backup og meta

ဝိတ်ချတဲ့အခါ သွေးအမျိုးအစားအလိုက် စားပေးသင့်သည်များ


Aye Thi Mon မှ ရေးသားသည်။ · 06/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝိတ်ချတဲ့အခါ သွေးအမျိုးအစားအလိုက် စားပေးသင့်သည်များ

    လေဒီေတာ်တော်များများရဲ့ စိတ်ကူးက ကျစ်လျစ်သွယ်လျလှပတဲ့ ခန္ဓါကိုယ်အချိုးအစားနဲ့မြင်သူငေးလောက်တဲ့ အသားအရေကို ပိုင်ဆိုင်ချင်ကြတာများပါတယ်နော်။ အခုနောက်ပိုင်းမှာ ဒီစိတ်ကူးကို အကောင်အထည်ဖော်ဖို့အတွက်လေဒီလေးတွေက Diet လုပ်တာ၊ Gymဆော့တာတွေကိုလုပ်လာကြပါတယ်။ ဒီလိုတွေလုပ်တဲ့အခါမှာလည်း သူများတွေကျ ပိန်သွားလိုက်တာ ငါ့ကျမှဘာလို့ မပိန်ရတာလဲလို့တွေးနေတဲ့ Hello ဆရာဝန်ရဲ့ ပရိသတ်တွေများရှိနေလား။ ဒါဆိုရင် ဒီနည်းလေးက အသုံးတည့်မယ်ထင်ပါတယ်။

    သွေးအမျိုးအစားအလိုက် Diet လုပ်ကြမယ်

    သွေးအမျိုးအစားအလိုက်လုပ်ရတဲ့ Diet ဆိုလို့ နည်းနည်းများထူးဆန်းသွားလား။ ဒီနည်းလမ်းကို ၁၉၉၆ ခုနှစ်ကPeter D’Adamo ဆိုတဲ့ ဆရာဝန်တစ်ယောက်က ရှာတွေ့ခဲ့ပါတယ်။ လူတွေအနေနဲ့ သူတို့ရဲ့သွေးအမျိုးအစားနဲ့ ကိုက်ညီတဲ့ အစားအစာတွေကို စားသုံးတာက ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်သလို ဝိတ်ကျချင်သူတွေအတွက်လည်း အသုံးတည့်တယ်၊လို့တွေ့ရှိခဲ့တာပါ။ ဒါကြောင့် သူများတွေပိန်ပေမယ့် ကိုယ်မပိန်တာက အများပြောသလို ငါကရေသောက်လည်း ဝ၊လေရှုလည်း ဝဖြစ်နေတာမဟုတ်ပါဘူး။ ကိုက်ညီတဲ့ ဓါတ်စာကို မစားမိသေးတာလည်းဖြစ်နိုင်တာကြောင့် ဒီဆောင်းပါးလေးကနေတဆင့် သတင်းကောင်းလေးပါးပါရစေနော်။

    စာဖတ်ပရိသတ်ကြီးက Oသွေးအမျိုးအစားဆိုရင်တော့

    Oသွေးပိုင်ရှင်တွေအနေနဲ့ အဆီမပါတဲ့ အသားဟင်းသီးဟင်းရွက်တွေငါး နဲ့ သစ်သီးတို့ကို စိတ်ကြိုက်စားလို့ရပါတယ်။ ဒါပေမယ့် ဆန်၊ ဂျုံ၊ ပြောင်းဖူးနဲ့ ပဲအမျိုးမျိုးကိုတော့ အကန့်အသတ်နဲ့ပဲစားသုံးပေးပါ။ ဝိတ်ကျချင်တယ်ဆိုရင်တော့ ပင်လယ်စာ၊အနီရောင်အသား၊၊ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်တို့ကိုစားသုံးပေးပါ။ သံလွင်ဆီသုံးပြီးချက်ပြုတ်စားသုံးတာအကောင်းဆုံးဖြစ်မှာပါ။ နို့ထွက်ပစ္စည်းတွေကိုရှောင်ပေးပါနော်။

    စာဖတ်ပရိသတ်ကြီးက A သွေးအမျိုးအစားဆိုရင်တော့

    Aသွေးပိုင်ရှင်တို့ကတော့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ပဲပြား၊ ပင်လယ်စာ၊ ကြက်ဆင်သား နဲ့ ကောက်နှံတို့ကို စိတ်ကြိုက်စားသုံးလို့ရပါတယ်။ ဒါပေမယ့် အနီရောင်အသားတွေကိုတော့ လုံးဝမစားသင့်ပါဘူး။ ဝိတ်ကျချင်တယ်ဆိုရင်တော့ ပင်လယ်စာ၊ ဟင်းသီးဟင်းရွက်တွေ၊ နာနတ်သီး၊ ပဲပိစပ်တို့ကို စားသုံးပေးပါ။ ဆီကတော့ သံလွင်ဆီကို အသုံးပြုတာအကောင်းဆုံးဖြစ်မှာပါ။ နို့ထွက်ပစ္စည်းတွေ၊ ဂျုံ၊ပြောင်းဖူး၊ ဗိုလ်စားပဲတို့ကို ရှောင်ပေးပါ။

    စာဖတ်ပရိသတ်ကြီးက B သွေးအမျိုးအစားဆိုရင်တော့

    Bသွေးပိုင်ရှင်တွေအနေနဲ့ကတော့ အဆီမပါတဲ့ အသား၊ သစ်သီးတွေ၊ နို့ထွက်ပစ္စည်းတွေ၊ ပင်လယ်စာ နဲ့ကောက်နှံတွေကို စားသုံးပေးလို့ရပါတယ်။ သိပ်ကြီးကြီးမားမားရှောင်စရာရယ်လို့ မရှိတဲ့သွေးအမျိုးအစားပေါ့။ Bသွေးပိုင်ရှင်တွေအနေနဲ့ ဝိတ်ကျချင်တယ်ဆိုရင်တော့ အစိမ်းရောင် ဟင်သီးဟင်းရွက်တွေ၊ ဥအမျိုးမျိုး၊ အသည်း၊ရေနွေးကြမ်းတို့ကို စားသုံးပေးပါ။ ကြက်သား၊ ဂျုံ၊ မြေပဲတို့ကိုတော့ရှောင်ပေးရပါမယ်။

    စာဖတ်ပရိသတ်ကြီးက AB သွေးအမျိုးအစားဆိုရင်တော့

    ABသွေးပိုင်ရှင်တွေအနေနဲ့ကတော့ နို့ထွက်ပစ္စည်းတွေ၊ ပဲပြား၊ သိုးသား၊ ငါး၊ကောက်နှံတွေ၊ သစ်သီးတွေ နဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးလို့ရပါတယ်။ ကိုယ်အလေးချိန်ကျချင်တာဆိုရင်တော့ ပဲပြား၊ ပင်လယ်စာ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ၊ ပင်လယ်ရေမှော်တို့က အသင့်တော်ဆုံးပါ။ ကြက်သား၊ပြောင်းဖူး၊ ဂျုံနဲ့ ဗိုလ်စားပဲတို့ကိုတော့ မစားတာအကောင်းဆုံးဖြစ်မှာပါ။

    ကဲ ဝိတ်မကျလို့ စိတ်ဓါတ်ကျမနေနဲ့နော်၊ ဒီနည်းလေးစမ်းကြည့်လိုက်ပါ။ ဝိတ်မကျရင်တောင် ကိုယ်အလေးချိန်ထပ်တက်မလာဘဲနေ့စဉ်ကျန်းမာပျော်ရွှင်တဲ့ ဘဝကိုပိုင်ဆိုင်နိုင်မှာ အသေအချာပါ။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 06/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement