သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ခန္ဓါဆီမီးချုပ်ငြိမ်းပြီးနောက် ကိုယ်ခန္ဓါမှာ ဘာတွေဆက်ဖြစ်သေးလဲ ။ ။

ခန္ဓါဆီမီးချုပ်ငြိမ်းပြီးနောက် ကိုယ်ခန္ဓါမှာ ဘာတွေဆက်ဖြစ်သေးလဲ ။ ။

သေခြင်းတရားဆိုတာ ရှောင်လွဲလို့မရတဲ့ လောကနိယာမ တစ်ခုဆိုတာ လူတိုင်းလက်ခံထားကြတဲ့အရာတစ်ခုပါ။ လူတစ်ယောက် မွေးဖွားလာပြီဆိုကတည်းက တစ်နေ့ကျရင်သေရမယ့်လူချည်းပါပဲ။ မွေးဖွားပြီး နောက်ပိုင်း ကြီးထွားလာမှု အဆင့်ဆင့်ကိုသာ လူတွေသိကြပေမယ့် သေသွားပြီး နောက်ပိုင်း ၁၂ နာရီအတွင်း ကိုယ်ခန္ဓါမှာ ဘာပြောင်းလဲမှုတွေ ဖြစ်သလဲဆိုတာ သေသွားတဲ့သူကိုယ်တိုင်လည်း မသိနိုင်တဲ့အပြင် ကျန်ရစ်ခဲ့တဲ့ မိသားစုလည်း ဘယ်သူမှ အတွင်းကျကျ မသိကြပါဘူး။ စာဖတ် ပရိသတ်ကြီးရောသိချင်ကြလား။ ။

သေပြီးနောက် ၁၂ နာရီအတွင်း ဆက်ဖြစ်နေတဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ။ ။

ခန္ဓါဆီမီးချုပ်ငြိမ်းပြီးနောက် အသက်ဝိညာဉ်မရှိတော့လို့ ကျန်ခဲ့တဲ့ ရုပ်အကြွင်းကြီးလည်း ချက်ချင်း သူလုပ်နေတဲ့ အလုပ်တွေကို ရပ်လိုက်တယ်လို့ မထင်လိုက်ပါနဲ့။ ။

သေအံ့ဆဲဆဲ အခိုက်အတန့်။ ။

ခုန်နေကျ ဘယ်ဘက်တစ်ခြမ်းက နှလုံးလေးလည်းမခုန်တော့ဘူး၊ နှာသီးဖျားလေးက လေဝင်လေထွက်လည်း မရှိတော့တဲ့ အချိန်ဆို အသက်မရှိတော့ဘူးလို့ အားလုံးက သတ်မှတ်ထားကြပါတယ်။ သေသွားတဲ့အချိန် နှလုံးတို့၊ အဆုတ်တို့သာ ချက်ချင်းရပ်သွားပေမယ့် အလုပ်ဆက်လုပ်နေရတဲ့သူတွေ အများကြီးရှိပါသေးတယ်။ သူတို့ထဲကမှ နာမည်ကြီးကို ပြောရမယ်ဆိုရင် ဦးနှောက်ေပါ့။ ဦးနှောက်တစ်ခု ဆက်ပြီး အလုပ်လုပ်နေသေးတဲ့သူကို ရုပ်ပိုင်းဆိုင်ရာအရ သေသွားပြီလို့ ပြောလို့မရသေးပါဘူး။ ဒါဆို ဘယ်အချိန်မှ ဦးနှောက်က အလုပ်လုပ်တာရပ်မှာလဲ ။ ။

  • ဆေးရုံမှာ နှလုံးခုန်ရပ်ပြီး အသက်မရှူတော့တဲ့သူတစ်ယောက်ရဲ့ မျက်လုံးကိုဆရာဝန်တွေ ဓါတ်မီးနဲ့ ကြည့်တာ မြင်ဖူးပါသလား။ ဒါဟာ အလင်းရောင်ကို ဦးနှောက်က တုန့်ပြန်မှု ရှိမရှိနဲ့၊ ဦးနှောက်ဆက်အလုပ်လုပ်နေသေးလားဆိုတာကို သိချင်တာကြောင့်ဖြစ်ပါတယ်။ မီးရောင်ကို ပြန်တုန့်ပြန်တဲ့အနေနဲ့ မျက်လုံး သားငယ်အိမ် ကျုံ့မသွားဘူးဆိုရင် အဲ့ဒီလူက တကယ်ကို ဘဝပြောင်းသွားပါပြီ။ ။

သေပြီးနောက် ၁ နာရီ။ ။

လူတစ်ယောက်သေသွားပြီဆိုရင် လက်ကလေး ပျော့ပြီး ပြုတ်ကျသွားတာမျိုး ရုပ်ရှင်တွေထဲမှ ပြလေ့ရှိတယ်မလား။

  • လူတစ်ယောက် အသက် မရှိတော့ဘူးဆိုတာနဲ့ နောက်အချိန် ၁နာရီအတွင်းမှာ ကိုယ်ခန္ဓါကကြွက်သားတွေအားလုံး ပျော့ကုန်ပါတယ်။ ဒါကို primary flaccidity ပထမအကြိမ်ကြွက်သားပျော့ခြင်းလို့ခေါ်ပါတယ်။
  • ဒီ ၁နာရီ အတွင်းမှာ အသားအရေတွေကလည်း လျော့ရဲလာမယ်။
  • နှလုံးဆီကလည်း သွေးတွေ ဆက်မပို့်တော့တဲ့အတွက် အရင် ပန်းရောင်သန်းတဲ့ ကိုယ်ခန္ဓါက ဖြူလျော်လာမယ်။
  • အသားကိုကိုင်ကြည့်လိုက်ရင်လည်း အေးစက်နေပါတယ်။ ။

သေပြီးနောက် ၂ နာရီမှ ၆ နာရီအတွင်း။ ။

  • ကိုယ်ခန္ဓါတစ်လျှောက်သွေးတွေ ဆက်မလည်ပတ်တော့အတွက် ပက်လက်အနေအထားမှာ ကမ္ဘာမြေကြီးရဲ့ ဆွဲအားအများဆုံးဖြစ်တဲ့ ကျောကုန်း၊ တင်ပါး၊ ခြေထောက်စတဲ့ နေရာတွေမှာ သွေးတွေစုပြီး အိုင်လာပါတယ်။ အခြားနေရာတွေက ဖြူလျော်နေပေမယ့် အဲ့ဒီနေရာတွေကတော့ ညိုမဲနေတတ်ပါတယ်။
  • အစောပိုင်းအချိန်ကလိုမျိုး ကြွက်သားတွေက ပျော့ပျောင်းမှု မရှိတော့ပါဘဲ စတင် တောင့်လာပါပြီ။
  • မျက်ခွံ၊ မေးရိုးနဲ့ လည်ပင်းတို့ဟာ အားလုံးထဲမှာ အရင်ဆုံးတောင့်တဲ့ အစိတ်အပိုင်းတွေဖြစ်ပါတယ်။ နောက်ပိုင်းမှ မျက်နှာ၊ ရင်ဘတ်၊ ဗိုက်သား၊ နဲ့ ခြေလက်တွေ တဖြည်းဖြည်း တောင့်လာတာဖြစ်ပါတယ်။ ဒီလို ကိုယ်ခန္ဓါတောင့်လာတာကို ဆေးပညာအရ rigor mortis လို့ခေါ်ပါတယ်။ ။

သေပြီးနောက် ၇ နာရီကနေ ၁၂ နာရီ။ ။

  • ခြေတွေလက်တွေက တောင့်လာတဲ့အတွက် နေရာရွေ့ရတာ၊ ပြန်ဖြောင့်ပေးရတာ မလွယ်တော့ပါဘူး။
  • ဒူးခေါင်းတို့ တံတောင်ဆစ်တို့က အနည်းငယ် ကွေးလို့ဆန့်လို့ရသေးပေမယ့် ခြေချောင်းလက်ချောင်းတွေက စတင်ကောက်ကွေးလာပါပြီ။

၁၂ နာရီနောက်ပိုင်း ။ ။

  • ဆဲလ်အတွင်းပိုင်းမှာ ဓါတုပြောင်းလဲမှုတွေဖြစ်တဲ့အတွက် အသားတွေ စတင်ဆွေးမြေ့လာပါပြီ။
  • အသားတွေ ရှုံ့သွားတဲ့အတွက် ဆံပင်ေတွ၊ လက်သည်းတွေ ပိုရှည်လာသယောင် ဖြစ်နေတတ်ပါတယ်။
  • ၁၂ နာရီနောက်ပိုင်းဆို secondary flaccidity လို့ခေါ်တဲ့ ဒုတိယအကြိမ်ကြွက်သားပျော့တာ စဖြစ်ပါပြီ။ တစ်ချိန်တည်းမှာ rigor mortis ကလည်း ခြေထောက်ကနေ မျက်နှာဆီကို ပြန်ဆန်တက်ပြီးတောင့်နေပါပြီ။ secondary flaccidity ဖြစ်စဉ်အားလုံး ပြီးသွားပြီဆိုရင် ကိုယ်ခန္ဓါက ကြွက်သားတွေ တစ်ဖန်ပြန်လည် ပျော့ပျောင်းသွားပြန်ပါပြီ။ ။

အချုပ်ပြောရမယ်ဆိုရင် သေပြီးပြီးချင်း ကိုယ်ခန္ဓါကအလုပ်တွေ အားလုံး ရပ်တန့်သွားတာမဟုတ်ပါဘူး။ သေပြီး ၃ နာရီဝန်းကျင်လောက်မှာ ကြွက်သားတွေ စတောင့်လာမယ်။ ကြွက်သားတောင့်တာက ၁၂ နာရီလောက်အထိပဲ ရှိနေတတ်ပါတယ်။၁၂ နာရီနောက်ပိုင်းကျရင်တော့ ကြွက်သားတွေ တစ်ဖန် ပျော့သွားဦးမှာပါ ။

ခန္ဓါဆီမီးချုပ်ငြိမ်းပြီးနောက် ဘာတွေဆက်ဖြစ်သေးလဲ ဆိုတာကို သေသွားတဲ့ သူကလည်း မပြောနိုင်၊ ကျန်ရစ်တဲ့သူတွေကလည်း မသိနဲ့ မရှင်းမရှင်းဖြစ်နေသူများအတွက် ရည်ရွယ်ပါတယ်။ ။

Dr. Thin Yadanar

health-tool-icon

ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ။

ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။

အမျိုးသား

အမျိုးသမီး

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 31/05/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။