backup og meta

လက်သည်းတွေမဝါအောင် ဘယ်လိုကာကွယ်ရမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Wathun Myat Chal မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လက်သည်းတွေမဝါအောင် ဘယ်လိုကာကွယ်ရမလဲ

    လက်သည်းတွေမဝါအောင်ဘယ်လိုကာကွယ်ရမလဲ။

    သင့်လက်သည်းတွေဟာ မာကျောသိပ်သည်းနေတဲ့ အပေါ်ယံအရေပြားဆဲလ်ပြင်ကြီးပါ (epidermis cells)။ သင့်အရေပြားကို ဖြစ်စေတဲ့ ဆဲလ်တွေနဲ့အတူတူပါပဲ။ ဒါပေမဲ့ လက်သည်းပေါ်က ဆဲလ်တွေကတော့ ဆဲလ်သေတွေဖြစ်ပြီး keratin လို့ခေါ်တဲ့ ပရိုတိန်းတွေနဲ့ ဖြည့်ဆည်းထားပါတယ်။ သင့်လက်သည်းခွံရဲ့ ၄ပုံ၃ပုံကသာ အရေပြားနဲ့တွဲဆက်ထားပြီးအရေပြားပေါ်မှာ ရှိနေတာပါ။ လက်သည်းလေး ပြီးပြည့်စုံစွာကြီးထွားလာဖို့ အချိန် ၆လခန့်ယူရပြီး အမျိုးသားတွေရဲ့ လက်သည်းက အမျိုးသမီးတွေရဲ့ လက်သည်းထက် ပိုရှည်လွယ်ပါတယ်။

    အရေပြားလိုပါပဲ၊ လက်သည်းကျန်းမာဖို့ အောက်ဆီဂျင်လိုပါတယ်။ လက်သည်းထဲမှာရှိတဲ့ keratin က သူတို့ထဲကို ရေတွေဖြတ်သန်း စီးဆင်းစေပါတယ်။ ပုံမမှန်လက်သည်းခွံတွေနဲ့ အရေခွံကွာခြင်း၊ ကွဲအက်ခြင်း၊ အရောင်မညီခြင်းတွေက ဖြစ်နိုင်ခြေရှိတဲ့ ကျန်းမာရေး ပြဿနာတွေရဲ့ သင်္ကေတပါ။ အဝါရောင် လက်သည်းတွေက ဆိုရီရေးစစ်ရောဂါသို့မဟုတ် မှိုစွဲကပ်ခြင်းကို ပြပါတယ်။ အဆုတ်ရောဂါတစ်ခုခု သို့မဟုတ် ဆေးလိပ်သောက်ခြင်း တွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ အခြေအနေတွေ အများကြီးရှိတဲ့အနက် အဝါရောင် လက်သည်းတွေက အစားအစာတစ်ခုခု သို့မဟုတ် လက်သည်းဆိုးဆေးထဲမှာပါဝင်တဲ့ ဓာတုပစ္စည်းတစ်ခုခုကြောင့် ပျက်စီးလာခြင်းရဲ့ ရလဒ်တစ်ခုပါ။ အထက်မှာဖော်ပြခဲ့သလိုပဲ လက်သည်းဝါခြင်းဟာ ကျန်းမာရေးအခြေအနေအပါအဝင် အမျိုးမျိုးသောအကြောင်းတွေကြောင့် ဖြစ်နိုင်ပါ တယ်။ လက်သည်းဆိုးတာကြောင့်လို့ ယူဆမယ်ဆိုရင် သင့်လက်သည်းက လက်သည်းဆိုးဆေးမှာပါဝင်တဲ့ ရောင်ခြယ်ဆေး အချို့ကို စုပ်ယူထားလို့ ဝါနေရတာပါ။ ပန်းရောင်အဖျော့မှစပြီး နီပုပ်ပုပ်အရောင်ထိ အနီရောင်အမျိုးအစားတွေဟာ အကျယ်ပြန့် အတွင်ကျယ်ဆုံး လက်သည်းဆိုးဆေးအရောင်တွေပါ။ အရင့်ဆုံးအနီရောင်တွေကတော့ သင့်လက်သည်းတွေကို အဝါရောင် အစွဲကျန်စေနိုင်ဆုံးပါပဲ။

    ဒီရောင်ခြယ်ဆေးတွေရဲ့ အမျိုးအစားတစ်ခုဖြစ်တဲ့ Iron oxide တွေကိုလေ့လာကြည့်မယ်ဆိုရင် ကားတို့ သတ္တုပိုက်အဟောင်းတွေမှာသာ မြင်မိရင် သံချေးလို့သတ်မှတ်တဲ့ ဓာတုပစ္စည်းတွေပါနေတာကိုတွေ့ရမှာပါ။ လက်သည်းဆိုးဆေးထုတ်လုပ်သူတွေအပါအဝင် ရောင်ခြယ်ဆေးထုတ်လုပ်သူတွေဟာအများအားဖြင့်တော့ iron oxide တွေကိုအနီရောင်နဲ့ အဝါရောင် ရောင်ခြယ်ဆေးအတွက် အသုံးပြုကြပါတယ်။

    လက်သည်းမဝါအောင် ထိန်းသိမ်းပါ။

    သင်က အိမ်အဟောင်းတွေမှာ နေတာကြာတဲ့လူဆိုရင် သံပိုက်ဟောင်းတွေကနေ လာတဲ့ရေဟာ သံချေးတွေကြောင့် အညိုရောင် ပြောင်းသွားနိုင်တာကိုတော့ သိမှာပါ။ ဇကာပါတဲ့ ကြွေဇလုံတွေနဲ့ ဒီပိုက်တွေနဲ့ဆက်ထားမယ်ဆိုရင် ရေထဲမှာပါလာတဲ့ iron oxides တွေရဲ့ နီညိုရောင်အရာတွေ ကျန်ထားတာတွေ့ရမှာပါ။ လက်သည်းဆိုးဆေးထဲက iron oxides တွေဟာ မတူညီတဲ့အဖြေတွေ အားလုံးအတွက် ဆုံမှတ်ပါပဲ။ ဘာလို့လဲဆိုတော့ လက်သည်းထဲမှာပါတဲ့ keratin ဟာအရည်တွေကို စုပ်ယူနိုင်ပြီး လက်သည်းကတော့ လက်သည်းဆိုးဆေးထဲက iron oxide တွေကို စုပ်ယူထားနိုင်ပါတယ်။ ရလဒ်အနေနဲ့တော့ လက်သည်းဆိုးဆေး ဖျက်လိုက်ရင်တောင် သင့်လက်သည်းတွေမှာ အညိုရောင် သို့မဟုတ် အဝါရောင်တွေ ကြွင်းကျန်နေမှာဖြစ်ပါတယ်။

    Base coat (အောက်ခံလက်သည်းဆိုးဆေး) ကရော ကူညီနိုင်ပါ့မလား။

    ကြည်လင်တဲ့ အောက်ခံဆိုးဆေးကိုဆိုးရခြင်းရဲ့ မူရင်းရည်ရွယ်ချက်က လက်သည်းဆိုးတဲ့အခါ ညီညာနေအောင်ပါ။ အချို့သော အောက်ခံဆိုးဆေးတွေဆိုရင် လက်သည်းဆိုးဆေး ပထမအလွှာ အဖြစ်တောင် သုံးလို့ရပါတယ်။ တချို့သောကိစ္စရပ်တွေမှာ ဒီလိုဆိုးပေးတာကရောင်ခြယ်ဆေးနဲ့ လက်သည်းကြားမှာအလွှာတစ်ခုခံထားပေးသလိုဖြစ်နေတာကြောင့် လက်သည်းဝါတာတွေ ဖြစ်စေမှာမဟုတ်ပါဘူး။

    လက်သည်းဖျက်ဆေးတွေက ပြဿနာလား။

    ဖျက်ဆေးကိုယ်တိုင်က အငွေ့ပျံလွယ်ပြီး အထိအတွေ့များလွန်းရင် အသားအရေပျက်စီးစေပေမဲ့ သူ့ကြောင့် လက်သည်းတွေဝါ သွားတာတော့ မဖြစ်နိုင်ပါဘူး။ လက်သည်းဆိုးဆေးအတွက် ပြင်းထန်တဲ့အရည်ဖြစ်တာကြောင့် လက်သည်းနဲ့ ဆိုးဆေးထဲက ရောင်ခြယ်ပစ္စည်းတွေထိတွေ့တာကိုတော့ ပိုတိုးလာနိုင်စေပါတယ်။ ဒီလိုထိတွေ့တာကိုလျှော့ချဖို့ လက်သည်းဖျက်တဲ့အခါမှာ ဂွမ်းလုံးတွေ သို့မဟုတ် အခြားလက်သည်းဖျက်ရာမှာ သုံးသောကိရိယာတွေကိုခဏခဏအသစ် ပြောင်းသုံးပေးသင့်ပါတယ်။

    ဆေးလိပ်ဖြတ်တာနဲ့ အောက်ခံလက်သည်းဆိုးဆေးသုံးပေးတာအပြင် လက်သည်းမှာအရောင်တွေစွဲမကျန်နေအောင် အခြားနည်းလမ်းတွေကိုလည်းအသုံးပြုပေးသင့်ပါတယ်။

    ရှောက်ရည် : ရှောက်ရည်ထဲ လက်သည်းတွေကို နှစ်ထားတာက စွဲနေတဲ့ အဝါရောင်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ လိုချင်တဲ့ရလဒ်ရသည်အထိ တစ်ရက်ကို ၁၀မိနစ်မှ ၁၅မိနစ်ခန့်ထိနှစ်ပေးထားပါ။

    Peroxide နဲ့ မုန့်ဖုတ်ဆိုဒါ : hydrogen peroxide စားပွဲဇွန်း၁ဇွန်းကို မုန့်ဖုတ်ဆိုဒါစားပွဲဇွန်း ၂ဇွန်းခွဲနဲ့ ခွက်တစ်ခုထဲမှာ ရောလိုက်ပါ။ ရလာတဲ့အနှစ်ကို ဂွမ်းစလေးနဲ့ လက်သည်းပေါ်မှာပတ်ထားပါ။ ၃မိနစ်ခန့်ထားပြီး ရေဆေးချလိုက်ပါ။ ရက်သတ္တပတ် ၆ပတ်မှ ၈ပတ်ကို တစ်ကြိမ်လုပ်ပေးပါ။

    သွားဖြူစေတဲ့ သွားတိုက်ဆေး : အနီရောင်လက်သည်းဆိုးဆေးတွေသုံးတာကြောင့် လက်သည်းအရောင်စွဲနေတာကို ချက်ချင်း ပျောက်သွားစေချင်တယ်ဆိုရင် သွားဖြူစေတဲ့ သွားတိုက်ဆေးကို စုတ်တံသုံးပြီးလက်သည်းပေါ်မှာ တိုက်ပေးပါ။ ဒါက ကြာရှည်စွဲထင်နေတဲ့ အရောင်တွေအတွက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။

    Light buffing (လက်သည်းကိုအသာအယာတိုက်စားခြင်း) : အဝါရောင်တွေစွဲနေတာက သင့်လက်သည်းရဲ့အပေါ်ဆုံးအလွှာပါ။ လက်သည်းတွေကို တိုက်စားလိုက်ခြင်းအားဖြင့် လက်သည်းအပေါ်ဆုံးအလွှာကို ဖယ်ရှားဖြစ်နိုင်ပြီးစွဲနေတဲ့ အရောင်အချို့ကို အားနည်းစေတာကြောင့် ကောင်းတဲ့နည်းလမ်းတော့ မဟုတ်ပါဘူး။ တကယ်လို့ လက်သည်းကို တိုက်စားပစ်မယ်ဆိုရင် လုပ်ပြီးတာနဲ့ လက်သည်းအားဖြည့်ဆီလေး ထည့်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Wathun Myat Chal မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement