ဝှေးစေ့မှာပဲ အကျိတ်က ရှိတယ်ဆို 5 years survival rateက ၉၉ရာခိုင်နှုန်းဖြစ်ပြီး သူ့အနီးအနားက တစ်ရှူးတွေ၊ ပြန်ရည်ကျိတ်တွေကို ပျံ့သွားမယ်ဆိုရင်တော့ ၉၆ရာခိုင်နှုန်း ရှိပါတယ်။ စောစောသိလို့ ခွဲစိတ်ကုသလိုက်ရင် မြန်မြန်သက်သာပါတယ်။ အပြင်ကို ပျံ့သွားမှဆိုရင် သိပ်မထူးတော့ပါဘူး။
သိုင်းရွိုက်ကင်ဆာတိုင်း မဟုတ်ပေမယ့် တချို့အမျိုးအစားတွေက အဆင့် ၁၊ ၂ လောက်ပဲ ဆိုရင်တော့ ရှင်နိုင်စွမ်းက ၉၈ကနေ ၁၀၀ရာခိုင်နှုန်းပါ။ လည်ပင်းမှာရှိနေတဲ့အတွက် တစ်ခုခု အကျိတ်ထွက်လာပြီဆို သိလွယ်ပါတယ်။ အကျိတ်က ကြီးတာလည်း နှေးတဲ့အတွက် ကုဖို့ အချိန်ပိုရပါတယ်။ ဘေးနားက တစ်ရှူးတွေကို အနည်းအပါးပြန့်သွားခဲ့ရင်တောင် သိုင်းရွိုက်ဂလင်းကို ဖယ်ထုတ်လိုက်တာက အကျိုးရှိနေပါသေးတယ်။
ကင်ဆာနုသေးရင် ရှင်နိုင်စွမ်းက ၉၂ကနေ ၉၇ ရာခိုင်နှုန်းပါ။ မှဲ့ကင်ဆာက မြင်လွယ်တဲ့အတွက် တစ်ခုခု ပြောင်းလဲနေပြီဆိုရင် အသိမြန်ပါတယ်။ ဒါကို မကုဘဲထားလို့ အရေပြားအတွင်းထဲထိ ရောက်သွားရင် ကုရခက်ပါလိမ့်မယ်။
သားအိမ်ခေါင်းကင်ဆာက စောစောသိရင် ရှင်နိုင်စွမ်းက ၉၃ ရာခိုင်နှုန်းပါ။ စောစောသိလို့ ကုလိုက်ရင် တခြားနေရာကို မပြန့်တော့ပါဘူး။ နောက်ပြီး သူက ပြန့်တာလည်း နှေးပါတယ်။ ဒါကြောင့် ကုဖို့ အချိန်ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။