သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

Alpha-Antitrypsin Test (အယ်လ်ဖာဝမ်းအင်တီထရစ်ပ်ဆင် စစ်ဆေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Alpha-Antitrypsin Test (အယ်လ်ဖာဝမ်းအင်တီထရစ်ပ်ဆင် စစ်ဆေးခြင်း) ကဘာလဲ။

အယ်လ်ဖာဝမ်းအင်တီထရစ်ပ်ဆင် (ATT) စစ်ဆေးခြင်းဆိုတာ သွေးထဲက အယ်လ်ဖာဝမ်း အင်တီထရစ်ပ်ဆင်လို့ ခေါ်တဲ့ပရိုတိန်းတမျိုးကို စစ်ဆေးခြင်း ဖြစ်ပါတယ်။ အဲဒီပရိုတိန်းဟာ အဆုတ်တွေကို ထိခိုက်မှုမဖြစ်စေအောင် ကာကွယ်ပေးပါတယ်။ ATT ပုံမှန်မဟုတ်တဲ့ အခြေအနေကို သိရအောင် စစ်ဆေးခြင်းလည်း ပါဝင်ပါတယ်။

အယ်လ်ဖာဝမ်းအင်တီထရစ်ပ်ဆင်ရဲ့ မူလတာဝန်ဟာ အင်ဇိုင်းများစွာကို ရပ်တန့်စေဖို့ ဖြစ်ပါတယ်။ အရေးအကြီးဆုံးကတော့ Elastase ဖြစ်ပြီး သွေးဖြူဥကနေ ထုတ်လုပ်ပါတယ်။ ဒဏ်ရာရခြင်းနဲ့ ရောင်ရမ်းခြင်းတွေကို ပုံမှန်တုံ့ပြန်ရာမှာ ပါဝင်ပါတယ်။ Elatase ဟာ ပရိုတိန်းတွေကို ဖြိုခွဲပြီး ကိုယ်ခန္ဓါအတွက် ပြန်လည်အသုံးနိုင်စေပါတယ်။ ဒါပေမယ့် elastase ကို မထိန်းညှိနိုင်ရင် အဆုတ်တစ်သျှူးတွေကို ထိခိုက်စေပါတယ်။

Alpha-Antitrypsin Test (အယ်လ်ဖာဝမ်းအင်တီထရစ်ပ်ဆင် စစ်ဆေးခြင်း)ဘာကြောင့် လုပ်ဆောင်သလဲ

အောက်ပါအခြေအနေတွေကြောင့် လုပ်ဆောင်ပါတယ်။

  • အဆုတ်လေအိတ်များ ပျက်စီးတဲ့အခါ အယ်လ်ဖာဝမ်းအင်တီထရစ်ပ်ဆင် ချို့တဲ့မှု ရှိမရှိ စစ်ဆေးပါတယ်။ အထူးသဖြင့် လူနာမှာ ဆေးလိပ်သောက်ခြင်း၊ အဆုတ်ကို အနှောင့်အယှက်ပေးတဲ့ ဖုန်မှုန့်၊ မီးခိုးငွေ့တွေနဲ့ ထိတွေ့ခြင်း စတာတွေ ရှိမနေခဲ့ရင် ဖြစ်ပါတယ်။
  • အသားဝါခြင်း မပျောက်ကင်းတဲ့အခါ၊ တခြားအသည်းရောဂါတွေကို စစ်ဆေးလိုတဲ့အခါ သုံးပါတယ်။ ကလေးငယ်တွေမှာ အဓိကပြုလုပ်ပေမယ့် တခြားအရွယ်တွေမှာလည်း စစ်ဆေးပါတယ်။

ATT စစ်ဆေးခြင်း ၃မျိုး ရှိပါတယ်။ လူတယောက်ကို စစ်ဆေးဖို့ တမျိုး (သို့) ပိုပြီး အသုံးပြုပါတယ်။

  • သွေးထဲက ATT ပမာဏ စစ်ဆေးခြင်း
  • ATT ပုံပန်းစစ်ဆေးခြင်း။ ATT ပုံမှန်ပမာဏ ဟုတ်မဟုတ်၊ ပုံစံမှန်မမှန် စစ်ဆေးပါတယ်။
  • ATT ဗီဇစစ်ဆေးခြင်း။ SERPINA1 ဗီဇအမျိုးအစား ရှိမရှိ စစ်ဆေးပါတယ်။ ဗီဇအမျိုးအစားကွဲတွေကို စစ်ဆေးပါတယ်။ မိသားစုတွင်းမှာ ဗီဇလက်ဆင့်ကမ်းမှုကြောင့် အဆုတ်လေအိတ်ပျက်စီးခြင်း ဖြစ်သလား၊ သူ့ဖာသာ ဖြစ်သလား စစ်ဆေးနိုင်ပါတယ်။

သတိပြုရန်အချက်များ

အယ်လ်ဖာဝမ်းအင်တီထရစ်ပ်ဆင် စစ်ဆေးခြင်း မပြုမီ ဘာတွေသိသင့်လဲ

အောက်ပါအချိန်တွေမှာ စစ်ဆေးပါတယ်။

  • ကလေးတွေမှာ အသားဝါခြင်း တပတ်နှစ်ပတ်ထက်ပိုပြီး ဖြစ်ပွားတဲ့အခါ၊ ဘေလုံးကြီးခြင်း၊ ဝမ်းဗိုက်တွင်း အရည်စုခြင်း၊ အဆက်မပြတ်ယားယံခြင်း၊ တခြား အသည်းထိခိုက်ခြင်း လက္ခဏာတွေရှိရင် စစ်ဆေးပါတယ်။
  • အသက် ၄၀ထက်ငယ်ပြီး အသက်ရှူခက်ခြင်း၊ အဆုတ်လေပြွန်ရောင်ခြင်း စတဲ့ပြသနာတွေ ဖြစ်ရင် စစ်ဆေးပါတယ်။ အထူးသဖြင့် အထူးသဖြင့် လူနာမှာ ဆေးလိပ်သောက်ခြင်း၊ အဆုတ်ကို အနှောင့်အယှက်ပေးတဲ့ အရာတွေနဲ့ ထိတွေ့ခြင်း စတာတွေ ရှိမနေခဲ့ရင် အဆုတ်အောက်ပိုင်းမှာ ထိခိုက်မှုဖြစ်ရင် စစ်ဆေးပါတယ်။
  • အယ်လ်ဖာဝမ်းအင်တီထရစ်ပ်ဆင် ချို့တဲ့သူ မိသားစုတွင်းရှိရင် စစ်ဆေးပါတယ်။
  • မိသားစုဝင်ထဲဖြစ်ထားဖူးရင် ကလေးမှာ ထိခိုက်မှုရှိမရှိ သိလိုရင် စစ်ဆေးပါတယ်။

အယ်လ်ဖာဝမ်းအင်တီထရစ်ပ်ဆင်ဟာ ရောင်ရမ်းခြင်း၊ ရောဂါပိုးဝင်ခြင်းနဲ့ ကင်ဆာအချို့မှာ မြင့်တက်နေတတ်ပါတယ်။ သားဆက်ခြားဆေး သောက်ခြင်း၊ ကိုယ်ဝန်ရှိခြင်း၊ စိတ်ဖိစီးခြင်း စတဲ့အခြေအနေတွေမှာလည်း မြင့်နေတတ်ပါတယ်။ ယာယီဖြစ်စေ၊ ကြာရှည်ဖြစ်စေ မြင့်တက်ခြင်းဟာ ATT အတော်အသင့်ချို့တဲ့သူတွေအတွက်တော့ ပုံမှန်ပါပဲ။

မွေးကင်းစအဆုတ်ချို့ယွင်းတဲ့ရောဂါနဲ့၊ တခြားပြသနာတွေဖြစ်တဲ့ ကျောက်ကပ်ရောဂါ၊ အာဟာရမပြည့်ဝခြင်း၊ ကင်ဆာ စတာတွေမှာ ATT ပမာဏ ကျဆင်းတတ်ပါတယ်။

စစ်ဆေးမှုအဆင့်များ

စစ်ဆေးမှုအတွက် ဘယ်လိုပြင်ဆင်မလဲ

အောက်ပါအတိုင်း ပြင်ဆင်မှုတွေ ပြုလုပ်ပါတယ်။

  • လက်မောင်းမှာ သွေးစီးဆင်းမှုကို ရပ်သွားအောင် သားရေကွင်းစည်းပါလိမ့်မယ်။ သွေးပြန်ကြောတွေ ဖောင်းလာရင် အပ်ထိုးရလွယ်ပါလိမ့်မယ်။
  • အပ်ထိုးမယ့်နေရာကို အရက်ပျံသုတ်ပါလိမ့်မယ်။
  • သွေးပြန်ကြောထဲကို အပ်ထိုးထည့်ပါလိမ့်မယ်။ အိပ်တချောင်းထက်ပိုပြီး လိုအပ်နိုင်ပါတယ်။
  • သွေးကို ပြွန်ထဲစုပ်ထည့်ပါလိမ့်မယ်။
  • သွေးယူပြီးရင် သားရေကွင်းကို ဖြုတ်ပါလိမ့်မယ်။
  • အပ်နုတ်ချိန်မှာ ဂွမ်းလိပ်ကို ဖိကပ်ထားပါလိမ့်မယ်။

စစ်ဆေးချိန်မှာ ဘာတွေဖြစ်နိုင်သလဲ

စစ်ဆေးချိန်မှာ သွေးနမူနာကို ရယူပါလိမ့်မယ်။ လက်မောင်းမှာ သားရေကွင်းစည်းထားတာကြောင့် တင်းကျပ်ပြီး သက်တောင့်သက်သာ မရှိဘဲ ဖြစ်တတ်ပါတယ်။ အပ်စူးတဲ့ခံစားချက်ကို ကြုံရပါလိမ့်မယ်။

စစ်ဆေးပြီးချိန်မှာ ဘာတွေဖြစ်မလဲ

သွေးနမူနာရယူရမှာ ပြသနာမရှိသလောက်ပါပဲ။

အပ်ထိုးတဲ့နေရာမှာ သွေးခြေဥခြင်း အနည်းငယ် ဖြစ်ပါလိမ့်မယ်။ အိပ်ထိုးထားတဲ့ နေရာကို မိနစ်အနည်းငယ် ဖိထားပေးရင် သွေးခြေဥနိုင်ခြေ နည်းပါတယ်။

တခါတရံ သွေးယူပြီးချိန်မှာ သွေးပြန်ကြောဖောင်းလာတာ တွေ့နိုင်ပါတယ်။ ဒါကို သွေးပြန်ကြောရောင်ခြင်းလို့ ခေါ်ပါတယ်။ ရေနွေးအိတ်ကပ်ပေးနိုင်ပါတယ်။

ဒါ့အပြင် သွေးနဲ့ပတ်သက်တဲ့ ရောဂါတွေရှိရင် သွေးဆက်ပြီးထွက်နေတာ တွေ့ရနိုင်ပါတယ်။ အက်စ်ပရင်၊ ဝါဖရန်နဲ့ တခြားသွေးကျဲဆေးတွေဟာ သွေးထွက်နိုင်ခြေကို ပိုများစေပါတယ်။ သွေးမတိတ်တတ်တဲ့ ရောဂါရှိရင်၊ သွေးကျဲဆေးတွေ သောက်နေရရင် ဆရာဝန်ကို ကြိုပြောပါ။

အယ်လ်ဒိုစတီရုန်းစစ်ဆေးခြင်းနဲ့ ပတ်သက်ပြီး သိချင်တာတွေရှိရင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။

ရလာဒ်များ

ဘယ်လိုရလာဒ်တွေ တွေ့ရမလဲ

  • ATT ပမာဏ။ ATT ပကမာဏ လျော့နည်းခြင်းဟာ ATT ချို့တဲ့ခြင်းကို ပြနေပါတယ်။ အဆုတ်ပျက်စီးခြင်း ဖြစ်နိုင်ခြေ များပါတယ်။
  • ATT ပုံပန်းစစ်ဆေးခြင်း။ ATT ပုံစံမမှန်သူများမှာ ဘယ်လောက်ပမာဏရှိလဲ၊ ဘယ်လိုပုံစံကွဲသလဲပေါ် မူတည်ပြီး ရောဂါဖြစ်တတ်ပါတယ်။ လှုပ်ရှားမှုသိပ်မရှိတဲ့ ပုံစံများဟာ အဆုတ်ရော အသည်းမှာပါ ရောဂါဖြစ်စေနိုင်ပါတယ်။
  • ATT ဗီဇစစ်ဆေးခြင်း။ လူအများစုမှာ ပုံမှန်အတိုင်း ဗီဇဆက်ခံပြိး ATT ပမာဏ လုံလောက်မှု ရှိပါတယ်။ SERPINA1 ဗီဇအမျိုးအစား ပုံမှန်မဟုတ်ရင်တော့ ATT လျော့နည်းပြီး အဆုတ်၊ အသည်းရောဂါများ ဖြစ်ပွားနိုင်ပါတယ်။

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Verifying...
health-tool-icon

ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ။

ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။

အမျိုးသား

အမျိုးသမီး

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Reference:
Alpha-1 antitrypsin test. https://labtestsonline.org/understanding/analytes/alpha1-antitrypsin/tab/test/ . Accessed February 17, 2017.
Alpha-1 antitrypsin test. https://medlineplus.gov/ency/article/003715.htm . Accessed February 17, 2017.
Alpha-1 antitrypsin test. https://www.alpha1.org/Newly-Diagnosed/Learning-about-Alpha-1/Testing-for-Alpha-1 . Accessed February 17, 2017.

စာရေးသူ ဓာတ်ပုံbadge
Dr. Thant Zin မှ ရေးသားသည်။ 13/09/2019 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။