backup og meta

Acute Myocardial Infarct (ရုတ်တရက် နှလုံးကြွက်သား ပုပ်ခြင်း)


Dr . Phyu Mon Latt မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Acute Myocardial Infarct (ရုတ်တရက် နှလုံးကြွက်သား ပုပ်ခြင်း)

    Acute Myocardial Infarct ဆိုတာဘာလဲ။

    Acute Myocardial Infarct ဟာ နှလုံးရပ်ခြင်းကို ဆေးပညာအရ ခေါ်တာဖြစ်ပါတယ်။ နှလုံးရပ်ခြင်းဟာ တစ်ရှူးပျက်စီးမှုကို ဖြစ်စေတဲ့ နှလုံးကိုသွေးစီးဆင်းခြင်းကို ရုတ်တရက် ဖြတ်ခံလိုက်ရတဲ့ အသက်ကို ခြိမ်းခြောက်နိုင်တဲ့ အခြေအနေ တစ်ခုဖြစ်ပါတယ်။

    နှလုံးဟာ ကိုယ်ခန္ဓါမှာရှိတဲ့ အခြားကြွက်သားတွေလိုပဲ အောက်စီဂျင်နဲ့ အာဟာရဓါတ်တွေ ထောက်ပံ့မှုကို လိုအပ်ပါတယ်။ ကြီးမားတဲ့ နှစ်လုံးသွေးကြော နှစ်ခုဟာ နှလုံးကို အောက်စီဂျင်ပါတဲ့ သွေးတွေ သယ်ပို့ပေးပါတယ်။

    ဒီသွေးကြောတစ်ခုခုက ရုတ်တရက် ပိတ်သွားတဲ့အခါ နှလုံးရဲ့ အစိတ်အပိုင်းတွေဟာ အောက်စီဂျင် ပြတ်တောက်ပြီး cardiac ischaemia လို့ ခေါ်တဲ့ အခြေအနေ ဖြစ်တာ ဖြစ်ပါတယ်။

    တကယ်လို့ cardiac ischaemia ဟာ အလွန်ကြာမြင့်နေရင် အောက်စီဂျင်ပြတ်တောက်နေတဲ့ တစ်ရှူးတွေဟာ သေနိုင်ပါတယ်။ ဒါကို နှလုံးရပ်ခြင်း (သို့) နှလုံးပုပ်ခြင်းလို့ ခေါ်ပါတယ်။

    နှလုံးရပ်ခြင်း အများစုဟာ နာရီများစွာ ကြာမြင့်တတ်တာမို့ နှလုံးရပ်ခြင်း စတင်ပြီလို့ထင်ရင် အကူအညီအမြန်တောင်းသင့်ပါတယ်။ အချို့အခြေအနေတွေမှာ ရောဂါလက္ခဏာ မပြပေမယ့် အတော်များများကတော့ ရင်ဘတ်အောင့်ခြင်း ဖြစ်နိုင်ပါတယ်။

    Acute Myocardial Infarct ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

    Acute Myocardial Infarct လူနာတွေဟာ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ သူ့ကို ဖြစ်စေတဲ့အချက်တွေကို လျှော့ချခြင်းအားဖြင့် နည်းပါးအောင် ပြုလုပ်နိုင်ပါတယ်။ အခြားအချက်အလက်တွေ သိရအောင် ဆရာဝန်နဲ့ ဆက်သွယ်မေးမြန်းသင့်ပါတယ်။

    ရောဂါလက္ခဏာများ။

    Acute Myocardial Infarct ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

    Acute Myocardial Infarct ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

    • ရင်ဘတ်မှာ ဖိအားများခြင်း၊ ကျပ်ခြင်း
    • ရင်ဘတ်၊ နောက်ကျော၊ မေးရိုး၊ ကိုယ်ခန္ဓါအပေါ်ပိုင်းက အခြားနေရာတွေမှာ နာကျင်မှုဟာ မိနစ်အနည်းငယ်ကြာမြင့်ပြီး ပျောက်လိုက်ပေါ်လိုက် ဖြစ်နေခြင်း
    • မောခြင်း
    • ချွေးထွက်ခြင်း
    • အန်ခြင်း
    • စိတ်ပူခြင်း
    • ချောင်းဆိုးခြင်း
    • ခေါင်းမူခြင်း
    • နှလုံးခုန် မြန်ခြင်း

