backup og meta

အလုပ်မှာ အားအင်ကုန်ခမ်းနေပြီ ဖြစ်ကြောင်းပြတဲ့ လက္ခဏာ ၅ ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 01/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အလုပ်မှာ အားအင်ကုန်ခမ်းနေပြီ ဖြစ်ကြောင်းပြတဲ့ လက္ခဏာ ၅ ခု

    အကောင်းဆုံးအလုပ်တောင်မှ အားအင်ကုန်ခမ်း နွမ်းနယ်မှု (Burn-out) ကို ဖြစ်စေနိုင်ပါတယ်။ ပိုပြီး ကြိုးကြိုးစားစား လုပ်လေလေ၊ စိတ်အားထက်သန်မှု ပိုရလေလေ၊ သင့်ခေါင်းထဲကို ဝင်ရောက်လာဖို့ ပိုလွယ်ကူလေလေ ပါပဲ။ Burn-out ဆိုတာ သင့်ဆီမှာ ဘာမှပေးစရာ မကျန်တော့သလိုမျိုး ခံစားမှုပါ။ နာတာရှည် (chronic) Burn-out က ခံစားမှုနဲ့ဆိုင်တဲ့ ကိစ္စတွေ ဖြစ်စေနိုင်ပြီး သင့်ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကျဆင်းစေပါတယ်။ သင် Burn-out ကို ကိုင်တွယ်ဖြေရှင်းမှု မလုပ်ခင်၊ ကြိုတင်ပြီး မကာကွယ်မှုတောင် မလုပ်ခင်၊ ဘယ်အချိန်မှာ ပြုလုပ်ရမလဲဆိုတာ သိအောင် သူ့ရဲ့ သတိပေး လက္ခဏာတွေကို ဖော်ထုတ်ဖို့ လိုအပ်ပါတယ်။

    ၁။ ကျန်းမာရေး ပြဿနာများ

    Burn-out မှာ သင့်ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး နှစ်ခုလုံးကို ကျယ်ကျယ်ပြန့်ပြန့် ဆိုးကျိုး သက်ရောက်မှု ရှိပါတယ်။ နောက်ကျော နာကျင်မှု၊ စိတ်ဓါတ်ကျခြင်း၊ နှလုံးရောဂါ၊ အဝလွန်ခြင်း၊ ဒါမှမဟုတ် မကြာမကြာ ဖျားနာခြင်းတွေကို ခံစားရနေရင် သင့်အလုပ်က ဒါမျိုး ဖြစ်စေနေတယ်လို ယူဆချင်မှာပါ။ Burn-out က သင့်ကျန်းမာရေးကို ဘယ်ချိန် ဒုက္ခပေးမလဲဆိုတာ သိပါလိမ့်မယ်။ သင့်အလုပ်လုပ်ပုံက နောက်ဆက်တွဲ သက်ရောက်မှုတွေအတွက် တန်မတန် ဆုံးဖြတ်ရပါလိမ့်မယ်။

    ၂။ အမြင်အာရုံနဲ့ဆိုင်တဲ့ အခက်အခဲများ

    လတ်တလော လေ့လာချက်အရ စိတ်ဖိအားဒဏ်က ဦးနှောက်ရဲ့ စီမံခန့်ခွဲမှုကို လုပ်ပေးတဲ့ Prefrontal Cortex ဆိုတဲ့ အပိုင်းကို ရိုက်ခတ်ပါတယ်။ စီမံခန့်ခွဲမှုအပိုင်းက သင့်မှတ်ဉာဏ်၊ ဆုံးဖြတ်နိုင်စွမ်း၊ စိတ်ခံစားချက် ထိန်းချုပ်မှု နဲ့ အာရုံစူးစိုက်မှုကို သက်ရောက်မှု ရှိပါတယ်။ အမှားလုပ်မိတာ၊ ကိစ္စကြီးကြီးမားမားတွေ မေ့တာ၊ စိတ်ခံစားချက်တွေ ပွင့်ထွက်လာတာ၊ ဒါမှမဟုတ် ဆုံးဖြတ်ချက် အမှားတွေ ချမိတာမျိုးတွေကို သတိထားမိရင် သင် Burn-out ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

    ၃။ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ဆက်နွယ်မှုတွေမှာ အခက်အခဲတွေ ရှိလာခြင်း

    စိတ်ဖိအားတွေက သင်လုပ်သမျှ အရာတွေ အားလုံးအပေါ်မှာ သက်ရောက်မှု ရှိပါတယ်။ အထူးသဖြင့် တခြားသူတွေနဲ့ ဆက်ဆံမှုတွေမှာ သက်ရောက်မှုတွေ ရှိပါတယ်။ သင်က သင့်ဖိအားတွေကို အလုပ်မှာ ထိန်းချုပ်နိုင်တယ်လို့ ခံစားရရင်တောင်မှ ဒါက အိမ်ကို ဦးတည်သွားနိုင်ပါတယ်။ ပုံမှန်ဆိုရင်တော့ သင့်ဆက်ဆံရေးတွေမှာ ထိခိုက်လာမှာပါ။ စိတ်ဖိအားက လူတော်တော်များများကို သူတပါးအပေါ် ပုံချစေတတ်ပါတယ်။ စိတ်မထိန်းနိုင်တာ၊ စိတ်ပျက်စရာ မမျှော်လင့်ထားတဲ့ အတိုက်အခံတွေထဲ ပါဝင်သွားတတ်ပါတယ်။ တချို့ကတော့ သူတို့ဂရုစိုက်တဲ့သူတွေကို ရှောင်ပြီး နောက်ဆုတ်သွားတတ်တာမျိုး ပိုပြီး ဖြစ်တတ်ပါတယ်။

    ၄။ အလုပ်ကို အိမ်သယ်လာခြင်း

    အိပ်ရာမှာ လှဲနေတဲ့အချိန် သင်မပြီးသေးတဲ့ အလုပ်တွေအကြောင်း စဉ်းစားပြီး ကြီးကြီးမားမား လွဲချော်တာမျိုး မဖြစ်ဖို့ မျှော်လင့်ရတာ ဘယ်လောက်ဆိုးတဲ့ ခံစားမှုလဲဆိုတာ သင်သိရဲ့လား။ ဒီမပြီးပြတ်သေးတဲ့ အလုပ်တွေက အချိန်တိုင်း၊ နေရာတိုင်း သင့်ခေါင်းထဲ ရောက်နေရင်၊ အိမ်မှာတောင်မှ ဆိုရင်တော့ ဒါက သင် Burn-out ဖြစ်နေပြီဆိုတဲ့ ပြင်းထန်တဲ့ လက္ခဏာ တစ်ခုပါ။

    ၅။ စိတ်အားထက်သန်မှု ဆုံးရှုံးခြင်း

    ကျွန်တော်တို့က အလုပ်ကို အနားယူသလိုမျိုး စတင်ပြီး အရာရာကို နှင်းဆီရောင် မျက်မှန်တပ်ပြီး ကြည့်တတ်ကြပါတယ်။ ဒီအခြေအနေမှာ စိတ်အားထက်သန်မှုက အလိုလို ပေါ်ပါတယ်။ ဒါပေမယ့် သင် burn-out ဖြစ်တဲ့အခါ အလုပ်ပြီးဖို့ စိတ်အားထက်သန်အောင် နေရတာကိုပဲ ဒုက္ခဖြစ်နေပါတယ်။ သင် အလုပ်ပြီးရင် ပြီးပါမယ်၊ ကောင်းကောင်းမွန်မွန် ပြီးသွားရင်တောင်မှ သင့်ကို တွန်းအားပေးနေတဲ့ စိတ်အားထက်သန်မှုက မရှိတော့ပါဘူး။ အလုပ်ကို အလုပ်အတွက်ပဲ လုပ်ရမယ့်အစား သင်ဟာ ကြောက်ရွံ့ခြင်းကနေ စိတ်အားထက်သန်မှုကို ရနေပါလိမ့်မယ်။ သတ်မှတ်ထားတဲ့ ရက်ကို ကျော်သွားမှာ၊ လူတွေကို စိတ်ပျက်စေမိမှာ ဒါမှမဟုတ် ဒါ့ထက်ပိုဆိုးတဲ့ အလုပ်ဖြုတ်ခံရမှာ စတာတွေကို စိုးရိမ်နေပါလိမ့်မယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Wathun Myat Chal မှ ရေးသားသည်။ · 01/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement