ပြည်ပခရီးသွားတယ်ဆိုတာ အများအားဖြင့်တော့ အလည်အပတ်ခရီး ဒါမှမဟုတ် အလုပ်ကိစ္စ နဲ့ပဲများကြပေမယ့် ခုနောက်ပိုင်းတော့ ဆေးကုသမှုအတွက်ပါ ရည်ရွယ်လာကြပါတယ်။ အလှအပအတွက် ပြုပြင်ခွဲစိတ်မှုတွေ၊ ခွဲစိတ်ကုသမှုတွေ၊ ကျန်းမာရေးစစ်ဆေးမှု၊ ခန္ဓါကိုယ်အစိတ်အပိုင်းအစားထိုးကုသမှုတွေ စတဲ့ ရည်ရွယ်ချက်အမျိုးမျိုးအတွက်ပြည်ပမှာသွားရောက်ကုသလာကြပါတယ်။