အဓိပ္ပါယ်ဖွင့်ဆိုချက်
Hyperparathyroidism (ပါရာသိုင်းရွိုက်၏လုပ်ငန်းလွန်ကဲခြင်း) ကဘာလဲ။
ပါရာသိုင်းရွိုက်၏လုပ်ငန်းလွန်ကဲခြင်းဆိုသည်မှာ ပါရာသိုင်းရွိုက်ဂလင်းမှ ပါရာသိုင်းရွိုက်ဟော်မှန်းအထုတ်များခြင်းကြောင့်ဖြစ်သည်။ ပါရာသိုင်းရွိုက်ဆိုသည်မှာ ပဲစေ့ခန့်ရှိသော ဟောမှန်းထုတ်သည့်အကျိတ်လေးခုဖြစ်ပြီး လည်ပင်းတွင်တည်ရှိသည်။ သိုင်းရွိုက် အနောက်သို့မဟုတ် အနားတွင်တွယ်နေတတ်သည်။ ဟော်မှန်းထုတ်သောအကျိတ်မှ ဟောမှန်များထုတ်ပြီး ခန္ဓါကိုယ်ပုံမှန်လုပ်ဆောင်မှုကိုလုပ်ဆောင်စေသည်။ သိုင်းရွိုက်နှင့် ပါရာသိုင်းရွိုက်သည် နာမည်ဆင်တူခြင်း လည်ပင်းအတွင်းရှိပြီး နီးရုံကလွဲ၍ မတူညီသောအဂါၤများဖြစ်သည်။ ပါရာသိုင်းရွိုက်သည် သင့်သွေး အရိုးရှိ ကယ်ဆီယမ် ဗီတာမင်စီ နှင့် ဖော့စဖောရပ် ကိုထိန်းထားပေးသည်။ ရောဂါလက္ခဏာများမပေါ်က အချို့သူများတွင်ကုသမှုမလိုအပ်ပါ။ အခြားသူများတွင် လက္ခဏာအနည်းငယ် သို့မဟုတ် ခွဲစိတ်မှုလိုသောပြင်းထန်သည့်လက္ခဏာများပြတတ်သည်။
Hyperparathyroidism (ပါရာသိုင်းရွိုက်၏လုပ်ငန်းလွန်ကဲခြင်း) က ဘယ်လောက်အဖြစ်များသလဲ
ပါရာသိုင်းရွိုက်၏လုပ်ငန်းလွန်ကဲခြင်းသည် အဖြစ်မများပါ။ မိန်းကလေးများတွင်ပိုဖြစ်တတ်ပြီး အရင်ကဆိုလျင် လူအယောက်တစ်ရာတွင် တစ်ယောက်ထိဖြစ်တတ်သည်။
ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
လက္ခဏာများ
Hyperparathyroidism (ပါရာသိုင်းရွိုက်၏လုပ်ငန်းလွန်ကဲခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
ပါရာသိုင်းရွိုက်၏လုပ်ငန်းလွန်ကဲခြင်း ပုံစံအပေါ်မူတည်၍ရောဂါလက္ခဏာများမပြင်းထန်သည်မှ ဆိုးဝါးသည်အထိဖြစ်နိုင်သည်။
ပထမ ပါရာသိုင်းရွိုက်၏လုပ်ငန်းလွန်ကဲခြင်း
အချို့လူနာများတွင်ရောဂါလက္ခဏာများမပြတတ်ပါ။ ရောဂါလက္ခဏာပြပါက ရောဂါဖျော့သည်မှပြင်းသည်အထိဖြစ်တတ်သည်။ ရောဂါဖျော့သောလက္ခဏာများမှာ
မောပန်းလွယ်ခြင်း
အားအင်ကုန်ခမ်းခြင်း
စိတ်ဓါတ်ကျခြင်း
ခန္ဓါကိုယ်ကိုက်ခဲခြင်း
ပြင်းထန်သောလက္ခဏာများမှာ
အစားအသောက်ပျက်ခြင်း
ဝမ်းချုပ်ခြင်း
အန်ခြင်း
ပျို့ခြင်း
ရေငတ်ခြင်း
ဆီးခဏခဏသွားခြင်း
စိတ်ရှုပ်ထွေးခြင်း
မှတ်ဉာဏ်ဆိုင်ရာပြသာနာများဖြစ်ခြင်း
ကျောက်ကပ် ကျောက်တည်ခြင်း
အဓိကမဟုတ်သော ပါရာသိုင်းရွိုက်၏လုပ်ငန်းလွန်ကဲခြင်း။
ထိုပုံစံတွင် သင့်တွင်အရိုးစုနှင့်ဆိုင်သောပြသာနာများရှိတတ်သည် ဥပမာ အရိုးကျိုးခြင်း အဆစ်ယောင်ခြင်း နှင့် အရိုးပုံမှန်မဟုတ်ခြင်းတို့ဖြစ်သည်။ အခြားသောလက္ခဏာများမှာ ဖြစ်စေသောအကြောင်းပေါ်မူတည်သည် ဥပမာ နှာတာရှည်ကျောက်ကပ်ပျက်ခြင်း သို့မဟုတ် ဆိုးဝါးစွာ ဗီတာမင်ဒီချို့တဲ့ခြင်း။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။
အကြောင်းရင်းများ
Hyperparathyroidism (ပါရာသိုင်းရွိုက်၏လုပ်ငန်းလွန်ကဲခြင်း) ကိုဘာတွေကဖြစ်စေသလဲ
ပါရာသိုင်းရွိုက်၏လုပ်ငန်းလွန်ကဲခြင်းဖြင်းတွင် ပါရာသိုင်းရွိုက်အကျိတ်သည် အလုပ်လုပ်ဆောင်မှုများလာပြီး ပါရာသိုင်းရွိုက်ဟော်မှန်းထုတ်မှုများလာသည်။ ထိုအခြေအနေသည် အလုံး အကျိတ်ကြီးလာခြင်း သို့မဟုတ် အခြား ပါရာသိုင်းရွိုက် ရုပ်ပိုင်းဆိုင်ရာပြသာနာများကြောင့်ဖြစ်နိုင်သည်။
ကယ်ဆီယမ်ကျလာပါက ပါရာသိုင်းရွိုက်ဟော်မှန်းသည် ဟော်မှန်းအထုတ်များလာမည်။ ထိုကြောင့် သင့်ကျောက်ကပ်နှင့် အစာအိမ်အား ကယ်ဆီကမ်များစွာစုပ်ယူစေမည်။ သင့်အရိုးရှိ ကယ်ဆီယမ်ကိုလဲထွက်လာစေသည်။ ကယ်ဆီယမ်ပမာဏပုံမှ်ပြန်ဖြစ်ပါက ဟော်မှန်းပမာဏလဲပြန်ပုံမှန်ဖြစ်သွားလိမ့်မည်။
ဖြစ်နိုင်ခြေများ
Hyperparathyroidism (ပါရာသိုင်းရွိုက်၏လုပ်ငန်းလွန်ကဲခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
ပါရာသိုင်းရွိုက်၏လုပ်ငန်းလွန်ကဲခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
ရာသီသွေးဆုံးပြီးမိန်းမများတွင်
ကယ်ဆီယမ်သို့မဟုတ် ဗီတာမင် ဒီပြင်းပြင်းထန်ထန်ချို့ယွင်းမှု ကြာရှည်သရှိသူတွင်
ရှားပြီး မျိုးရိုးလိုက်သည့်အခြေအနေ ဥပမာ ဟောမှန်းထုတ်သောအကျိတ်ကင်ဆာ ပုံစံတစ် (အကျိတ်များစွာကိုထိစေသည်)
ကင်ဆာအတွက် ဓါတ်ရောင်ခြည်ပြခြင်းမှ လည်ပင်းအား ဓါတ်ရောင်ခြည်ထိမှုဖြစ်ခြင်း
လစ်တီယမ်သောက်ခြင်း( စိတ်ကျစိတ်ကြွရောဂါတွင်သုံးတတ်သောဆေး)
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Hyperparathyroidism (ပါရာသိုင်းရွိုက်၏လုပ်ငန်းလွန်ကဲခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
အကယ်၍ ဆရာဝန်မှ သံသယရှိပါက ရုပ်ပိုင်းဆိုင်ရာစမ်းသက်မှုများ အချို့စမ်းသက်မှုများလုပ်လိမ့်မည်။ အချို့သောစမ်းသက်ချက်များမှာ-
သွေးစစ်ခြင်း
သွေးစစ်ခြင်းဖြင့်ပိုမိုတိကျသောရောဂါကိုသိနိုင်သည်။ သွေးထဲမှပါရာသိုင်ရွိုက်ဟော်မှန်းမြင့်နေခြင်း အယ်ကာလိုင်းဖော့စဖောရပ်ပမာဏများနေခြင်း ဖော့စရပ်ပမာဏနည်းခြင်းတို့ကိုတွေ့နိုင်သည်။
ဆိးစစ်ခြင်း
ဆီးစစ်ခြင်းမှ သင့်အခြေအနေသည် ကျောက်ကပ်နှင့်ဆိုင်မဆီုင်ကိုသိနိုင်သည်။ ဆီးထဲတွင် ကယ်ဆီယမ်ပမာဏ မည်မျှပါသည်ကိုစမ်းသပ်လိမ့်မည်။
ကျောက်ကပ်စမ်းသပ်ခြင်း
ဗိုက်ကိုဓါတ်မှန်ရိုက်ကြည့်ပြီး ကျောက်ကပ်ရောဂါရှိမရှိကိုသိနိုင်သည်။
Hyperparathyroidism (ပါရာသိုင်းရွိုက်၏လုပ်ငန်းလွန်ကဲခြင်း) ကို ဘယ်လိုကုသပါသလဲ
ပထမ ပါရာသိုင်းရွိုက်၏လုပ်ငန်းလွန်ကဲခြင်း။
အကယ်၍သင့်ကျောက်ကပ်ကောင်းစွာအလုပ်လုပ်ပါက သင့် ကယ်ဆီယမ်ပမာဏသည် အနည်းငယ်သာတက်နေပါက သို့မဟုတ် သင့်အရိုးသိပ်သည်းဆသည် ပုံမှန်ဖြစ်ပါကကုသမှုမလိုပါ။ ထိုအခြေအနေတွင် သင့်ကျန်းမာရေးစောင့်ရှောက်သူမှ သင့်အခြေအနေကို တစ်နှစ်တစ်ခါ စမ်းသက်ခြင်း တစ်နှစ်နှစ်ခါ ကယ်ဆီကယ်ပမာဏဖောက်ခြင်းတို့ကိုလုပ်လိမ့်မည်။
သင့်ကျန်းမာရေးစောင့်ရှောက်သူမှ သင်အစားအသောက်အတွင်းမှ ကယ်ဆီယမ် နှင့် ဗီတာမင်မည်မျှစားသည်ကိုစောင့်ကြည့်ရန်အကြံပေးလိမ့်မည်။ ရေများများသောက်ခြင်းဖြင့် ကျောက်ကပ်ကျောက်တည်ခြင်းကို လျော့ခြနိုင်သည်။ အရိုးသန်မာစေရန် လေ့ကျင့်ခန်းလုပ်သင့်သည်။
ကုသမှုလိုအပ်ပါက ခွဲစိတ်မှုကိုအထိကလုပ်လေ့ရှိသည်။ ခွဲစိတ်ခြင်းဖြင့် ပါရာသိုင်းရွိုက်ကြီးခြင်းသို့မဟုတ် အလုံးတို့အားဖယ်ထုတ်နိုင်သည်။ နောက်ဆက်တွဲပြသာနာဖြစ်ခြင်းမှာရှားသောလည်း အသံအိုးအာရုံကြောပျက်ခြင်း နှင့် ကြာရှည် ကယ်ဆီယမ်ပမာဏကျခြင်းတို့ဖြစ်တတ်သည်။ ဟော်မှန်းပြန်ဖြည့်ခြင်းသည် အရိုးမှကယ်ဆီယမ်အယူကိုများစေသည်။ ထိုကုထုံးကို သွေးဆုံးပြီး အရိုးပွသောမိန်းမများတွင် သုံးသည်။ ကြာရှည်သုံးပါက အန္ဓါရယ်ရှိနိုင်သည်။ အချို့ကင်ဆာများအဖြစ်များခြင်း နှင့် နှလုံးသွေးကြောဆိုင်ရာရောဂါတို့ဖြစ်တတ်သည်။
အဓိကမဟုတ်သော ပါရာသိုင်းရွိုက်၏လုပ်ငန်းလွန်ကဲခြင်း
ကုသမှုတွင်ဖြစ်စေသောအကြောင်းအရာကိုဖယ်ရှားပြီး ပါရာသိုင်းရွိုက်ဟော်မှန်းအားပုံမှန်ပြန်ရောက်စေခြင်းတို့ပါဝင်သည်။ ကုသမှုပုံစံတွင် ဆိုးဝါးစွာချို့တဲ့ခြင်းအတွက် ဗီတာမင်ဒီပေးခြင်း နှင့် နှာတာရှည်ကျောက်ကပ်ပျက်ခြင်းအတွက် ကယ်ဆီယမ်နှင့် ဗီတာမင်ဒီပေးခြင်းတို့ပါဝင်သည်။ ကျောက်ကပ်ပျက်ခြင်းအတွက်အခြားဆေးဝါးများနှင့် ကျောက်ကပ်ဆေးခြင်းတို့လည်းလိုအပ်နိုင်သည်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ပါရာသိုင်းရွိုက်၏လုပ်ငန်းလွန်ကဲခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။
ဖြစ်ပွားမှုကိုအောက်ပါအခြေအနေများလုပ်ခြင်းဖြင့်လျော့ချနိုင်သည်။
သင့်အစားအစာတွင် ကယ်ဆီယမ်နှင့် ဗီတာမင်ဒီပါနှုန်းတိုင်းတာခြင်း
ရေများများသောက်ခြင်း
လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း
ဆေးလိပ်မသောက်ခြင်း
ကယ်ဆီယမ်များစေသောဆေးများမသောက်ခြင်း
အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။