brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အသည်းအစားထိုး ကုသခြင်းအကြောင်း သိကောင်းစရာများ ။ ။

ကိုယ့်အသည်းက ခြောက်နေလို့၊ အသည်းကင်ဆြာဖစ်နေလို့၊ အသည်းအလုပ်မလုပ်တော့လို့ဆိုတဲ့ ပြင်းထန်ရောဂါတွေ အကြောင်းကြားဖူးကြမှာပါ။ ရှေးတုန်းကဆို ဒီလို ရောဂါတွေဖြစ်ရင် ခဏလေးနဲ့ အသက်ဆုံးရှုံကြပေမယ့် ခုနောက်ပိုင်း ဆေးပညာတွေတိုးတက်လာတော့ အသည်းအစားထိုးတဲ့ ခွဲစိတ်မှုကြီးကို လူတိုင်းကြားဖူးကြမှာပါ။ ကြားသာကြားဖူးတယ်ဘာလဲဆိုတာ သေချာသိချင်တဲ့သူတွေနဲ့ အသည်းအစားထိုးဖို့လိုအပ်တဲ့လူနာတွေအတွက် အသည်းအစားထိုးတော့မယ်ဆိုရင် ဘာတွေသိသင့်သလဲဆိုတဲ့အကြောင်း ပြောပြပေးတော့မှာပါ။ ။

အသည်းအစားထိုး ကုသခြင်းအကြောင်း သိကောင်းစရာများ ။ ။

ဘယ်သူတွေက အသည်းအစားထိုးဖို့လိုအပ်လဲ ။ ။

  • နာတာရှည်အသည်းရောင် ရောဂါဖြစ်ပြီး အသည်းခြောက်သွားတဲ့အခါ
  • သည်းခြေလမ်းကြောင်း ကျဉ်းတဲ့အခါ
  • အရက်စွဲနေပြီးအသည်းမကောင်းတော့တဲ့အခါ
  • အသည်းကင်ဆာ ဖြစ်တဲ့သူတွေနဲ့
  • အသည်းလုံးဝအ လုပ်မလုပ်နိုင်တော့တဲ့သူတွေ ဟာ အသည်းအစားထိုးဖို့လိုအပ်တဲ့သူတွေပါ။
  • အသည်းအစားထိုးတယ်ဆိုတာဘယ်လိုမျိုးလဲ။ ။

    အသည်းအစားထိုးတယ်ဆိုတဲ့နေရာမှာ အလှူရှင်နဲ့ လက်ခံသူရှိရပါမယ်။ အလှူရှင်ရဲ့ အသည်းတစ်ခြမ်းကို လှီးပြီး လက်ခံသူကို အဲဒီ တစ်ခြမ်းအစားထိုးပေးတာဖြစ်ပါတယ်။ ဒီနေရာမှာ

    • သက်ရှိအလှူရှင်ဆီက အသည်း အစားထိုးခြင်းနဲ့
    • သေဆုံးပြီး အလှူရှင်ဆီက အသည်းအစားထိုးခြင်း ဆိုပြီး၂ မျိုးရှိပါတယ်။

    Living donor transplant (သက်ရှိအလှူရှင်ဆီက အသည်း အစားထိုးခြင်း)

    သက်ရှိရှိတဲ့ အလှူရှင်က သဘောတူတဲ့အခါ ၊ လက်ခံသူနဲ့ အလှူရှင်ဆေးစစ်ချက်တွေ ကိုက်ညီတဲ့ အခါမျိုးဆိုရင် အလှူရှင်ဆီက အသည်းတစ်ခြမ်းကို လက်ခံသူဆီထည့်ပေးတာကို Living donor transplant လို့ခေါ်ပါတယ်။

    ဒီနေရာမှာ အသည်းတစ်ခြမ်းပဲ ကျန်ခဲ့တဲ့ အလှူရှင်ဘက်မှာ ထိခိုက်သွားတာတွေရှိမလာလို့မေးစရာရှိပါတယ်။ အသည်းဆိုတဲ့ ကိုယ်တွင်းအစိတ်အပိုင်းလေးမှာ regeneration လို့ခေါ်တဲ့ ဆဲလ်တွေပြန်ပွားနိုင်စွမ်းရှိတာကြောင့် အသည်းအစားထိုးခွဲစိတ်မှုလုပ်ဆောင်ပြီး လအနည်းငယ်လောက်မှာတင် ပုံမှန်အရွယ်အစားအတိုင်း ပြန်ရောက်သွားနိုင်လို့ အလှူရှင်ဆီမှာရော လက်ခံသူဆီမှာရော ထိခိုက်မှု မရှိပါဘူး။

    Deceased Donor liver transplant (သေဆုံးပြီး အလှူရှင်ဆီက အသည်းအစားထိုးခြင်း)

    ကိုမာဝင်သွားပြီး ဦးနှောက်သေသွားတဲ့လူနာတွေ ၊ရုတ်တရက် နှလုံးရပ်ပြီး သေသွားတဲ့လူနာတွေခွင့်ပြုခဲ့ရင်သော်လည်းကောင်း၊ လူနာရှင်တွေ သဘောတူရင်လည်းကောင်း သေပြီးသားသူတွေဆီက အသည်းကိုအစားထိုးတဲ့ခွဲစိတ်မှုပါ။

    အသည်းအစားမထိုးခင် ဘာတွေလုပ်ဖို့လိုလဲ ။။

    • အလှူရှင်နဲ့ လူနာ သွေးအမျိုးအစား တူမတူ စစ်ဆေးရမယ်
    • တစ်ရှူးအမျိုးအစားတူဖို့ကလည်း အရေကြီးတဲ့အချက်ဖြစ်ပြီး
    • ရောဂါပိုးကင်းရှင်းရဲ့လားစစ်ဆေးရမယ်
    • CTအာထရာဆောင်း တွေရိုက်၇မယ်
    • နှလုံးကောင်းမကောင်း စစ်ဆေးရမယ်
    • အဆုတ်နဲ့ပက်သက်တဲ့စစ်ဆေးချက်တွေ
    • နောက်ပိုင်း အသည်းကင်ဆာ ဖြစ်လာနိုင်ချေရှိမရှိစစ်ဆေးချက်တွေနဲ့
    • ကျောက်ကပ်လုပ်ဆောင်မှုစစ်ဆေးချက် စတာတွေကို လုပ်ရမှာဖြစ်ပါတယ်။

    အလှူရှင်တစ်ယောက်မှာဘယ်လို အချက်တွေရှိသင့်လဲ။

    • အလှူရှင်တွေက အသက် ၁၈ -နှစ်ကနေ ၅၅ နှစ်အတွင်းရှိသ့င်ပြီး
    • ကိုယ်တိုင် လိုလိုလားလား လှူချင်သူဖြစ်ရမယ်
    • ကျန်းမာရေးကောင်းသူဖြစ်ရမယ်။
    • ရောဂါပိုးအားလုံးလည်း ကင်းရှင်းသူဖြစ်ရပြီး
    • အရက်သေစာ၊ မူးယစ်ဆေးတွေနဲ့ ကင်းဝေးသူဖြစ်ဖို့လိုပါတယ်။

    အသည်းအစားထိုးကုသမှုခံယူးပြီး ဘာတွေလိုက်နာဖို့လိုလဲ။

    အသည်းအစားထိုး ကုသမှု ခံယူပြီးသူတိုင်း ကိုယ့်ကျန်းမာရေးကို သေချာဂရုစိုက်ဖို့အရေးကြီးပါတယ်။ ဝင်လာတဲ့ အသည်းအသစ်ကို ကိုယ်ခန္ဓါခုခံအား ပြန်တိုက်မှာ စိုးတာကြောင့် ခုခံအားကို ဖိထားတဲ့ဆေးတွေ သောက်ရပါလိမ့်မယ်။ ဒါ့ကြောင့် ရောဂါပိုးတွေ မဝင်အောင် အစားအသောက်တွေ သန့်ဖို့၊ တစ်ကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်ဖို့ ၊ဆေးတွေ မှန်မှန်သောက်ဖို့ ဆရာဝန် ညွှန်ကြာထားတာတွေ သေချာလိုက်နာဖို့ အရမ်းအရေးကြီးပါတယ် ။ ။

    မကောင်းတဲ့အသည်းကို အခြားသူရဲ့ အသည်းနဲ့ အစားထိုးပြီး ကုသတယ်၊ ကုသလို့ အာင်မြင်တဲ့ရာခိုင်နှုန်းကလည်း များတယ်ဆိုတော့ သူ့လောက်ကောင်းတဲ့ ကုသမှု ရှိဦးမလား။ တိုးတက်လာတဲ့ဆေးပညာကိုကျေးဇူးတင်ရမှာပဲ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 04/10/2022 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။