Laparoscopic Gastric Bypass (အစာအိမ်တွင်း မှန်ပြောင်းထည့်အစာချေရည်လမ်းလွှဲခွဲစိတ်ခြင်း)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

အဓိပ္ပါယ်ဖွင့်ဆိုချက်

Laparoscopic gastric bypass ဆိုတာ ဘာလဲ?

Gastric bypass က သင့်ကို တစ်သက်စာ ကိုယ်အလေးချိန် ကျအောင် ကူညီပေးနိုင်ပါတယ်။ Gastric bypass ကို Roux-en-Y လို့လည်းခေါ်ပြီး အဲဒီခွဲစိတ်မှုမှာ သင့်ရဲ့ အစာအိမ်ကို အိတ်အသေးလေး ဖြစ်သွားအောင် ကျန်ရှိနေတဲ့ အစာအိမ်နဲ့ အူမကြီးတွေကို ရှောင်ပြီး ညှပ်ချုပ်ခြင်းပဲ ဖြစ်ပါတယ်။

ဒီလိုလုပ်ခြင်းက အစားစားတဲ့အခါ စောစော ဗိုက်ပြည့်စေခြင်းဖြင့် အစား နည်းစေတဲ့အပြင် သင့်ရဲ့ အစာထဲက တချို့ ကယ်လိုရီတွေနဲ့ အာဟာရတွေကို စုပ်ယူခြင်းမှ ကာကွယ်ပါတယ်။ ဒီခွဲစိတ်မှု အောင်မြင်ခြင်းက စားသောက်မှု အစီအစဉ်အသစ်နဲ့ လေ့ကျင့်ခန်းတွေ အပေါ်မှာလည်း မူတည်ပါတယ်။

အခြေခံအကြောင်းရင်းကို သိရှိခြင်း

ဘာကြောင့် Laparoscopic bypass ကို လုပ်ကြလဲ ?

တကယ်လို့ သင့်ရဲ့ BMI က ၄၀ ကျော်နေရင် ဒီခွဲစိတ်မှုက တစ်သက်တာ ကိုယ်အလေးချိန် ကျစေပါတယ်။ တကယ်လို့ သင့်ရဲ့ BMI က ၃၅ ကျော်နေတာပဲ ဖြစ်ဖြစ်၊ သင့်မှာ ဆီးချို type 2 ရှိနေတာပဲဖြစ်ဖြစ် သင့်ကို ဒီခွဲစိတ်မှုက ကူညီပါလိမ့်မယ်။

သင့်ရဲ့ BMI နဲ့ တခြားသော စစ်ဆေးမှုတွေ အပေါ် မူတည်ပြီး ဒီခွဲစိတ်မှုက သင့်အတွက် သင့်တော်မှု ရှိ၊ မရှိ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

သင့်အနေနဲ့ ခွဲစိတ်မှုအပြီး တစ်သက်တာ ကိုယ်အလေးချိန်ကျနိုင်တယ် ဆိုပေမယ့် ဒါကလည်း သင့်ရဲ့ နေထိုင်မှု ပုံစံအသစ်အပေါ်လည်း မူတည်ပါသေးတယ်။

တစ်သက်တာ ကိုယ်အလေးချိန်ကျခြင်းက သင့်မှာရှိတဲ့ အဝလွန်ခြင်းကြောင့်ဖြစ်တဲ့ ကျန်းမာရေး ပြဿနာတွေကို သက်သာလာစေမှာပါ။

Laparoscopic gastric bypass ခွဲစိတ်မှုကြောင့် စွန့်စားရမှာတွေက ဘာတွေလဲ ?

ခွဲစိတ်မှုတွေတိုင်းမှာ စွန့်စားမှုတွေ ရှိတဲ့အတွက် သင့်ရဲ့ဆရာဝန်ကို ဒီခွဲစိတ်မှုကြောင့် ဘာဆိုးကျိုးတွေ ရှိမလဲဆိုတာ ရှင်းပြခိုင်းပါ။

ခွဲစိတ်မှုတိုင်းရဲ့ ဖြစ်နိုင်တဲ့ဆိုးကျိုးတွေက အတွင်းပိုင်းသွေးထွက်လွန်ခြင်းနဲ့ သွေးခဲခြင်းတို့ပဲ ဖြစ်ပါတယ်။

Laparoscopic gastric bypass ခွဲစိတ်မှုကြောင့် အောက်ပါ ရှုပ်ထွေးမှုလေးတွေ ဖြစ်နိုင်ပါတယ်။

  • သင့်ရဲ့အူမကြီး၊ ဆီးအိမ်၊ သွေးကြော စတဲ့ အစိတ်အပိုင်းတွေ ထိခိုက်ခြင်း
  • အရေပြား တစ်သျှူးအောက် လေခိုခြင်း
  • ခွဲစိတ်ရာတစ်ဝိုက် အူကျခင်း
  • ညှပ်ချုပ်ရာ သွေးယိုခြင်း
  • ဆက်ထားသောနေရာမှ အရည်ယိုခြင်း
  • ဝမ်းဗိုက်အတွင်း အူကျခြင်း

ဒါ့အပြင် အောက်ပါ နာတာရှည်ပြဿနာတွေလည်း ဖြစ်နိုင်ပါတယ်။

  • အူမကြီးရဲ့ အလေ့အကျင့်ပြောင်းလဲသွားခြင်း၊ ဝမ်းချုပ်ခြင်း
  • အာဟာရ မလုံလောက်ခြင်း
  • ခွဲစိတ်ရာမှာ ပြည်တည်ခြင်း
  • ကျောက်တည်ခြင်း

ခွဲစိတ်မှုရဲ့ ဆိုးကျိုးတွေနဲ့ ရှုပ်ထွေးမှုတွေကို ခွဲစိတ်မှု မလုပ်ခင် သင်နားလည်ထားဖို့ အရေးကြီးပါတယ်။ သင်ပိုသိချင်ရင်တော့ သင့်ဆရာဝန် (သို့) ခွဲစိတ် ဆရာဝန်နဲ့ ဆွေးနွေးနိုင်ပါတယ်။

ကြိုတင်ပြင်ဆင်ခြင်း

Laparoscopic gastric bypass ခွဲစိတ်မှုအတွက် ဘာတွေ ပြင်ဆင်ရမလဲ ?

သင့်ရဲ့ဆရာဝန်နဲ့ သင်သိပ်မကြာခင်က သောက်သုံးနေတဲ့ဆေးတွေအကြောင်း၊ သင့်နဲ့ ဓါတ်မတည့်မှုတွေအကြောင်း၊ သင့်ရဲ့ ကျန်းမာရေး အခြေအနေတွေ အကြောင်း ခွဲစိတ်မှု မလုပ်ခင် ဆွေးနွေးပြီး မေ့ဆေးဆရာဝန်နဲ့ပါ တွေ့ပြီး အစီအစဉ် ချရပါလိမ့်မယ်။

ဆရာဝန် ချမှတ်ထားတဲ့ အချက်တွေအတိုင်း ဘယ်အချိန် အစားစားတာ ရပ်ရမယ်၊ ဘယ်အချိန် ရေသောက်တာ ရပ်ရမယ် စတာတွေကိုလည်း တစ်သဝေမတိမ်း လိုက်နာရပါလိမ့်မယ်။

သင့်ကို တိကျတဲ့ လိုက်နာရမယ့် အချက်တွေကို ပေးမှာဖြစ်ပါတယ်။ ခွဲစိတ်မှု မစခင်နာရီတွေမှာ သင်အစာစားလို့ ရ၊ မရ ဆိုတာမျိုးတွေလည်း ပါဝင်ပါတယ်။ များသောအားဖြင့် ခွဲစိတ်မှု မစခင် ခြောက်နာရီလောက်မှာ သင်ဝမ်းသွားထားရပါမယ်။ သင့်အနေနဲ့ ကော်ဖီလိုမျိုး အရည်တွေကို ခွဲစိတ်မှု မစခင် နာရီအနည်းငယ်အထိ သောက်လို့ ရချင်ရပါလိမ့်မယ်။

ခွဲစိတ်ကုသခြင်း

Laparoscopic gastric bypass ခွဲစိတ်မှုအတွင်းမှာ ဘာတွေဖြစ်နိုင်လဲ ?

ခွဲစိတ်မှုကို မေ့ဆေးပေးပြီး နှစ်နာရီကနေ လေးနာရီအထိ လုပ်ဆောင်ကြပါတယ်။

ခွဲစိတ်ဆရာဝန်က သင့်ရဲ့ဗိုက်ကို ခွဲရာ အများအပြားပေးပြီး မှန်ပြောင်းလိုမျိုး ခွဲစိတ်ခြင်းသုံး ကိရိယာတွေ ထည့်ပြီး သင့်ရဲ့ ဝမ်းဗိုက်အတွင်း ကြည့်ကာ ခွဲစိတ်မှု ပြုလုပ်ပါလိမ့်မယ်။

ခွဲစိတ်ဆရာဝန်က သင့်ရဲ့ အစာအိမ်နောက်မှာ ခွဲစိတ်ခန်းသုံး ညှပ်စက်ထည့်ဖို့ လှိုဏ်ခေါင်းလေး ဖောက်ပြီး သင့်အစာအိမ်ကို ညှပ်စက်နဲ့ ညှပ်ကာ အစာအိမ်အိတ် အသေးလေးတစ်ခု ဖြစ်သွားစေပါတယ်။

ခွဲစိတ်ဆရာဝန်ကပဲ သင့် အစာအိမ်အောက်က အူကို ပိုင်းဖြတ်ပါလိမ့်မယ်။ ပိုင်းဖြတ်လိုက်တဲ့ အူရဲ့ အောက်ပိုင်း အဆုံးကို သင့်ရဲ့ အစာအိမ်အိတ် အသစ်လေးမှာ တပ်လိုက်ပါမယ်။ အဲဒီအခါမှာ အစာအိမ် အသစ်လေးထဲမှာ ပါဝင်တာတွေက သင့်ရဲ့ ကျန်ရှိနေတဲ့ အစာအိမ်နဲ့ ပထမ အူအစိတ်အပိုင်းကို ရှောင်သွားပါလိမ့်မယ်။

သင့်မှာ မေခွန်းတွေရှိရင် သင့်ဆရာဝန် ဒါမှမဟုတ် ခွဲစိတ်ဆရာဝန်နဲ့ ဆွေးနွေးနိုင်ပါတယ်။

ခွဲစိတ်ပြီးနောက် အခြေအနေ

Laparoscopic gastric bypass ခွဲစိတ်မှု အပြီးမှာ ဘာတွေ ဆက်ဖြစ်လဲ ?

ခွဲစိတ်ပြီး နောက်နေ့မှာ သင်အိမ်ပြန်နိုင်ပါပြီ။ သီတင်းပတ်အနည်းငယ်မှာ သင် အရည်တစ်မျိုးပဲ သောက်လို့ရပြီး တဖြည်းဖြည်း ပျော့တဲ့အစာတွေ စားလာနိုင်ပါမယ်။ ခွဲစိတ်ပြီး ခြောက်ပတ်ကနေ ရှစ်ပတ်ကြာရင်တော့ ပုံမှန်အစာတွေ ပြန်စားနိုင်ပါပြီ။

သင့်အနေနဲ့ ခွဲစိတ်ပြီး နှစ်ပတ်ကနေ လေးပတ်အကြာမှာ သင့်ရဲ့ ခွဲစိတ်မှုနဲ့ သင့်ရဲ့အလုပ်အပေါ် မူတည်ပြီး အလုပ်ပြန်သွားနိုင်ပါပြီ။

လေ့ကျင့်ခန်း မှန်မှန်လုပ်ခြင်းက သင့်ရဲ့ ပုံမှန် လှုပ်ရှားမှုတွေဆီ မြန်မြန် ပြန်ရောက်စေပါလိမ့်မယ်။ သင်လေ့ကျင့်ခန်း မလုပ်ခင် သင့်ဆရာဝန်နဲ့ ဆွေးနွေးပါ။

ပျမ်းမျှအားဖြင့် ဒီခွဲစိတ်မှု ပြုလုပ်ပြီးသူတိုင်း သူတို့ရဲ့ အဆီပို တစ်ဝက်ကျော်ကျော် ကျသွားပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ:

    သင့်အတွက် ရွေးချယ်ထားသည်

    Tonometry (မျက်လုံးတွင်းဖိအားတိုင်းတာခြင်း)

    Tonometry (မျက်လုံးတွင်းဖိအားတိုင်းတာခြင်း)

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr . Phyu Mon Latt
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 20, 2017 . 4 mins read