021 . 2 mins read
အသက်အရွယ် ကြီးရင့်လာတဲ့အခါ ကြုံတွေ့ရနိုင်မယ့် ပြောင်းလဲမှုများ

အသက်အရွယ် ကြီးရင့်လာတဲ့အခါ ကြုံတွေ့ရနိုင်မယ့် ပြောင်းလဲမှုများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read