    နှလုံးရပ်ခြင်းကို ခံစားရသူအားလုံးဟာ ဒီလက္ခဏာတွေကို ခံစားရမှာမဟုတ်ပါဘူး။ ရင်ဘတ်အောင့်ခြင်းဟာ အမျိုးသားတွေရော အမျိုးသမီးတွေမှာ အတွေ့အများဆုံးလက္ခဏာ တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေဟာ အမျိုးသားတွေထက်ပိုပြီး အောက်ပါအခြေအနေတွေ ဖြစ်နိုင်ပါတယ်။

    • မောခြင်း
    • မေးရိုးနာခြင်း
    • ခါးနောက်ပိုင်း အပေါ်ပိုင်းနာကျင်ခြင်း
    • ခေါင်းရီဝေဝေ ဖြစ်ခြင်း
    • ပျို့ခြင်း
    • အန်ခြင်း

    တကယ်တော့ နှလုံးရပ်ခြင်း ခံစားရတဲ့ အမျိုးသမီးအချို့ဟာ အအေးမိခြင်းရဲ့ လက္ခဏာလိုမျိုး ခံစားရတယ်လို့ ဆိုပါတယ်။

    အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

    သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

    ဖြစ်ပွားမှုအကြောင်းရင်းများ။

    ဘာတွေက Acute Myocardial Infarct ဖြစ်ပွားစေသလ

    သူဟာ နှလုံးသွေးကြော တစ်ခု (သို့) တစ်ခုထက်ပိုပြီး ပိတ်ဆို့ခြင်းကြောင့် ဖြစ်ပါတယ်။ ပိတ်ဆို့ခြင်းဟာ အဆီ၊ ကိုလက်စထရောနဲ့ စွန့်ပစ်ပစ္စည်းတွေ ပါဝင်ဖွဲ့စည်းထားတဲ့ plaque တစ်ခုကြောင့်ဖြစ်ပါတယ်။ ဒါဟာ နှလုံးရပ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အချက်အတော်များများက နှလုံးသွေးကြော ပိတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

    • မကောင်းတဲ့ ကိုလက်စထရော – ကိုလက်စထရော အကုန်ဟာ ကောင်းတာမဟုတ်ပဲ LDL ကိုလက်စထရော ဟာ သွေးကြောနံရံမှာ သွားကပ်ပြီး ပိတ်ဆို့စေပါတယ်။
    • ပြည့်ဝဆီ – ပြည့်ဝဆီတွေဟာ နှလုံးသွေးကြောနံရံကို ကျဉ်းစေနိုင်ပါတယ်။ ပြည့်ဝဆီတွေကို အသားနဲ့ နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ အမဲသား၊ ထောပတ်နဲ့ ချီးစ်တို့မှာ တွေ့နိုင်ပါတယ်။

    Trans fat – အခြားသွေးကြောပိတ်စေတဲ့ အဆီတစ်မျိုးကတော့ Trans fat (သို့) hydrogenated fat ပဲဖြစ်ပါတယ်။ Trans fat ကို လူတွေက ပြုလုပ်ကြပြီး အဆင့်ဆင့်ပြုလုပ်ထားတဲ့ အစားအသောက်တွေထဲမှာ ပါရှိပါတယ်။

    ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ။

    ဘယ်အရာတွေက Acute Myocardial Infarct ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

    Acute Myocardial Infarct ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

    သွေးပေါင်တက်ခြင်း – သွေးပေါင်တက်ခြင်းရှိရင် နှလုံးရောဂါပိုဆိုးနိုင်ပါတယ်။ ပုံမှန်သွေးဖိအားဟာ ၁၂၀-၈၀ mmHg ရှိပြီး အသက်ပေါ်မူတည်ပါတယ်။

    ကိုလက်စထရောများခြင်း – သွေးအတွင်း ကိုလက်စထရော များခြင်းဟာ နှလုံးရပ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အစားအသောက်ပုံစံပြောင်းလဲခြင်း၊ ဆေးသောက်ခြင်းအားဖြင့် ကိုလက်စထရော နည်းအောင် ပြုလုပ်နိုင်ပါတယ်။

    Triglyceride များခြင်း – Triglyceride များခြင်းဟာလည်း နှလုံးရပ်နှုန်းမြင့်တက်စေပါတယ်။ Triglyceride တွေကို ကိုယ်ခန္ဓါ အတွင်းမှာ သိမ်းဆည်းထားပြီး သွေးကြောပိတ်ဆို့စေပါတယ်။

    ဆီးချိုနဲ့ သွေးသကြားဓါတ်များခြင်း – ဆီးချိုဟာ သွေးသကြားဓါတ်များတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ သွေးသကြားဓါတ်များခြင်းဟာ သွေးကြောတွေကို ထိခိုက်စေနိုင်ပြီး သွေးကြောကျဉ်းခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

    အဝလွန်ခြင်း – အဝလွန်ရင် နှလုံးရပ်ခြင်း ပိုဖြစ်နိုင်ပါတယ်။ အဝလွန်ခြင်းဟာ နှလုံးရပ်ခြင်းကို ဖြစ်စေတဲ့ အခြေအနေ အတော်များများနဲ့ ဆက်စပ်မှုရှိပါတယ်။ ဒီအခြေအနေတွေကတော့

  • ဆီးချို
  • သွေးပေါင်တက်ခြင်း
  • ကိုလက်စထရောများခြင်း
  • Triglyceride များခြင်း
  • ဆေးလိပ်သောက်ခြင်း – ဆေးလိပ်သောက်ခြင်းဟာ နှလုံးရပ်နှုန်းမြင့်တက်စေပါတယ်။ သူဟာ အခြားနှလုံးသွေးကြောရောဂါနဲ့အခြားရောဂါတွေကိုလည်းဖြစ်စေနိုင်ပါတယ်။

    အသက် – နှလုံးရပ်နှုန်းဟာ အသက်ကြီးလေ ပိုများလေလေပဲဖြစ်ပါတယ်။ အမျိုးသားတွေဟာ အသက် ၄၅ နှစ်ကျော်လာရင် နှလုံးရပ်နှုန်းပိုများလာပြီး အမျိုးသမီးတွေမှာတော့ အသက် ၅၅ နှစ်ကျော်လာရင် ပိုများလာပါတယ်။

    မိသားစုရာဇဝင် – သင့်မိသားစုအတွင်းမှာ စောစီးစွာ နှလုံးရပ်သူရှိရင် သင့်မှာလည်း နှလုံးရပ်နိုင်ခြေ ရှိပါတယ်။ သင့်မိသားစုဝင် အမျိုးသားတစ်ယောက်ယောက်က အသက် ၅၅ နှစ်မတိုင်ခင်နဲ့ အမျိုးသမီးတစ်ယောက်ယောက်က အသက် ၆၅ နှစ်မတိုင်မီ နှလုံးရပ်ဖူးတယ်ဆိုရင် သင့်မှာ ဖြစ်နှုန်းပိုများပါသေးတယ်။

    နှလုံးရပ်ခြင်းကို များစေတဲ့ အခြားအခြေအနေတွေကတော့

    • စိတ်ဖိစီးခြင်း
    • ကိုယ်လက်လှုပ်ရှားမှု မလုပ်ခြင်း
    • တရားမဝင်ဆေးများဖြစ်သော ကိုကိန်းနဲ့ စိတ်ကြွဆေးများ သုံးစွဲခြင်း
    • ကိုယ်ဝန်ဆိပ်တက်ဖူးခြင်း၊ ကိုယ်ဝန်ဆောင်စဉ် သွေးပေါင်တက်ဖူးခြင်း တွေပဲဖြစ်ပါတယ်။
    • ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

      ယေဘူယျအသိပေးချက် – ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

      Acute Myocardial Infarct ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

      သင့်မှာ နှလုံးရပ်မှု ရှိမရှိကို သိရှိဖို့ သင့်ဆရာဝန်က နှလုံးခုန်သံ နားထောင်ပြီး ပုံမှန်ဟုတ်မဟုတ် စစ်ဆေးကာ သွေးပေါင်လဲ တိုင်းနိုင်ပါတယ်။

      EKG ကို နှလုံးရဲ့ လျှပ်စစ်နဲ့ လှုပ်ရှားမှုကို တိုင်းတာဖို့ အသုံးပြုနိုင်ပါတယ်။ သွေးစစ်ဆေးမှုကိုလည်း ပြုလုပ်နိုင်ပြီး troponin လိုမျိုး နှလုံးပျက်စီးချိန်ထွက်တဲ့ ပရိုတင်းတွေကို စစ်ဆေးနိုင်ပါတယ်။

      အခြားစစ်ဆေးမှုတွေကတော့

      • လေ့ကျင့်ခန်းလုပ်ပြီး နှလုံးကို စစ်ဆေးတဲ့ stress test
      • သွေးကြောအတွင်း ပိတ်ဆို့မှုကို ရှာဖွေတဲ့ angiogram

      ကောင်းမွန်စွာ အလုပ်မလုပ်တဲ့နေရာတွေကို ရှာဖွေဖို့ echocardiogram တို့ပဲဖြစ်ပါတယ်။

    • Acute Myocardial Infarct ကို ဘယ်လိုကုသလဲ။

      ခွဲစိတ်မှုတစ်ခုဖြစ်တဲ့ နှလုံးကိုထောက်ပံ့ပေးနေတဲ့ သွေးကြောတွေကို မပိတ်အောင်ပြုလုပ်တဲ့ angioplasty ကိုလုပ်နိုင်ပါတယ်။

      Angioplasty လုပ်နေစဉ်မှာ ခွဲစိတ်ဆရာဝန်က ပါးလွှာရှည်လျားတဲ့ ပြွန်တစ်ခုကို ပိတ်နေတဲ့နေရာအထိ ရောက်အောင်ထည့်မှာဖြစ်ပါတယ်။ ပြီးရင်တော့ သွေးကြော ပြန်ပွင့်စေဖို့ သူ့မှာ ထည့်ထားတဲ့ သေးငယ်တဲ့ ဘောလုံးကို လေမှုတ်လိုက်မှာ ဖြစ်ပြီး သွေးကို ပြန်လည်စီးဆင်းစေမှာဖြစ်ပါတယ်။ သင့်ခွဲစိတ်မှုဆရာဝန်ဟာ ပိတ်ဆို့တဲ့နေရာမှာ stent ထည့်နိုင်ပါတယ်။ Stent ဟာ သွေးကြော ပိတ်ဆို့ခြင်း နောက်တစ်ကြိမ် ပြန်မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

      သင့်ဆရာဝန်က CABG ကို အချို့အခြေအနေတွေမှာ လိုအပ်နိုင်ပါတယ်။ ဒီနည်းလမ်းမှာတော့ ဆရာဝန်က သွေးကြောတွေကို ပိတ်ဆို့ခြင်း ပတ်ပတ်လည်မှာ စီးဆင်းနိုင်စေဖို့ လမ်းလွှဲမှာ ဖြစ်ပါတယ်။ CABG ကို တခါတရံမှာ နှလုံးရပ်အပြီး ချက်ခြင်း ပြုလုပ်နိုင်ပါတယ်။ အခြေအနေ အတော်များများမှာ ဖြစ်အပြီး ရက်အတော်ကြာမှ ပြုလုပ်ကြပါတယ်။

    နှလုံးရပ်ခြင်းအတွက် အောက်ပါဆေးတွေကိုလည်း အသုံးပြုနိုင်ပါတယ်။

    • သွေးကြဲဆေး – aspirin ဟာ သွေးခဲတွေကို ပျော်စေပြီး ကျဉ်းမြောင်းနေတဲ့ သွေးကြောတွေထဲမှာ သွေးစီးဆင်းမှု မြင့်တက်စေပါယတ်။
    • Thrombolytics တွေကို သွေးခဲပျော်စေဖို့ အသုံးပြုနိုင်ပါတယ်။
    • antiplatelet drugs ဆေးတွေဖြစ်တဲ့ clopidogrel ဟာ သွေးခဲအသစ်ဖြစ်မှုကို တားဆီးပေးပြီး ရှိပြီးသားသွေးခဲကိုလည်း ကြီးထွားလာခြင်းမှ ကာကွယ်ပေးပါတယ်။
    • Nitroglycerin ကို သွေးကြော ကျယ်စေဖို့ အသုံးပြုနိုင်ပါတယ်။
    • Beta-blockers တွေဟာ သွေးပေါင်ကို ကျစေပြီး သွေးကြောကျယ်စေပါတယ်။ သူဟာ နှလုံးပျက်စီးမှုကို ကန့်သတ်ပေးနိုင်ပါတယ်။
    • ACE inhibitors တွေကိုတော့ သွေးပေါင်ကျဖို့နဲ့ နှလုံးဖိအားကို သက်သာစေဖို့ အသုံးပြုပါတယ်။
    • Pain သက်သာစေတွေကို သင်ခံစားနေရတဲ့ မသက်သာမှု လျော့ကျစေဖို့ အသုံးပြုနိုင်ပါတယ်။
    • လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

      လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Acute Myocardial Infarct ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

      အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Acute Myocardial Infarct ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

      အစားအသောက် – ကျန်းမာစေတဲ့ အစားအသောက်တွေဖြစ်တဲ့ whole grains, အသီးအရွက်၊ ပရိုတင်း အစရှိတာတွေကို စားသုံးသင့်ပါတယ်။ သကြား၊ ပြည့်ဝဆီ၊ trans fat၊ ကို လက်စထရော အစရှိတာတွေကို စားသောက်မှုထဲမှာ လျှော့စားသင့်ပါတယ်။ ဒါဟာ ဆီးချို၊ သွေးပေါင်တက်ခြင်း၊ ကိုလက်စထရောများခြင်း ရှိတဲ့လူနာတွေအတွက် အထူးအရေးကြီးပါတယ်။

      လေ့ကျင့်ခန်း – လေ့ကျင့်ခန်းကို တစ်ပတ်မှာ အကြိမ်ပေါင်းများစွာ လုပ်ခြင်းဟာ နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ မကြာသေးမီက နှလုံးရပ်မှုဖြစ်ခဲ့ရင် သင့်လျော်တဲ့လေ့ကျင့်ခန်းတွေကို သိရှိဖို့ ဆရာဝန်နဲ့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

      ဆေးလိပ်ဖြတ်ပါ – ဆေးလိပ်သောက်နေရင် ဆေးလိပ်ဖြတ်ဖို့အရေးကြီးပါတယ်။ ဆေးလိပ်ဖြတ်ခြင်းဟာ နှလုံးရပ်ခြင်းအတွက်ရော၊ နှလုံးနဲ့ အဆုတ်ကျန်းမာရေးအတွက်ပါ အကျိုးရှိပါတယ်။ ဆေးလိပ်ငွေ့ရှူခြင်းကိုပါ ရှောင်ကျဉ်သင့်ပါတယ်။

      အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    • Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement