အပူရှပ်တဲ့ ပြဿနာဟာ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တာကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် ကိုယ်ကိုယ်တိုင်ပဲဖြစ်ဖြစ် အပူရှပ်ခဲ့ရင် ချက်ချင်း သက်သာအောင်လုပ်ဖို့လိုအပ်ပါတယ်။
- ပူနေတဲ့ နေရာကနေ အမြန်ဆုံး ထွက်ခွာပြီး အေးတဲ့ အရိပ်ရတဲ့နေရာတစ်ခုကို သွားပါ။
- အိမ်မှာဆိုရင် ပူကျစ်နေတဲ့ကိုယ်ခန္ဓါကြီးအေးသွားအောင်လို့ ခေါင်း၊ လည်ပင်းနဲ့ လက်မောင်းအောက်နေရာတွေမှာ ရေခဲဝတ်ကပ်ပါ။ ရေပတ်တိုက်ပါ။
- လုံးဝကို သတိလစ်သွားတဲ့အခါကျရင်တော့ အရေးပေါ် လူနာတင်ယာဉ်တွေကို ခေါ်ပါ။
( ၂ ) Heat Exhaustion (အပူငုပ်ခြင်း )။ ။
အပူရှပ်တာထက် မပြင်းပေမယ့် အပူငုပ်တာကလည်း ကျန်းမာရေးအပေါ် ဆိုးကျိုးတွေသက်ရောက်မှုရှိတဲ့အရာတစ်ခုပါ။ ပူပြင်းတဲ့ရာသီဥတုကြောင့် ကိုယ်အပူချိန်များလာတယ်ဆိုပေမယ့် အပူငုပ်ခြင်းကတော့ ရေဓါတ်ခမ်းခြောက်ခြင်းနဲ့တွဲနေပါတယ်။
အပူရှပ်တာနဲ့ အပူငုပ်တာ နှစ်ခုမှာ လုံးဝကွဲပြားနေတဲ့အချက်ကတော့ အပူရှပ်ရင် ချွေးလုံးဝမထွက်ဘဲ အပူငုပ်ရင်တော့ ချွေးထွက်လွန်နေတတ်ပါတယ်။ ဒါ့ကြောင့် ပဲ အပူငုပ်တာနဲ့ ရေဓါတ်ခမ်းခြောက်ခြင်း က တွဲနေတာဖြစ်ပါတယ်။ နေပူထဲ အလုပ်လုပ်နေရတဲ့သူတွေ၊ အပြင်ထွက်လေ့ကျင့်ခန်းလုပ်သူတွေ ရေများများပြန်မသောက်တဲ့အခါမှာ အပူငုပ်တတ်ပါတယ်။
အပူငုပ်ခြင်းရဲ့ လက္ခဏာတွေကတော့
- ခေါင်းကိုက် မူးဝေတာရေအရမ်းဆာတာ
- ပျို့အန်ပြီး ဝမ်းလျှောတာနဲ့
- မောပန်းလွယ်ပြီး နှလုံးခုန်မြန်နေတာတို့ပဲ ဖြစ်ပါတယ်။
အပူငုပ်တဲ့သူတစ်ယောက်ကို ပြုစုဖို့ဆိုရင်တော့ ပူနေတဲ့ပတ်ဝန်းကျင်ကနေ အေးတဲ့နေရာကို အရင်ဆုံးပြောင်းရပါလိမ့်မယ်။ ရေများများသောက်ပြီး ကြပ်နေတဲ့ အဝတ်အစားတွေကို ချွတ်ကာ ရေအေးအေးနဲ့ ရေချိုးပါ။
( ၃ ) မိတ်ပေါက်ခြင်း ( Heat Hives )
ပူတဲ့ရာသီဥတုမှာ တစ်ကိုယ်လုံး မိတ်ပေါက်ြပီး ယားယံတာမျိုးလူတိုင်းခံစားဖူးကြမှာပါ။ ဒီလို မိတ်ပေါက်တာကို ဆေးပညာအရ cholinergic urticaria လို့ခေါ်ပြီး ကိုယ်တွင်းအပူချိန်မြင့်တက်လာတဲ့အါ ဖြစ်လေ့ရှိတဲ့အရေပြား ပြဿနာတစ်ခုပါ။ ချွေးထွက်လေပိုးယားလေဖြစ်ပြီး လေ့ကျင့်ခန်းလုပ်ရာက ချွေးထွက်များတဲ့သူတွေ အပူအစပ်တွေ စားမိတဲ့သူတွေနဲ့ ပူပန်မှုများတဲ့သူတွေမှာ ပိုဖြစ်တတ်တဲ့ အရေပြား ပြဿနာတစ်ခုပါ။ ဒီလို မိတ်ပေါက်တာဟာ အရေပြားပေါ်ကို သက်ရောက်လာတဲ့ပြင်ပက အပူချိန်နဲ့ ဓါတ်မတည့်မှုဖြစ်ပြီး တုန့်ပြန်ရာကနေ ထွက်လာတဲ့ ဓါတ်မတည့်မှုတစ်မျိုးပါ။
ကိုယ်ခန္ဓါနေရာ အနှံ့အပြားမှာ ပေါက်နိုင်တယ်ဆိုပေမယ့် ရင်ဘတ်၊ ကျောကုန်းအပေါ်၊ မျက်နှာနဲ့ လက်မောင်းတို့မှာ ပိုတွေ့ရတတ်ပါတယ်။ အပူနဲကထိတွေ့တာနဲ့ချက်ချင်းပေါ်လာတတ်ပြီး ကိုယ်တွင်းအပူချိန်ပြန်ကျသွားတဲ့အခါ သူ့ဘာသာပြန်ပျောက်သွားတတ်ပါတယ်။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။