အစားအသောက်
အစားအသောက် ကျွမ်းကျင်သူတွေက သင့်အနေနဲ့ အစားအစာတွေကို နည်းနည်းချင်း ခွဲပြီး အကြိမ်များများ စားခြင်းက အစာအိမ် အလုပ်လုပ်တာ ပိုကောင်းစေသလို မအီမသာ ဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။ အစာအိမ်ထဲမှာ ဘာမှ မရှိတာက မအီမသာ ဖြစ်စေပါတယ်။ တံတွေးနဲ့ အစာအိမ်ရည်တွေ ထုတ်လုပ်မှု တိုးစေတဲ့ တချို့ အဆာပြေ အစားအစာတွေ၊ ဥပမာ – သကြားလုံး၊ ရှောက်ရည် ပါဝင်တဲ့ အစက်ချဆေးတွေက မအီမသာ ဖြစ်ခြင်းကို သက်သာစေပါတယ်။
ပူစီနံ (Peppermint)
ပူစီနံ (Peppermint) က မအီမသာဖြစ်ခြင်းကို ကုသဖို့ ဟိုးအရင်အချိန်တွေတုန်းက အသုံးပြုခဲ့တဲ့ ရိုးရာဆေးနည်းပါ။ ပူစီနံအရွက်နဲ့ အဆီတွေက အစာမကြေခြင်းနဲ့ ဗိုက်ပွခြင်းကို ကုသပေးပါတယ်။ သူက အစာတွေကို အစာအိမ်ဆီ မြန်မြန်ရောက်အောင် ပို့ပေးပြီး သင့် အစာအိမ်ကို ပြေလျော့စေပါတယ်။
ပူစီနံကို ဆေးလုံး၊ အဆီ ကြိုက်တဲ့ပုံစံနဲ့ သုံးနိုင်ပါတယ်။ ပူစီနံက ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အပါအဝင် လူအများစုနဲ့ တည့်ပါတယ်။ တကယ်လို့ သင့်မှာ gastroesophageal reflux disease (GERD) ရှိနေရင်တော့ သင် peppermint မသုံးသင့်ပါဘူး။
ကိုယ်လက်လှုပ်ရှားမှု အနေအထားများ
ခေါင်းမူးခြင်းနဲ့ မိုက်ခနဲဖြစ်ခြင်းက မအီမသာ ဖြစ်စေပါတယ်။ ဒါတွေက သွေးလည်ပတ်မှု ကြောင့်ပါ။ တချို့ အနေအထားတွေက မအီမသာဖြစ်ခြင်းကို သက်သာစေတဲ့အကြောင်းက သွေးကို လိုအပ်တဲ့နေရာဆီ ရောက်အောင် ပို့ပေးနိုင်လို့ပါ။ တစ်ချိန်တည်းမှာပဲ သွေးလည်ပတ်မှုကို ထိန်းချုပ်ပေးခြင်းဖြင့် သင့်ဦးနှောက်ကို ထိန်းညှိပေးပါတယ်။
အောက်မှာက သင့်အတွက် အကြံပေးချက်လေးတွေပါ။
- ညအိပ်တဲ့အခါ မှောင်မိုက်ပြီး တိတ်ဆိတ်တဲ့ အခန်း ရှိတာ ကောင်းပါတယ်။ ခေါင်းအုံး မပါဘဲ သင့်ခေါင်းကို တစ်ဖြောင့်တည်း ထားအိပ်ကြည့်ပါ။ အသက်ပုံ မှန်ရှူပါ။
- နံရံကိုကျောမှီ ထိုင်ပြီး ဒူးထောင်ထားပါ။ ခေါင်းကို ဒူးကြားညှပ်ပြီး အသက်ရှူပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။