သက်ကြီးပိုင်းစိတ်ကျန်းမာရေး

အသက်ကြီးလာတာနဲ့အမျှ ဦးနှောက်မှာ ပြောင်းလဲမှုတွေ အများကြီး ဖြစ်လာပါတယ်။ ဒါကြောင့် စိတ်ခံစားချက်တွေ၊ မှတ်ဉာဏ်တွေမှာ အပြောင်းအလဲဖြစ်လာပါတယ်။ အသက်ကြီးတဲ့သူတွေမှာ ဖြစ်တတ်တဲ့ အယ်ဇိုင်းမားရောဂါ၊ ပါကင်ဆန်ရောဂါနဲ့ တခြားရောဂါတွေအကြောင်းကို ဒီမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

သက်ကြီးပိုင်းစိတ်ကျန်းမာရေး

ဝါကျွတ်ချိန်ခါမှာ အခုလို နည်းလမ်းလေးတွေနဲ့ အဝေးရောက် လူကြီးမိဘတွေကို ဂါရဝ ပြုလို့ ရပါတယ်။

မကြာခင်မှာ ဝါလကင်းလွတ် သီတင်းကျွတ်ကာလကို ရောက်ရှိတော့မှာပဲ ဖြစ်ပါတယ်။ ဒီဝါကျွတ်မှာ အိမ်ပြန်ဖို့ မဖြစ်နိုင်တဲ့ အကြောင်းအရင်းလေးတွေ ရှိနေလို့ သီတင်းကျွတ်မှာ မေမေဖေဖေ ဖိုးဖိုးဖွားဖွားတွေကို ဘယ်လိုများ ကန်တော့ရမလဲဆိုပြီး တွေးရခက်နေပြီလား! ဒါဆိုရင်တော့ ဝါကျွတ်ချိန်ခါမှာ အခုလို နည်းလမ်းလေးတွေနဲ့ အဝေးရောက် လူကြီးမိဘတွေကို ဂါရဝ ပြုလို့ ရပါတယ်။ အလုပ်က ခွင့်မရလို့ပဲဖြစ်ဖြစ်၊ အလုပ် ခရီးသွားစရာ ရှိနေလို့ဖြစ်ဖြစ်၊ ပြည်ပတစ်နေရာမှာ ကျောင်းသွားတက် နေရတာ၊ အလုပ်သွားလုပ်နေရလိုမျိုး အကြောင်း အမျိုးမျိုးကြောင့် လူကြီးမိဘတွေနဲ့ အဝေးကို ရောက်နေပြီး သီတင်းကျွတ်ကာလမှာလည်း မိဘတွေဆီကို ပြန်ဖို့ မဖြစ်နိုင်တဲ့ သူလေးတွေကို ဘယ်လိုလေးတွေများ ဂါရဝ ပြုလို့ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဝါကျွတ်ချိန်ခါက မိသားစုတိုင်း မျှော်လင့်နေတဲ့ အခိုက်အတန့်ပါ ဝါကျွတ်ချိန်ခါ သီတင်းကျွတ်ဆိုတာက ရပ်နီးရပ်ဝေးက မိသားစုဆွေမျိုးတွေ အားလုံး […]

သက်ကြီးပိုင်းစိတ်ကျန်းမာရေး ကို ရှာဖွေမည်။

သက်ကြီးပိုင်းစိတ်ကျန်းမာရေး

“အိုပယ်”အဖြစ်နဲ့ လူပိုတစ်ယောက်လိုခံစားရအောင် မလုပ်မိပါစေနဲ့

ငယ်ငယ်ကတော့ အားကိုးတကြီး တွဲခိုခဲ့တဲ့ လက်ကလေးတွေပါ။ အခုကျမှ ဖိစီးမှုတွေ၊ ရုန်းကန်ရတာတွေ၊ ဘဝရဲ့ပြဿနာတွေကို အကြောင်းပြုပြီး ဒီလက်ကလေးတွေကို ပစ်ပယ်မိနေပြီလား။ မိဘတွေ ကို “အိုပယ်”အဖြစ်နဲ့ လူပိုတစ်ယောက်လိုခံစားရအောင် မလုပ်မိပါစေနဲ့ ...... “နေပါဦး အမေရာ၊ ဒီမှာစိတ်ရှုပ်ရတဲ့ကြားထဲ” ၊ “အမေတို့ ဘာမှမသိပါဘူး”၊ “အမေတို့တုန်းကနဲ့ မတူတော့ဘူး”၊ “ဘာမှလည်းမသိဘဲနဲ့”၊ “ဒါလေးတောင် မသိဘူးလား” ဆိုတဲ့စကားတွေ။ “အဖေ လုပ်လို့မဖြစ်ပါဘူး၊ ဖယ်… ကျွန်တော့ဘာသာလုပ်မယ်” ၊ “အဖေတို့ အေးအေးဆေးဆေးသာနေပါ၊ လူငယ်တွေကိစ္စ ဝင်မပါပါနဲ့” ဆိုတဲ့ စကားတွေ ပြောမိဖူးလား။ ဒီစကားတွေဟာ ကိုယ်ငယ်စဉ်က ထွေးပိုက်ပေးခဲ့ကြတဲ့ မိဘတွေရဲ့ရင်ကို ထိုးဆွနေတဲ့ သံချက်တွေပါပဲ။ “အိုပယ်”အဖြစ်နဲ့ လူပိုတစ်ယောက်လိုခံစားရအောင် မလုပ်မိပါစေနဲ့ “အိုပယ်”အဖြစ်နဲ့ လူပိုတစ်ယောက်လိုခံစားရအောင် မလုပ်မိပါစေနဲ့ ဘာတွေကို သတိထားရမလဲဆိုတော့ လူကြီးတွေမှာ အဖြစ်များတဲ့ စိတ်ကျဝေဒနာ လူကြီးတွေမှာ စိတ်ဓာတ်ကျလာတဲ့အခါ လုပ်ဆောင်နိုင်စွမ်းတွေ […]


သက်ကြီးပိုင်းစိတ်ကျန်းမာရေး

ရေနွေးကြမ်း ကြိုက်တဲ့ ဖိုးဖိုးဖွားဖွားတွေ စိတ်ဓာတ်ကျနိုင်ခြေနည်း

အရွယ်ရလာတဲ့ ဖိုးဖိုးဖွားဖွားတွေ နဲ့ စိတ်ဓာတ်ကျမှုက မကင်းကွာနိုင်တဲ့အချက်တစ်ခုပါ။ အသက်ကြီးလာလေလေ အထီးကျန် လာလေလေဖြစ်ပြီး စိတ်ဓာတ်ကျမှုက အလိုလိုဝင်လာတတ်ပါတယ်။ ဒီတော့ဖိုးဖိုးဖွားဖွားတွေ စိတ်ဓာတ်ကျမှုကို သက်သာလျော့ပါးစေနိုင်မယ့် နည်းလမ်းလေးတစ်ခုကိုပြောပြပေးချင်ပါတယ်။ ဒါကတော့… ရေနွေးကြမ်း တိုက်တာပါ။ ဖိုးဖိုးဖွားဖွားတွေကို စိတ်ဓာတ်ကျစေနိုင်တဲ့ အကြောင်းရင်းခံတွေက ဘာတွေလဲ….. ဖိုးဖိုးဖွားဖွားတွေဟာ အရွယ်ရလာချိန်မှာ • မျိုးရိုးရှိတာကြောင့် • လူမှုစီးပွား အခြေအနေတွေကြောင့် • လူမှုဆက်ဆံရေး အခြေအနေကြောင့် • ဘဝနေထိုင်မှုပုံစံကြောင့် • မိသားစုအခြေအနေကြောင့် စတဲ့အချက်တွေကြောင့် စိတ်ဓာတ်ကျမှုကို ခံစားကြရပါတယ်။ ရေနွေးကြမ်း ကြိုက်တဲ့ ဖိုးဖိုးဖွားဖွားတွေ စိတ်ဓာတ်ကျနိုင်ခြေနည်း စင်ကာပူအမျိုးသားတက္ကသိုလ် နဲ့ ရှန်ဟိုင်းအခြေစိုက် Fudan တက္ကသိုလ်တို့ ပူးပေါင်းပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ရပ်အရ နေ့တိုင်း ရေနွေးကြမ်းသောက်တတ်တဲ့ ဖိုးဖိုးဖွားဖွားတွေက အခြားသူတွေထက် စိတ်ဓာတ်ကျနိုင်ခြေ သိသိသာသာ လျော့နည်းနေတာကို တွေ့ရှိခဲ့ရပါတယ်။ ရေနွေးကြမ်း သောက်တာက စိတ်ကျန်းမာရေးကို ကောင်းစေနိုင်သလို စိတ်ခံစားမှုကိုလည်း ကောင်းစေနိုင်ပါတယ်။ ရေနွေးကြမ်းက အသက်ရလာသူတော်တော်များများ […]


သက်ကြီးပိုင်းစိတ်ကျန်းမာရေး

လူကြီးတွေ ဘာတွေ ခံစားနေရလဲဆိုတာ သင်သိပါသလား

ကမ္ဘာ့ လူဦးရေမှာ အသက်ကြီးတဲ့လူတွေ ပိုများလာတာကြောင့် လူဦးရေရဲ့ ၁၃%က အခုဆို အသက် ၆၅နှစ်ကျော်နေပါပြီ။ ဒါကြောင့်ပဲ အိမ်တိုင်း လိုလိုမှာ သက်ကြီးပိုင်း တစ်ဦးတော့ အနည်းဆုံးရှိနေတတ်တာပါ။ သက်ငယ်ပိုင်း၊ သက်လတ်ပိုင်းတွေနဲ့ အတူနေထိုင်ရတဲ့ သက်ကြီးရွယ်အိုတွေဟာ ကျန်းမာရေးပြဿနာအပြင် တခြား ဆက်ဆံရေး ပြဿနာတွေကိုပါ ရင်ဆိုင်ရပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး သူတို့ဘယ်လို ခံစားနေရတယ်။ ဘယ်လိုဖေးမပေးနိုင်မယ်ဆိုတာ ပြောပြပေးဖို့ သည်ဆောင်းပါးကို ရေးပါတယ်။ ကိုယ့်မှာ မေမေ့ အစ်မ ကြီးကြီး ရော မေမေ နဲ့ပါဆို ခြောက်ဆယ်ကျော် လူကြီး နှစ်ယောက်ရှိပါတယ်။ သူတို့ကို ကြည့်ပြီး လိုတာအမြဲစောင့်ကြည့်လုပ်ကိုင်ပေးနေရတာမို့ သူတို့ ဘယ်လိုခံစားရပြီး ဘာလိုတယ်ဆိုတာ သိနေနိုင်တာပါ။ ကိုယ့်အလုပ်က အိမ်ကပ်လို့ရတဲ့ အလုပ်ဖြစ်တာကြောင့်လည်းပါပါတယ်။ တကယ်တမ်း အလုပ်များတဲ့သူတွေ၊ အိမ်သိပ်မကပ်တဲ့သူတွေ အနေနဲ့ လူကြီးတွေနဲ့ […]


သက်ကြီးပိုင်းစိတ်ကျန်းမာရေး

အိမ်က ဘိုးဘိုးဘွားဘွားတွေမှာ ဖြစ်တတ်တဲ့ မှတ်ဉာဏ်ပျောက်ဆုံးခြင်း ရောဂါ တစ်မျိုး ။ ။

Long Term Memory loss ( ကိုယ့်ငယ်စဉ်က အမှတ်တရ တော်တော်များများကို မေ့သွားခြင်း) အတိတ်မေ့တယ်၊ သတိမေ့သွားတယ်။ ကိုယ်နဲ့ အရင်းအနှီးဆုံးသူတွေ၊ နဲ့ ကိုယ့်ငယ်ဘဝကိုတောင် မမှတ်မိတော့တဲ့ ပြဿနာက အယ်ဇိုင်းမား ရောဂါတစ်ခုတည်းရှိတာ မဟုတ်ပါဘူး။ Long term memory loss ကလည်း ဒီပြဿနာတွေကို ဖြစ်စေတဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခုပါပဲ။ Long term memory ( ငယ်စဉ်ကာလ တည်းက သိမ်းထားတဲ့ ကာလကြာ မှတ်ဉာဏ်ဆိုတာဘာလဲ) Long term memory ဆိုတာ ငယ်စဉ်တည်းက အဖြစ်အပျက်တော်တော်များများရဲ့ အချက်အလက်တွေကို ဦးနှောက်ရဲ့ တစ်နေရာမှာ သိမ်းဆည်းထားတဲ့ မှတ်ဉာဏ်ဖြစ်ပါတယ်။ ဒီထဲမှာဆို အချက်အလက်တွေ၊ ရင်းနှီးမှုတွေနဲ့ အိမ်ကို ဘယ်လမ်းကပြန်ရမလဲဆိုတာကို မှတ်ထားတဲ့ မှတ်ဉာဏ်တွေပါပါတယ်။ Long term memory loss […]


သက်ကြီးပိုင်းစိတ်ကျန်းမာရေး

ပင်စင်နာကို ဘယ်လိုကုစားမလဲ(၂)

ပင်စင်နာကို ဘယ်လိုကုစားမလဲ(၂) (၃) ခရီးထွက်ပါ။ ဒီအချက်ကတော့ နည်းနည်းပြောရခက်ပါတယ်။ ခရီးထွက်ဖို့ဆိုရင် အချိန်ရယ်၊ငွေရယ်၊ကျန်းမာရေးရယ် ဒီသုံးခုပြည့်စုံဖို့ လိုအပ်တဲ့အတွက်ပါ။ နံပါတ်တစ် အချိန်ကတော့ သင့်မှာ အကြွယ်ဝဆုံးမို့ အထူးဆိုစရာ မရှိပါဘူး။ နံပါတ် နှစ်ကလည်း သင့်ရဲ့ အတိတ်ကာလ လုပ်ဆောင်ခဲ့မှုတွေအပေါ် မူတည်ပြီး ဒီအချိန်မှာ ကောင်းကျိုး၊ဆိုးကျိုးနှစ်ထွေကို ပြန်လည်ခံစားရပါမယ်။ နံပါတ် သုံး ကျန်းမာရေးကတော့ အရေးကြီးဆုံးနဲ့ အရှားပါးဆုံး ဖြစ်လာမှာပါ။ တကယ်လို့ သင်ဟာ ကံကောင်းထောက်မလို့ ဒီအချက်သုံးချက်လုံး ရာနှုန်းပြည့်မဟုတ်ရင်တောင် ရာခိုင်နှုန်းအတော်များများ ပြည့်စုံနေမယ်ဆိုရင် အကြံပေးလိုတာကတော့ ခရီးထွက်ပါ။ ဖြစ်နိုင်ရင် ပြည်ပခရီးထွက်ပါ၊ခရီးဝေးထွက်ပါ။ မဖြစ်နိုင်ရင် နေ့ချင်းပြန်ပဲဖြစ်ဖြစ် ခရီးထွက်ပါ။ ဒီလို ခရီးထွက်ခြင်းအားဖြင့် အာရုံအပြောင်းအလဲ ဖြစ်စေနိုင်တဲ့အပြင် အိမ်မှာပဲ ထိုင်ပြီး စိတ်ဓါတ်ကျနေတာနဲ့စာရင်တော့ သင့်ကျန်းမာရေးကို အများကြီးအထောက်အကူပြုပါလိမ့်မယ်။ လိုရင်းပြောရရင်တော့ သင့်ရဲ့ စိတ်ရောကိုယ်ပါ […]


သက်ကြီးပိုင်းစိတ်ကျန်းမာရေး

ပင်စင်နာကို ဘယ်လိုကုစားမလဲ (၁)

ပင်စင်နာကို ဘယ်လိုကုစားမလဲ (၁) "လမ်းထဲက ဦးဘယ်သူလေ အရင်က အမြဲတမ်း တက်တက်ကြွကြွနဲ့ အခု ချက်ချင်းကြီး ဆွဲချသလို အိုစာသွားလိုက်တာဟယ်" "ဪ.... ဦးဘယ်ဝါရော ဘာထူးလဲ။ ငါတို့ ငယ်ငယ်လေးကတည်းက ရုံးသွား၊ရုံးပြန်တိုင်း ငါတို့ အိမ်ရှေ့ကဖြတ်သွားရင် ငါ့ကို ခေါင်းလေးပုတ်ပုတ်ပြီး နှုတ်ဆက်သွားနေကျ၊အခု ပင်စင်လည်း ယူပြီးရော နှစ်လလောက်ပဲ ရှိသေးတယ်။ အဖိုးကြီးအိုလုံးလုံး ဖြစ်ပါလေရော။ ဟိုနေ့က လမ်းမှာတွေ့တာတောင် ငါ့ကို နှုတ်မဆက်ဘူး" "အင်း.... ဒေါ်ဘယ်ဒင်းကတော့ တမျိုးဟဲ့။ အရင် ဘဏ်မှာလုပ်တုန်းကလည်း ပြင်လို့ဆင်လို့ လှလို့ ပလို့ အခုပင်စင်ယူပြီးတော့လည်း သမီးတွေ၊မြေးတွေနဲ့ အပြိုင်လှနေ၊ခန့်နေထည်နေတုန်းပဲ" ဒီလို စကားလေးတွေကို သင်ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။ အသက်ခြောက်ဆယ်ပြည့်လို့ ပင်စင်ယူလိုက်ပြီဆိုတာနဲ့ တသက်လုံး သွက်သွက်လက်လက် ထက်ထက်မြက်မြက်ကြီး လှုပ်ရှားခဲ့တဲ့ လူတယောက်က ဘာလို့များ ရုတ်ချည်း […]


သက်ကြီးပိုင်းစိတ်ကျန်းမာရေး

"ဖိုးဖိုးဖွားဖွား သူငယ်ပြန်သလား"

"ဖိုးဖိုးဖွားဖွား သူငယ်ပြန်သလား" ဆိုတာကို သိချင်နေပြီလား ! ဒါဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်တော့နော်။ "ဖိုးဖိုးဖွားဖွား သူငယ်ပြန်သလား" "ဖိုးဖိုးဖွားဖွား သူငယ်ပြန်သလား" ဆိုတော့ သူငယ်ပြန်တယ်ဆိုတာကို လူအတော်များများ သိရှိပြီးဖြစ်ကြမှာပါ။ ဆေးပညာအခေါ်အဝေါ်နဲ့ အယ်လ်ဇိုင်းမားရောဂါလို့ ခေါ်တဲ့ ဒီရောဂါဟာ အသက်ကြီးတဲ့ ဖိုးဖိုးဖွားဖွားတွေကို ပြဿနာတွေပေးတဲ့ ရောဂါပေါ့။ ဒီဆောင်းပါးလေးမှာတော့ သူငယ်ပြန်ခြင်းနဲ့ ပတ်သက်လို့ သိသင့်သိထိုက်တဲ့ အချက်လေးတွေကို ဖော်ပြပေးသွားပါမယ်။ သက်ကြီးရွယ်အိုတွေနဲ့ အနီးကပ်နေထိုင်သူတွေအတွက် အထူးရည်ရွယ်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါရဲ့ ကနဦးလက္ခဏာတွေကတော့ သိပ်မသိသာလှပါဘူး(မသိသာဆို အသက်ကြီးလို့ သတိမေ့တတ်တာကလည်း အထူးအဆန်းမှ မဟုတ်တာကိုး)။ ဒီတော့ အသက်အရွယ်ကြောင့် ရိုးရိုးတန်းတန်း မေ့တတ်လာတာလား ဒါမှမဟုတ် အယ်လ်ဇိုင်းမားရောဂါရဲ့ ရှေ့ပြေးလက္ခဏာတွေလား ဆိုတာကို ခွဲခြမ်းစိတ်ဖြာပြီး သိဖို့ လိုအပ်လာပါပြီ။ ထူးခြားတာတခုက အယ်လ်ဇိုင်းမားဖြစ်စပြုနေတဲ့ ဖိုးဖိုးဖွားဖွားတွေ မေ့တတ်တာဟာ လတ်တလောကိစ္စတွေကိုပဲဖြစ်ပြီး ဟိုးအရင် စစ်တွင်းကအကြောင်းအရာတွေ၊ဂျပန်ခေတ်တို့ဘာတို့ဆိုသလို သူတို့ငယ်ငယ်က အကြောင်းအရာတွေကိုတော့ […]


သက်ကြီးပိုင်းစိတ်ကျန်းမာရေး

သူငယ်ပြန်နေတဲ့ ဖိုးဖိုးဖွားဖွားတို့ကို ဘယ်လိုစောင့်ရှောက်ကြမလဲ?

သူငယ်ပြန်နေတဲ့ ဖိုးဖိုးဖွားဖွားတို့ကို ဘယ်လိုစောင့်ရှောက်ကြမလဲ? အယ်လ်ဇိုင်းမားရောဂါလို့ စာသံပေသံနဲ့ ခေါ်တဲ့ သူငယ်ပြန်ခြင်းဟာ အသက်အရွယ် အိုမင်းတဲ့ ဖိုးဖိုးဖွားဖွားတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ ဝေဒနာတမျိုးပါ။ ဒီရောဂါ ခံစားရပြီဆိုရင် သတိတွေမေ့၊ မသွားတတ် မလာတတ်တွေဖြစ်၊ အမူအကျင့်တွေ ပြောင်းလဲကုန်၊ ရိုးရိုးစာလုံးလေးတွေတောင် မပြောတတ်တော့ စတဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ ရင်ဆိုင်ရတတ်တာမို့ သူငယ်ပြန်နေတဲ့ ဖိုးဖိုးဖွားဖွား တွေအနေနဲ့ တစ်ဦးတည်း အထီးတည်း နေထိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့သလောက်ပါပဲ။ ဒါကြောင့်မို့ ကိုယ့်ရဲ့ မိဘပဲဖြစ်ဖြစ်၊ အဖိုးအဖွားပဲဖြစ်ဖြစ်၊ အတူနေဆွေမျိုးသားချင်းပဲဖြစ်ဖြစ် အယ်လ်ဇိုင်းမားရောဂါကို ခံစားရပြီ၊ သူငယ်ပြန်ပြီဆိုရင် ကြွေးဟောင်းဆပ်တဲ့အနေနဲ့ ဘယ်လိုမျိုးလေးတွေ ကူညီစောင့်ရှောက်လုပ်ကိုင်ပေးသင့်သလဲဆိုတာကို ဒီဆောင်းပါးလေးမှာ ဖော်ပြသွားမှာပဲ ဖြစ်ပါတယ်။ သူငယ်ပြန်နေတဲ့ ဖိုးဖိုးဖွားဖွားတို့ကို ဘယ်လိုစောင့်ရှောက်ကြမလဲ? သူငယ်ပြန်နေတဲ့ ဖိုးဖိုးဖွားဖွားတို့ကို ဘယ်လိုစောင့်ရှောက်ကြမလဲ? ဆိုတော့ ပထမဆုံး သင်လုပ်ရမယ့် အလုပ်ကတော့ သူငယ်ပြန်နေတဲ့ ဖိုးဖိုးဖွားဖွားတို့ကို သင့်မျက်စိအောက်က အပျောက်မခံဖို့ပဲ ဖြစ်ပါတယ်။ တယောက်တည်း […]


သက်ကြီးပိုင်းစိတ်ကျန်းမာရေး

စိတ်ကျရောဂါခံစားနေရတဲ့ မိဘတွေကို ဘယ်လိုစောင့်ရှောက်မှုပေးမလဲ

စိတ်ကျဝေဒနာက အရွယ်သုံးပါးမရွေးခံစားရနိုင်ပါတယ်။ သူတို့တွေရဲ့ နောက်ခံအကြောင်းအရာတွေ၊ အောင်မြင်မှုတွေနဲ့ မသက်ဆိုင်ပါဘူး။ စိတ်ကျဝေဒနာက ကုသပျောက်ကင်းနိုင်တဲ့ရောဂါတစ်ခုပါ။ ဒါပေမယ့် စိတ်ကျဝေဒနာခံစားနေရသူက သက်ကြီးပိုင်းဖြစ်မယ်ဆိုရင်တော့ ခံစားရသူကိုယ်တိုင်မှာရော သူ့ကိုပြုစုစောင့်ရှောက်ပေးရသူတွေမှာပါ အပြောင်းအလဲတွေ၊ စိန်ခေါ်မှုတွေ များစွာကိုတွေ့ကြုံရနိုင်ပါတယ်။ ဒီတော့ စိတ်ကျရောဂါခံစားနေရတဲ့ မိဘတွကို ဘယ်လိုစောင့်ရှောက်မှုပေးမလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ စိတ်ကျရောဂါခံစားနေရတဲ့ မိဘတွကို ဘယ်လိုစောင့်ရှောက်မှုပေးမလဲ စိတ်ကျရောဂါခံစားနေရတဲ့ မိဘတွကို ဘယ်လိုစောင့်ရှောက်မှုပေးမလဲ ဆိုတော့ လူကြီးတွေမှာ ခံစားရတဲ့ စိတ်ကျဝေဒနာကို သိရှိအောင်လုပ်ဆောင်ပါ။  လူကြီးတွေမှာ ခံစားရတဲ့ စိတ်ကျရောဂါက လူငယ်တွေမှာဖြစ်ပေါ်ခံစားရတဲ့ စိတ်ကျဝေဒနာတွေနဲ့ တော်တော်လေးကွာခြားပါတယ်။ လူကြီးတွေမှာ စိတ်ကျဝေဒနာခံစားနေရတာကို အခြားရောဂါတွေဖြစ်တဲ့အခါမျိုးမှ တွေ့ရတာမျိုးရှိသလို အချိန်တော်တော်ကြာမှ သိရတာမျိုးလည်းရှိပါတယ်။ လူကြီးတွေမှာ စိတ်ကျဝေဒနာခံစားရတဲ့အခါ နှလုံးရောဂါခံစားရနိုင်ခြေပိုများလာသလို ရုတ်တရက်နှလုံးရပ်တာမျိုးတွေဖြစ်နိုင်ခြေလည်းများပါတယ်။ ဒါကြောင့် လူကြီးတွေမှာ စိတ်ကျဝေဒနာခံစားနေရတဲ့ လက္ခဏာတွေတွေ့ရတဲ့အခါ အချိန်မီ မှန်ကန်တဲ့ကုသမှုခံယူနိုင်အောင်လုပ်ဆောင်ပေးဖို့လိုပါတယ်။ လူကြီးတွေမှာ စိတ်ကျရောဂါခံစားနေရတာကိုသိနိုင်တဲ့ လက္ခဏာများ။ မျှော်လင့်ချက်မဲ့သလို ဖြစ်နေပြီး […]


သက်ကြီးပိုင်းစိတ်ကျန်းမာရေး

လူကြီးမိဘတွေရဲ့ မှတ်ဉာဏ်စွမ်းရည်၊ ဉာဏ်စွမ်းရည် လျော့ကျမသွားရအောင် ဘယ်လိုကူညီပေးမလဲ

သက်ကြီးပိုင်းအရွယ်ရောက်တဲ့အခါ လူတစ်ယောက်ရဲ့ ဦးနှောက်၊ မှတ်ဉာဏ်၊ တွေးခေါ်နိုင်စွမ်းတို့က ကျဆင်းသွားပြီလို့ ကာလရှည်ကြာ လက်ခံထားကြပါတယ်။ ဒါ့ကြောင့် လူကြီးတွေဟာ တီဗီပဲ အဆက်မပြတ် ထိုင်ကြည့်နေတာ၊ ကျန်းမာရေးနဲ့မညီတာတွေစားတာ၊ ပွစိပွစိပိုပြောလာတာ၊ စိတ်ဖိစီးမှုတွေတိုးလာတာ တွေနဲ့ပဲ နေ့စဉ်ဘဝကို ဖြတ်သန်းလာကြပြီး အနာဂတ်အတွက် စိတ်ကူးတွေ၊ ဦးတည်ချက်တွေကို စွန့်ပစ်လိုက်ကြပါတယ်။   အစာအာဟာရ လူကြီးတွေအတွက်က အားဆေးတွေထက် အစားအစာကရတဲ့အာဟာရတွေကို ပိုဦးစားပေးဖို့ ဆရာဝန်တွေက ညွှန်းပါတယ်။ ဦးနှောက်ကျန်းမာရေးအတွက် ဓါတ်စာတွေက ဦးနှောက်ဆီကို သွေးလည်ပတ်မှုကောင်းစေပြီး အဆီနဲ့ကိုလက်စထရောနည်းပါးတဲ့အပြင် ဗီတာမင်တွေ၊ omega-3s နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်မှု မြင့်မားတာကြောင့် နှလုံးကျန်းမာရေးအတွက်လည်း အကျိုးအာနိသင်တူတူပါပဲ။ ဦးနှောက်ကျန်းမာရေးအတွက် - စွပ်ပြုတ်၊ အသားပေါင်းတွေ၊ ပဲအမျိုးမျိုး၊ အသီးအရွက်တွေရောစပ်ထားတဲ့ ဆော့စ်အချဉ်၊ ပန်းဂေါ်ဖီစိမ်း၊ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေ၊ ဘယ်ရီသီးတွေ၊ ထောပတ်သီး၊ လက်ဖက်ရည်ကြမ်းတို့အပြင် ဆော်လမွန်ငါး၊ သစ်ကြားသီး၊ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း