Dental Plaque Self-Examination (သွားချေးများကို ကိုယ်တိုင် စစ်ဆေးခြင်း)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 18, 2019 . 3 mins read
Share now

အဓိပ္ပါယ်ဖွင့်ဆိုချက်

Dental Plaque Self-Examination (သွားချေးများကို ကိုယ်တိုင် စစ်ဆေးခြင်း) ကဘာလဲ။

Dental plaque self-examination ဆိုတာဘာလဲ။
Dental plaque self-examination ဟာ သွားပေါ်မှ ချေးတွေကို အရောင်စွန်းစေတဲ့ ထုတ်ကုန်တစ်ခုကို အသုံးပြုတာဖြစ်ပါတယ်။ သွားချေးတွေဟာ သွားတွေမှာ ကပ်နေတဲ့ ဘက်တီးရီးယားပုံတွေဖြစ်ပြီး သွားကြား (သို့) သွားဖုံးအောက်မှာ ရှိတတ်ပါတယ်။ သူတို့ဟာ သွားဂျိုးတွေ အဖြစ် မာသွားကြပါတယ်။ သွားချေးတွေက သင် သွားကို ဘယ်လောက်ကောင်းကောင်း တိုက်နေလဲဆိုတာနဲ့ သန့်ရှင်းရေး ဘယ်လောက်ကောင်းကောင်း လုပ်နေလဲဆိုတာကို ဖေါ်ပြပါတယ်။
သွားချေးဟာ သွားပေါ်မှာပေါက်တဲ့ ဘက်တီးရီးယားတွေ စုဝေးပြီး ဖြစ်ပေါ်နေတာဖြစ်ပါတယ်။ ဒီဘက်တီးရီးယားတွေဟာ အစာတွေထဲက သကြားနဲ့ ကစီဓါတ်တွေနဲ့ ဓါတ်ပြုပြီး အက်ဆစ် (သို့) သွား၊ သွားဖုံးနဲ့ အရိုးတွေကို ပျက်စီးစေတဲ့ အခြားအရာတွေ ဖြစ်လာကြပါတယ်။ အက်ဆစ်တွေဟာ သွားအပေါ်ယံကြွေလွှာကို ပျက်စီးစေပြီး ကြွေလွှာရဲ့ သတ္တုဓါတ်တွေကို ဖယ်ရှားလိုက်ပါတယ်။
အိမ်မှာ အသုံးပြုနိုင်တဲ့ ထုတ်ကုန်တွေကတော့ –
သွားချေးတွေကို ထင်ထင်ရှားရှားမြင်ရစေတဲ့
• ဆေးပြား
• ဆေးရည်
• ဂွမ်းစ တွေပဲဖြစ်ပါတယ်။
ဒီထုတ်ကုန်တွေဟာ သွားတိုက်စဉ် (သို့) သွားဖုံးသန့်ရှင်းရေး ပြုလုပ်စဉ်မှာ ကျန်နေနိုင်တဲ့ သွားချေးတွေကို အရောင်ဆိုးပေးပါတယ်။ ကောင်းမွန်စွာ သွားတိုက်ခြင်းနဲ့ သန့်ရှင်းရေးလုပ်ခြင်းဟာ သွားချေးတွေကို ဖယ်ရှားပေးပြီး ဘက်တီးရီးယားနဲ့ အက်ဆစ်ဝင်ရောက်မှုကို တားမြစ်ပေးကာ ပြဿနာတွေကို မဖြစ်စေနိုင်ပါဘူး။

Dental plaque self-examination တွေကို ဘာကြောင့် လုပ်ကြတာလဲ။

သွားချေးတွေဟာ သွားတွေပေါ်မှာ နေ့စဉ် ဖြစ်ပေါ်နေပြီး ဖယ်ရှားဖို့ လိုအပ်ပါတယ်။ သူတို့ဟာ သွားကြားမှာ၊ ကိုက်တဲ့ မျက်နှာပြင်၊ သွားနောက်၊ ကြားနဲ့ သွားဖုံးနဲ့ကပ်လျက်မှာ ဖြစ်ပေါ်တတ်ပါတယ်။
ဒီစစ်ဆေးမှုဟာ လွတ်သွားနိုင်တဲ့ သွားချေးတွေကို တွေ့ရှိစေပြီး သွားတိုက်ခြင်းနဲ့ သန့်ရှင်းရေးလုပ်ခြင်းကို ပိုမိုလွယ်ကူစေပါတယ်။ တကယ်လို့ သွားချေးတွေကို မဖယ်ရှားမိဘူးဆိုရင် သွားပိုးစားခြင်းနဲ့ သွားဖုံးရောင်ခြင်းတွေကို ဖြစ်စေနိုင်ပါတ်ယ။
သူတို့ကို စစ်ဆေးခြင်းဟာတော့ သွားနဲ့ ခံတွင်းကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။

ပြင်ဆင်မှု

Dental plaque self-examination ကိုမလုပ်ခင် ဘာတွေ သိထားသင့်သလဲ။

သွားကြည့်မှန်ဟာ ခံတွင်းအတွင်းပိုင်းကို ကြည့်ဖို့အသုံးပြုမယ်ဆိုရင် ရေငွေ့တွေနဲ့ ဝါးသွားနိုင်ပါတယ်။ သူ့ကို အသုံးမပြုခင် ရေနွေးနဲ့ ဆေးသင့်ပါတယ်။
ဆေးပြားတွေဟာ နှုတ်ခမ်းတွေနဲ့ ပါးတွေကို ခဏတာ ပန်းရောင်သန်းခြင်းကို ဖြစ်ပေါ်စေပါတယ်။ သူတို့ဟာသွားနဲ့ လျှာကိုလည်း နီမြန်းစေပါတယ်။ သွားဆရာဝန်တွေဟာ ဒီစစ်ဆေးမှုကို ညမှာ ပြုလုပ်စေပြီး ဒါမှသာ မနက်ကျရင် ဒီအရောင်တွေ မရှိတော့မှာ ဖြစ်ပါတယ်။

Dental plaque self-examination တွေကို ဘယ်လိုပြင်ဆင်သင့်သလဲ။

အောက်ပါအရာတွေ လိုအပ်ပါလိမ့်မယ်။
• သွားချေးတွေကို ထင်ထင်ရှားရှားမြင်ရစေတဲ့ ဆေးပြား၊ ဆေးရည်၊ ဂွမ်းစ
• ခံတွင်းအတွင်းပိုင်း မြင်ဖို့ခက်ခဲတဲ့ နေရာတွေကို ကြည့်ရန် သွားကြည့်မှန် အသေးစား
• လိုအပ်တဲ့ ပစ္စည်းတွေကို သွားဆေးခန်းတွေ၊ ဆေးဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။

စစ်ဆေးမှု

Dental plaque self-examination နဲ့ စစ်ဆေးနေချိန်မှာ ဘယ်လို ဖြစ်မှာလဲ။

သွားတိုက်ပြီး သန့်ရှင်းရေးပြုလုပ်ရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ သွားချေးတွေကို အထင်အရှားမြင်ရစေတဲ့ ဆေးရည်၊ ဂွမ်းစ တစ်ခုခုကို အသုံးပြုရမှာဖြစ်ပြီး ဆေးအညွှန်းတိုင်းလိုက်နာရမှာဖြစ်ပါတယ်။ ပါးစပ်ကို ရေနဲ့ညင်သာစွာ ဆေးရမှာဖြစ်ပါတယ်။ ဆိုးဆေးနဲ့ အရောင်ဆိုးထားသလို အရောင်ပြောင်းနေတဲ့ သွားချေးတွေ ရှိမလားဆိုတာ စစ်ဆေးရမှာဖြစ်ပါတယ်။ သွားဖုံးတွေဟာ အရောင်စွန်းပြီး အနီရောင်ပြောင်းနေပေမယ့် ပြဿနာမရှိပါဘူး။ သွားကြည့်မှန်ကို အသုံးပြုပြီး သွားနောက်နဲ့ ပါးစပ်နောက်က နေရာတွေကို ကြည့်နိုင်ပါတယ်။ အရောင်ပြောင်းနေတဲ့ သွားချေးတွေကို တွေ့ပြီဆိုရင် မပြောင်မချင်း တိုက်ချွတ်ဆေးကြောသင့်ပါတယ်။
သွားချေးတွေကို အရောင်ထင်ရှားစေသော ဆေးပြား
ဆေးပြားကို ဝါးစားပြီး တံတွေးနဲ့ ရောသွားပါစေ၊ ပါးစပ်ထဲမှာ စက္ကန့် ၃၀ ကြာအောင် မွှေ့ယမ်းပြီး ထွေးထုတ်ပစ်ပါ။

သွားချေးတွေကို အရောင်ထင်ရှားစေသော ဆေးရည်
ဆေးရည်တွေကို ပါးစပ်အတွင်းမှာထည့်ပြီး စက္ကန့် ၃၀ ကြာအောင် ပါးစပ်အတွင်း နှံ့အောင် မွှေ့ယမ်းပြီး ထွေးထုတ်ပစ်ပါ။

သွားချေးတွေကို အရောင်ထင်ရှားစေသော ဂွမ်းစ
ဂွမ်းစနဲ့ ပါးစပ်အတွင်းမှာ ရှိတဲ့နေရာအကုန်ကို တို့သင့်ပါတယ်။
ဒီထုတ်ကုန်တွေကို အရောင်စွန်းနေတဲ့နေရာမကျန်သည်အထိ သွားတိုက်ပြီး၊ သန့်ရှင်းရေး ပြုလုပ်ပြီးရင် ပုံမှန်အသုံးပြုသင့်ပါတယ်။ သွားချေးတွေကို ဖယ်ရှားပစ်တာ သေချာစေဖို့ တစ်လမှာတစ်ခါ စစ်ဆေးသင့်ပါတယ်။

ပြုလုပ်ပြီးနောက်

Dental plaque self-examination လုပ်ပြီးသွားချိန် ဘာဖြစ်မှာလဲ။

သွားချေးတွေကိုအရောင်ထင်ရှားစေတဲ့ ဆေးပြားတွေကို အသုံးပြုပြီးရင် ပါးစပ်နဲ့ လျှာမှာ ခဏတာအရောင်စွန်းနိုင်ပါတယ်။ ဒါဟာ တစ်ရက်တာ ကြာမြင့်မှာဖြစ်ပြီး အန္တရာယ် မရှိပါဘူး။ လူအတော်များများဟာ ဆေးပြားတွေကို ညမှာ အသုံးပြုကြပြီး နောက်ရက်မနက်ကျရင်တော့ ပါးစပ်ထဲမှာ ကျန်နေတဲ့ အစွန်းတွေဟာ အရောင်လျော့သွားပြီ ဖြစ်ပါတယ်။
အချို့ဆေးပြားတွေဟာ အနီရောင်တောက်တောက် အစွန်းတွေကို ဖြစ်စေပြီး အဝတ်အစားတွေကိုပါ စွန်းနိုင်ပါတယ်။
ဆေးအညွှန်းကို သေချာစွာဖတ်သင့်ပါတယ်။ အချို့ထုတ်ကုန်တွေမှာ လူတွေနဲ့ဓါတ်မတည့်တဲ့ ပစ္စည်းတွေ ပါဝင်နိုင်ပါတယ်။
ဒီစစ်ဆေးမှုနဲ့ပတ်သက်ပြီး မေးစရာရှိရင် ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။

ရလဒ်

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

အဖြေတွေက ဘာကို ဆိုလိုတာလဲ

ပုံမှန်အဖြေ
သွားချေး (သို့) အစာအကြွင်းအကျန်တွေ မတေ့ွရပါဘူး။
ပုံမှန်မဟုတ်တဲ့အဖြေ
ဆေးပြားတွေဟာ သွားချေးတွေကို အနီရင့်ရောင် ပြောင်းပေးပါလိမ့်မယ်။
ဆေးရည်တွေကတော့ လိမ္မော်ရောင် တောက်တောက်ကို ပြောင်းပေးပါလိမ့်မယ်။
အရောင်ရှိနေတဲ့နေရာတွေဟာ သွားသန့်ရှင်းရေး ပြုလုပ်စဉ်မှာ လွတ်ထွက်သွားနိုင်တဲ့ နေရာတွေပဲဖြစ်ပါတယ်။ အရောင်ရှိတဲ့ သွားချေးတွေကို ဖယ်ထုတ်ပစ်ဖို့ ဒီနေရာတွေကို သွားထပ်တိုက်ဖို့ လိုအပ်ပါတယ်။
ဒီစစ်ဆေးမှုနဲ့ပတ်သက်ပြီး ပိုမိုသိလိုတယ်ဆိုရင် ဆရာဝန်ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    ကျန်းမာရေးကိုဒုက္ခအပေးဆုံး Sleep Myths (၈) ခု

    ကျန်းမာရေးကိုဒုက္ခအပေးဆုံး Sleep Myths (၈) ခု အကြောင်းကို ပြောပြချင်ပါတယ်။ ဘာလို့လဲဆိုရင် Myth တွေဟာ လူတွေရဲ့ ကျန်းမာရေးကို အများကြီး ဒုက္ခပေးတတ်တာကြောင့်ပါ

    ရေးသားသူ Ye Zon Aung

    ထင်သလောက်မစွမ်း တော့ဘူးလား ကိုယ့်လူ

    အမျိုးသားတွေဟာ သူတို့ရဲ့ လိင်မှုစွမ်းဆောင်ရည် အားနည်းနေပြီ၊ ကျဆင်းလာနေပြီဆိုတာကို ထုတ်ပြောဖို့ သပ်ပြီး တွန့်ဆုတ်တတ်ကြပါတယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Zon Aung

    အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

    အမျိုးသမီးတွေမှာ ခံစားရနိုင်ခြေများနေတဲ့ ကျန်းမာရေးပြဿနာတွေက ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ သွေးဆုံးတာ၊ ကိုယ်ဝန်ဆောင်တာတွေပါ။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon

    လွယ်လည်းလွယ် အကုန်အကျလည်းမရှိတဲ့နည်းနဲ့ နှလုံးကျန်းမာရေး စစ်ဆေးကြည့်ရအောင်

    နှလုံးရောဂါကို စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေအမျိုးမျိုးရှိပေမယ့် အလွယ်ကူ၊ အရိုးရှင်းဆုံးနည်းလမ်းကတော့ stair-climbing test လို့ခေါ်တဲ့ လှေကားတက်နည်းဖြစ်ပါတယ်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Zon Aung

    သင့်အတွက် ရွေးချယ်ထားသည်

    ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

    ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် မတ် 9, 2021 . 2 mins read
    အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

    အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
    နှလုံးရောဂါနှင့် ဆီကြော်အစားအစာ များ

    နှလုံးရောဂါနှင့် ဆီကြော်အစားအစာ များ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Zon Aung
    ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
    ရနံ့ကုထုံး (Aromatherapy) ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

    ရနံ့ကုထုံး (Aromatherapy) ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 1, 2021 . 2 mins read