ရုပ်ရှင်တွေထဲမှာ တွေ့ဖူးမှာပေါ့။ အသည်းအစားထိုးရမယ်တို့၊ ကျောက်ကပ်အစားထိုးရမှာမို့လို့ အလှူရှင်လိုက်ရှာကြတာတွေ။ ကိုယ်အင်္ဂါတွေကို အစားထိုးမယ်ဆိုရင် လူအရှင်ဆီက ယူလို့ရသလို၊ လူသေဆီကလည်း ယူလို့ရပါတယ်။ ဒီဆောင်းပါးမှာတော့ လူအရှင်ဆီကနေ ကိုယ်အင်္ဂါအစားထိုးတာနဲ့ ပတ်သက်ပြီး ပြောပြပါမယ်။