အသက်အရွယ်ကြီးရင့်လာတာ နဲ့အမျှ ကိုယ်ခံအား ကလည်း နည်းလာ တတ်ပါတယ်။ ဒီလို ကိုယ်ခံအား နည်းလာတာက ရောဂါတွေ အလွယ်တကူ ဝင်ရောက်လာနိုင်သလို ကာကွယ်ဆေး တုံ့ပြန်နိုင်စွမ်း အားနည်းတာတွေလည်း ဖြစ်လာနိုင်ပါတယ်။ ကိုယ်ခံအား စနစ်အတွက် အရေးပါတဲ့ သွေးဖြူဥဆဲလ်တွေဟာ အသက် ၃၀ အရွယ်ရောက်လာတာနဲ့အမျှ တစ်နှစ်ကို ၁ရာခိုင်နှုန်းလောက် ကျဆင်းလာတာပါ။ ဒီလို ကျဆင်းမှုက ကိုယ်ခံအားကို နည်းစေပြီး ရောဂါတွေကို ခုခံနိုင်စွမ်း ကျစေပါတယ်။ ဒါကြောင့်လည်း ဖိုးဖိုးဖွားဖွားတွေ အသက် (၅၀) နှစ်နဲ့အထက် လူကြီးတွေကို ရောဂါခုခံနိုင်စွမ်း နည်းပြီး ကူးစက်ခံရနိုင်ခြေ အများဆုံး အုပ်စုရယ်လို့ သတ်မှတ်ကြတာပါ။ အသက်ကြီးပေမယ့်လည်း ကိုယ်ခံအား ကောင်းစေဖို့ ဘယ်လိုလုပ်ဆောင်သင့်လဲဆိုတာ ပြောပြချင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။