brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

အသည်းခြောက်တဲ့သူတွေ သိထားသင့်တဲ့ စားသောက်နေထိုင်မှု ပုံစံ ။

အသည်းခြောက်တဲ့သူတွေ သိထားသင့်တဲ့ စားသောက်နေထိုင်မှု ပုံစံ ။

အသည်းခြောက်တဲ့သူတွေ သိထားသင့်တဲ့ စားသောက်နေထိုင်မှု ပုံစံ ။

အသည်းဆိုတာ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ထုတ်ပေး၊ ကိုယ်သောက်လိုက်တဲ့ဆေးတွေ အာဟာရတွေကိုဖြိုခွဲပေး၊ ပိုနေတဲ့ ဂလူးကိုစ့်တွေကို သိမ်းဆည်းပေး၊ လိုလာရင် ပြန်ထုတ်ပေးလိုက်နဲ့ တကယ်ကို အလုပ်များပြီး အရေးကြီးလွန်းတဲ့ကိုယ်တွင်းကလီစာတစ်ခုပါ။

ခက်တာက နောက်ပိုင်း ပြောင်းလဲလာတဲ့ လူနေမှု ပုံစံရယ်၊ မဆင်ခြင်တဲ့ ကိုယ်တွေရဲ့ စားသောက်ပုံစံတွေကြောင့် အသည်းရောင်အသားဝါပိုးတွေ ကူးစက်ခံရတာ၊ အသည်းမှာထိခိုက်သွားတာ၊ ကနေ အဆိုးဆုံးတွေဖြစ်တဲ့ အသည်းခြောက်၊ အသည်းကင်ဆာတွေ အထိ ဖြစ်သွားပြီး အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

  • အရက်ကြောင့်အသည်းခြောက်မယ်
  • အသည်းရောင်အသားဝါ ပိုးတွေကြောင့် အသည်းခြာက်မယ်
  • အသည်းအဆီဖုံးရာကနေ နောက်ဆုံး အသည်းခြောက်မယ်။ စသဖြင့် နည်းပေါင်းစုံနဲ့ အသည်းခြောက်နိုင်ပါတယ်။ အသည်းခြောက်သွားပြီဆို ပြန်ကောင်းဖို့ အခွင့်အလမ်းနည်းပါးပြီး အသည်းတစ်ခုလုံး အစားထိုးကုသမှု ပြန်ကောင်းမယ့် ရောဂါတစ်ခုပါ။

ဒီလို ဆိုးဝါးတဲ့ အသည်းခြောက်တဲ့ ပြဿနာကိုယ့်ဆီမှာ ကံမကောင်းစွာနဲ့ ဖြစ်နေပြီဆိုရင်တော့ ကိုယ့်ဘက်က ပြောင်းလဲသင့်တဲ့ စားသောက်နေထိုင်မှု ပုံစံကို သိမှဖြစ်တော့မှာပါ။ ဒါမှ ထိခိုက်နေတဲ့အသည်း ဝန်မပိရအောင်၊ ပိုပြီး ပျက်စီးမသွားရအောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ဒီတော့အသည်းခြောက်နေတဲ့သူတစ်ယောက်က ဘာတွေစားပြီး ဘာတွေရှောင်ရမလဲ ။

  • အငန်လျှော့စားပါ – အသည်းခြောက်တဲ့အခါ ရေဖျင်းဆွဲပြီးဖောနေတတ်ပါတယ်။ နောက်ပြီး ငန်တဲ့စားစရာတွေမှာပါတဲ့ ဆိုဒီယမ်က ရေကိုဆွဲထားတတ်တဲ့ အာနိသင်ရှိတာကြောင့် ကိုယ်ခန္ဓာမှာ အရည်တွေ ပိုစုလာတော့မှာပါ။
  • အသည်းခြောက်တဲ့အခါ ပျို့ချင် အန်ချင်တာတွေ ခဏခဏဖြစ်မယ်၊ ခံတွင်းမလိုက်တော့ဘဲ အစားအသောက်ပျက်လာမယ်၊ ဒီလိုနဲ့ ဗိုက်ကြီးပဲ ဖောကျန်ပြီး ကျန်တဲ့နေရာတွေပိန်လှီလာတတ်ပါတယ်။ ဒါကြောင့် အသည်းခြောက်တဲ့သူတွေက ကယ်လိုရီများတဲ့အစားအစာတွေနဲ့ ပရိုတင်းတွေ စားပေးဖို့လိုပါတယ်။ ပရိုတင်းမှာဆို အသားကရတဲ့ ပရိုတင်းထက် အပင်က ရတဲ့ ပရိုတင်း ( ပဲအမျိုးမျိုး) က သင့်အသည်းကို ဝန်မပိစေမှာဖြစ်တာကြောင့် ပဲများများစားပါ။
  • အရက်လုံးဝဖြတ်ပါ။ – အရက်က အသည်းခြောက်ခြင်ကို ဖြစ်စေတဲ့ အဓိက တရားခံအုပ်စုထဲမှာပါပါတယ်။ ဒါကို အသည်းခြောက်နေရက်နဲ့ အရက်ဆက်သောက်နေမယ်ဆိုရင် အသည်းခဏလေးနဲ့ ပျက်စီးသွားတတ်ပါတယ်။
  • အဆီများတဲ့ အစားအစာတွေ ရှောင်ပါ။ – အဆီများတဲ့ အစားအစာတွေက အသည်းအဆီဖုံးခြင်းကို ပိုဖြစ်စေတာကြောင့် အသည်းခြောက်တဲ့ပြဿနာပိုဆိုး သွားနိုင်ပါတယ်။
  • ကဖင်းဓာတ်များတဲ့ အစားအစာတွေက အသည်းကို ဝန်ပိုပိစေနိုင်တာကြောင့် ကဖင်းများတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ အားဖြည့် အချိုရည်တွေကို ရှောင်ဖို့လိုပါတယ်။

ပြောင်းလဲသင့်တဲ့လူနေမှုပုံစံတွေကတော့

  • ကိုယ်အလေးချိန်ကို ထိန်းထားပါ။ ကိုယ်အလေးချိန်များလေလေ အသည်းအဆီဖုံးလေလေဖြစ်နိုင်တာကြောင့်ပါ။
  • အသည်းရောင်အသားဝါပိုး မကူးစက်ခံရအောင် ကြိုတင်ကာကွယ်ဖို့အတွက် ကာကွယ်ဆေးတွေ ထိုးထားပါ။
  • ဆေးလိပ်ပါဖြတ်ပါ။ ဆေးလိပ်က အသည်းကို ထိခိုက်စေနိုင်တာကြောင့်ပါ။
  • အခြား သွေးတိုး၊ ဆီးချို၊ သွေးတွင်း ကိုလက်စရောများတဲ့ ပြဿနာတွေရှိရင် အားလုံးကို ထိန်းနိုင်အောင် ကြိုးစားပါ။
  • အသည်းထိခိုက်အောင်လုပ်နေတဲ့ ဆေးတွေ စွဲသောက်မိနေရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးပြောင်းသောက်ပါ။

နောက်ပြီး ကိုယ့်အသည်းအခြေအနေကို ပုံမှန်စစ်ဆေးပေးနေဖို့လိုပါတယ်။ ဒါမှ ရောဂါ ဘယ်အဆင့်ရောက်နေပြီလဲ အသည်းအစားထိုးဖို့လိုလားစတာတွေကို သိနိုင်မှာပါ ။ ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Thin Yadanar @ Frances · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။