backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Acute Sinusitis (ထိပ်ကပ်နာဖြစ်ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Sandy Kyaw မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Acute Sinusitis (ထိပ်ကပ်နာဖြစ်ခြင်း) ကဘာလဲ။

နှာခေါင်းပိတ်ခြင်း နဲ့ ပါးရိုးပေါ်မှာ ဖိအားများသလို ခံစားရခြင်းတွေဟာ ထိပ်ကပ်နာ ဖြစ်နေတယ်လို့ပြောနိုင်ပါတယ်။ ထိပ်ကပ်နာဆိုတာဟာ သင့်နှာခေါင်းဘေးမှာရှိတဲ့ ရိုးတွင်းလေအိတ်ငယ်တွေကို ကာရံထားတဲ့ အမြှေးပါးကရောင်ခြင်း ပိုးဝင်ခြင်းကနေဖြစ်ပွားတာပါ။၎င်းကနှာခေါင်းထဲက အကျိအချွဲတွေကို အပြင်ထွက်တာကနေ တားဆီးနေတာပါ။

Acute Sinusitis (ထိပ်ကပ်နာဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ရုတ်တရက်ဖြစ်တတ်တဲ့ ထိပ်ကပ်နာဟာ အဖြစ်များပါတယ်။

အခြားအချက်အလက်တွေသိရဖို့သင့်ဆရာဝန် နဲ့တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Acute Sinusitis (ထိပ်ကပ်နာဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အများဆုံးတွေ့ရတဲ့ ရောဂါလက္ခဏာတွေကတော့

-အဝါရောင် သို့မဟုတ် အစိမ်းရောင်ရှိတဲ့ ထူပျစ်ပျစ်အရည်

တွေဟာနှာခေါင်းကနေစီးကျခြင်း သို့မဟုတ် လည်ပင်း အနောက်ထဲကနေစီးကျလာခြင်း။

-နှာခေါင်းပိတ်ခြင်း ကနေ သင့်နှာခေါင်းနဲ့အသက်ရှုဖို့ခက်ခဲ

ခြင်း။

-နာကျင်ခြင်း၊ ထိရင်နာခြင်း၊ရောင်ခြင်း၊မျက်လုံး၊ ပါးရိုး ၊နှာခေါင်းနဲ့ နဖူးတို့မှာ ဖိအားများလာခြင်း၊ ရှေ့ကိုကုန်းလိုက်

တဲ့အခါပိုဆိုးခြင်း။

-နားထဲမှာဖိအားများခြင်း

-ခေါင်းကိုက်ခြင်း

-အပေါ်မေးရုးနဲ့ အောက်သွားကိုက်ခြင်း၊

-အနံ့ခံအာရုံနဲ့ အရသာခံအာရုံ လျော့ခြင်း

-ချောင်းဆိုးခြင်း၊ ညဘက်မှာ ပိုဆိုးတတ်ခြင်း

-ခံတွင်းနံ့ နံခြင်း

-နုံးချိခြင်း

-ဖျားနာခြင်း

(အပေါ်မှာ မပါခဲ့တဲ့ မပြောခဲ့တဲ့ လက္ခဏာတွေရှိပါသေးတယ်။ တကယ်လို့သင်က သိချင်သေးတဲ့ လက္ခဏာတွေရှိခဲ့ပါက သင့်ရဲ့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်မှာပြောပြတဲ့အချက်တွေသင့်ဆီမှာရှိပါက သင့်ဆရာဝန်ကို ဆက်သွယ်ပါ။

-ရောဂါလက္ခဏာတွေက ရက်ပိုင်းအတွင်းမသက်သာလာဘူး

ဆိုရင် သို့မဟုတ် ပိုဆိုးလာခဲ့ရင်

-အဖျားကမကျပဲတောက်လျှောက်တက်နေရင်

-အရင်က ထိပ်ကပ်နာ အကြာကြီးဖြစ်ခဲ့ဖူးရင် သို့်မဟုတ် ခဏခဏ ဖြစ်ဖူးခဲ့ရင်

အကြောင်းရင်းများ

Acute Sinusitis (ထိပ်ကပ်နာဖြစ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ထိပ်ကပ်နာက များသောအားဖြင့်ကတော့ ဗိုင်းရပ်စ်ပိုးဝင်တဲ့အအေးမိနှာစေးရာကနေဖြစ်ကြပါတယ်။ တစ်ချို့အခြေအနေ

တွေမှာတော့ ဘတ်တီးရီးယားပိုးဝင်ခြင်းကနေဖြစ်တတ်ပါတယ်။

ဖြစ်နိုင်ခြေများ

Acute Sinusitis (ထိပ်ကပ်နာဖြစ်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ထိပ်ကပ်နာဖြစ်ခြင်းကို ပိုဖြစ်စေတဲ့အချက်တွေအများကြီးရှိပါတယ်။၎င်းတို့ကတော့

-Hay fever သို့မဟုတ် သင်နဲ့ဓါတ်မတည့်မှုတစ်ခုခုကနေနှာခေါင်းဘေးကလေအိတ်တွေပေါ်သွားသက်ရောက်တာမျိုး

-နှာခေါင်းတွင်းလမ်းကြောင်းပုံမမှန်တာတွေ၊ဆိုလိုတာက နှာခေါင်းအလည်က အသားက လမ်းကြောင်းလွဲနေတာ၊ နှာခေါင်းထဲမှာ အလုံး အကြိတ်လိုရှိနေတာတွေဖြစ်ပါတယ်။

-HIV/AIDS လို ကျန်းမာရေးအခြေအနေတွေရှိခြင်း။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Acute Sinusitis (ထိပ်ကပ်နာဖြစ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်ဆရာဝန်က သင်နှာခေါင်းနဲ့မျက်နှာကိုထိတဲ့အခါနာလားစမ်းပါမယ်။ နှာခေါင်းအတွင်းကိုကြည့်ပါလိမ့်မယ်။

တစ်ခြား နည်းလမ်းတွေကတော့

-နှာခေါင်းတွင်းမှန်ပြောင်းကြည့်ခြင်း။

မီးလုံးပါတဲ့ ခပ်သေးသေး ပျော့ပျော့ ပိုက်လေးကို သင့်နှာခေါင်းထဲကို ထိုးထည့်ပြီး သင့်ဆရာဝန်က နှာခေါင်းဘေးက ရိုးတွင်းလေအိတ်ငယ်တွေကိုကြည့်ပါလိမ့်မယ်။

-ပုံရိပ်ဖော်နည်းလမ်းတွေဖြစ်တဲ့ CT,MRI တို့ရိုက်ခြင်းကနေလည်း နှာခေါင်းတစ်ဝိုက်နားကဘာတွေဖြစ်နေလဲဆိုတာကို

အသေးစိတ်ပြနိုင်ပါတယ။်သိပ်မဆိုးတဲ့ ထိပ်ကပ်နာလိုမျိုးမှာဆိုပါက ဒီပုံရိပ်ဖော်နည်းလမ်းတွေက ဘာမူမမှန်တာတွေ

ဖြစ်နေသလဲ ဘာနောက်ကြောင်းပြသနာတွေဖြစ်နေလဲဆိုတာတွေကို ပြနိုင်ပါတယ်။

-နှာခေါင်းနဲ့ရိုးတွင်းလေအိတ်ငယ်များကနေနမူနာယူပြီးပိုးမွေးခြင်း။ သွေးကိုဓါတ်ခွဲစမ်းသပ်ကြည့်ပြီးတော့ ထိပ်ကပ်နာလို့ပြောဖို့ကတော့ အကြမ်းအားဖြင့် သိပ်မလိုအပ်ပါဘူး။ သို့သော် ကုသမှုကို ကောင်းစွာမတုံ့ပြန်ရင် သို့မဟုတ် ပိုဆိုးလာတယ်ဆိုပါက တစ်ရှုးပိုးမွေးခြင်းပြ ုလုပ်ပြီး ဘယ်ဘတ်တီးရီးယားပိုးကောင်ကြောင့်ဖြစ်လဲဆိုတာရှာရပါမယ်။

-ဓါတ်မတည့်မှုစမ်းသပ်ခြင်း။ တကယ်လို့သင့်ဆရာဝန်က သင့်ရဲ့ဓါတ်မတည့်မှတစ်ခုခုကနေထိပ်ကပ်နာဖြစ်တယ်လို့ သံသယရှိခဲ့ပါက သင့်ကို ဓါတ်မတည့်မှုအရေပြားစမ်းသပ်မှုလုပ်ခိုင်းပါလိမ့်မယ်။ စမ်းသပ်မှုက စိတ်ချရပြီး မြန်လည်းမြန်ပါတယ်။ သင့်ကို ဘယ်ဓါတ်က မတည့်စေတာလဲဆိုတာစမ်းသပ်ပြီး သင့်နှာခေါင်းကိုဒုက္ခပေးနေတာလဲဆိုတာရှာနိုင်ပါတယ်။

Acute Sinusitis (ထိပ်ကပ်နာဖြစ်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ထိပ်ကပ်နာဖြစ်ခြင်းအများစုက ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ရတာကြောင့်သူ့ဘာသာပြန်ကောင်းသွားတတ်ပါတယ်။ ကိုယ့်ဘာသာဂရုစိုက်ရမယ့်နည်းလမ်းတွေကသာသင့်ရောဂါလက္ခဏာတွေကို သက်သာစေမှာပါ။

ရောဂါလက္ခဏာတွေကို သက်သာစေမယ့် နည်းလမ်းများ

သင့်ဆရာဝန်က အကြံပေးနိုင်မယ့် တစ်ချ ို့သောကုသမျုနည်းလမ်းများကတော့

-နှာခေါင်းထဲကိုဖြန်းတဲ့ ဓါတုဆားရည်ကို သင့်နှာခေါင်းထဲကိုတစ်ရက်ကို အကြိမ်များစွာ ဖြန်းပေးခြင်းနဲ့ နှာခေါင်းလမ်းကြောင်း ရှင်းနေအောင်လုပ်လို့ရပါတယ်။

-နှာခေါင်းထဲကိုဖြန်းတဲ့ စတီးရွိုက်သုံးခြင်း။ ဒီဖြန်းဆေးကတော့ ရောင်တာကိုသက်သာစေပါတယ်။ဥပမာအားဖြင့်

ဆေးတွေကတော့ fluticasone(Flonase,Veramyst),

Budesonide(Rhincort),mometasone(Nasonex),

Beclomethasone(Beconase AQ, Qnasl)

-ဒီဆေးတွေဟာ အလွယ်တကူဝယ်လို့ရတဲ့ဆေးတွေဖြစ်ပြီး

အရည်ပုံစံ၊အခဲပုံစံ နဲ့ဖြန်းဆေးပုံစံတွေနဲ့လာပါတယ်။

-နှာခေါင်းပိတ်တာကိုသက်သာစေတဲ့ ဆေးတွေကို ရက်အနည်းငယ်သာသုံးသင့်ပါတယ်။ မဟုတ်ပါက ပိုဆိုးတဲ့နှာခေါင်းပိတ်ခြင်းကိုဖြစ်စေတတ်ပါတယ်။

-အလွယ်တကူဝယ်လို့ရတဲ့ အနာသက်သာဆေးတွေဖြစ်တဲ့အက်စပရင်၊ပါရာစီတမော၊ အိုင်ဗျ ူပရိုဖန်တို့ကိုလည်း သုံးလု့ိရပါတယ်။

-ကလေးတွေနဲ့ ဆယ်ကျော်သက်အရွယ်တွေကို အက်စပရင်ပေးရင် သတိထားပေးပါ။ ကလေးတွေနဲ့ ဆယ်ကျော်သက်အရွယ်တွေမှာ ရေကြောက်ပေါက်ခြင်း သို့မဟုတ် တုပ်ကွေးမိရာကနေ ပြန်ကောင်းလာတယ်ဆိုပါက အက်စပရင်လုံးဝမတိုက်သင့်ပါဘူး။Reye’s syndromeဆိုတာက အက်စပရင်သောက်ခြင်းနဲ့ဆက်စပ်နေပြီး ကလေးတွေမှာဆိုရင် အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိဖြစ်တတ်ပါတယ်။

ပိုးသတ်ဆေးပေးခြင်း

ထိပ်ကပ်နာဖြစ်ခြင်းကို များသောအားဖြင့် ပိုးသတ်ဆေး ပေးစရာမလိုအပ်ပါဘူး။ တကယ်လို့ ထိပ်ကပ်နာဖြစ်ခြင်းကဘတ်တီးရီးယားပိုးကြောင့်ဆိုပါကလည်း ကုသမှုပေးစရာမလိုပဲ ပြန်ကောင်းသွားတတ်ပါတယ်။

သင့်ဆရာဝန်က သင့်ရဲ့ ဘတ်တီးရီးယားပိုးကြောင့် ထိပ်ကပ်နာဖြစ်ခြင်းကို ပိုဆိုးလာသလားဆိုတာကို စောင့်ကြည့်ပါလိမ့်မယ်။ သို့သော်လည်း ပိုဆိုးလာတဲ့ ရောဂါလက္ခဏာတွေမပျောက်ပါက ပိုးသတ်ဆေးလိုအပ်လာပါလိမ့်မယ်။ သင့်ဆရာဝန်က ပိုးသတ်ဆေးသောက်ခိုင်းလိုက်ပါက ရောဂါလက္ခဏာတွေ သက်သာသွားတာတောင် ဆေးကိုအကုန်သောက်ဖို့လိုအပ်ပါတယ်။ တကယ်လို့ ဆေးကိုအကုန်မသောက်ပါက သင့်ရောဂါလက္ခဏာတွေက ပြန်ပေါ်လာနိုင်ပါတယ်။

Immunotherapy

တကယ်လို့ ထိပ်ကပ်နာဖြစ်ခြင်းက ဓါတ်မတည့်မှုတစ်ခုခုကဖြစ်တာကြောင့်ဆိုပါက ဓါတ်မတည့်မှုသက်သာစေတဲ့ဆေးကိုထိုးပေးခြင်းနဲ့ သင့်ကိုဖြစ်စေတဲ့ ဓါတ်မတည့်မှုကနေသက်သာစေမှာပါ။

လူနေမှုဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးများ

ထိပ်ကပ်နာဖြစ်ခြင်းကိုသက်သာစေမယ့် လူနေမှုဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးတွေကဘာတွေလဲ။

အောက်ပါပြောပြထားတဲ့ လူနေမှုဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးတွေကတော့ ထိပ်ကပ်နာဖြစ်ခြင်းကို ကူညီပေးနိုင်တာတွေကတော့

-ဒီနည်းလမ်းတွေကတော့ သင့်ခန္ဓါကိုယ်က ပိုးဝင်တာကိုတိုက်ထုတ်တာရယ် ပြန်နာလန်ထ ကောင်းအောင်ရယ်ကူညီနိုင်မှာပါ။

-ရေတို့ ဖျော်ရည်တို့ များများသောက်ပါ.။ ဒီဟာတွေက သင့်ကို ချွဲပျော်ဖို့ရယ် အရည်စီးဆင်းမှုကောင်းအောင်ရယ်အားပေးပါတယ်။ ကဖင်းဓါတ်တို့ အရက်ပါတာတွေဟာ ရေဓါတ်ခမ်းခြောက်တာကိုဖြစ်စေတာကြောင့် ရှောင်ရပါမယ်။ အရက်သောက်ခြင်းဟာ မေးရိုးတွင်းကလေအိတ်ငယ်တွေရဲ့မျက်နှာပြင်ကို ပိုရောင်စေတတ်ပါတယ်။

-သင့်ရဲ့ မေးရိုးတွင်းလေအိတ်ငယ်လေးတွေကို စိုစွတ်အောင်လုပ်ထားပါ။ ရေနွေးငွေ့ကို မျက်နှာနားမှာ ထားပြီးရှုပါ။ ဒါမှမဟုတ် ရေနွေးပူပူနဲ့ရေချုးခြင်း၊လေခပ်နွေးနွေးကိုရှုပေးခြင်းတို့ပြ ုလုပ်ရပါမယ်။၎င်းတို့က နာကျင်မှုကိုသက်သာစေပြီးချွဲတွေကိုပျော်ပြီးထွက်စေပါတယ်။

-နွေးတဲ့ အဝတ်ကို မျက်နှာပေါ်အုပ်ပါ။ နွေးနေတဲ့အဝတ်ကိုသင့်ရဲ့နှာခေါင်းနား၊ပါးနားနဲ့ မျက်လုံးနားတွေမှာ ကပ်ပေးခြင်နဲ့ မျက်နာကနာကျင်မှုကို သက်သာစေပါတယ်။

-သင့်ရဲ့ နှာခေါင်းလမ်းကြောင်းကို သေချာစွာဆေးပါ။ အထူးလုပ်ထားတဲ့ ဗူးလိုမျိုးသုံးပြီး နှာခေါင်းလမ်းကြောင်းကိုသန့်ရှင်းပေးပါ။

-တကယ်လို့သင့်ဘာသာ ပြ ုလုပ်မယ်ဆိုရင် ရေသန့်ကိုသေချာအသုံးပြ ုပါ။ ရေကိုသေချာကျိုချက်၊ပေါင်းခံသန့်စင်တဲ့ ရေကိုပဲသုံးရပါမယ်။ သုံးပြီးရင်လည်း သေချာရေဆေးခြင်း ၊အခြောက်ခံခြင်းတို့ကို ပြ ုလုပ်ပေးပါ။

-သင့်ခေါင်းကို အမြင့်နေရာမှာထားပါ။ ဒီဟာက နှာခေါင်းပိတ်တာကိုသက်သာစေပြီး အရည်တွေစီးစေမှာပါ။

(တကယ်လို့ သင့်ဆီမှာမေးခွန်းတွေရှိသေးရင် သင့်အတွက်အကောင်းဆုံးအဖြေရရှိနိုင်ဖို့ သင့်ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးပါ။)

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Sandy Kyaw မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement