လမ်းလျှောက်ခြင်း ကြောင့် ကိုယ်ခံစွမ်းအားကို မြင့်တက်စေသလို ရောဂါတချို့ ဖြစ်နိုင်ခြေကလည်း ကာကွယ်ပေးပါတယ်။ တနေ့ကို နာရီဝက်လမ်းလျှောက်ရင် နှလုံးရောဂါဖြစ်နိုင်ခြေ ၁၉% လျော့နည်းတယ်လို့ ဆိုပါတယ်။ ဆီးချိုရှိသူများအနေနဲ့လည်း ပုံမှန်လမ်းလျှောက်ခြင်းအားဖြင့် သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်ပါလိမ့်မယ်။
လူ့သက်တမ်းကို ရှည်စေပြီး နှလုံးနဲ့သွေးကြောဆိုင်ရာ ရောဂါတွေအပြင် ကင်ဆာရောဂါတချို့ကိုပါ ကာကွယ်ပေးနိုင်ပါတယ်။
၆။ ကြွက်သားများကို သန်မာစေခြင်း
လမ်းလျှောက်ခြင်းကြောင့် ခြေထောက်ကြွက်သားတွေ သန်မာလာပါလိမ့်မယ်။ အကောင်းဆုံးကတော့ နည်းနည်းခပ်သွက်သွက်လျှောက်ပေးဖို့ပါပဲ။ နောက်ပိုင်းမှာ အပြောင်းအလဲလုပ်ပြီး လှေကားတက်ခြင်း၊ ကုန်းအနိမ့်အမြင့်လျှောက်ခြင်း စသဖြင့် ပုံစံပြောင်းပြီးလည်း လျှောက်သင့်ပါတယ်။
၇။ စိတ်ပိုင်းဆိုင်ရာ ကြည်လင်ပြတ်သားခြင်း
နံနက်စောစော လမ်းလျှောက်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ကြည်လင်ပြတ်သားပြီး တနေ့တာကိစ္စတွေကို အာရုံစူးစိုက်မုအား ကောင်းစေပါတယ်။ သက်ကြီးရွယ်အိုများနဲ့ ပြုလုပ်ခဲ့တဲ့ သုတေသနတခုမှာ နံနက်စောစော လမ်းလျှောက်တဲ့အခါ သိမှုစွမ်းရည်တွေ မြင်ပတက်လာစေတယ်လို့ သိရပါတယ်။
လမ်းလျှောက်ခြင်း ကြောင့် ဖန်တီးမှုစွမ်းရည်တွေလည်း တက်လာစေပါတယ်။ အားလပ်ချိန်မှာ အထိုင်များသူတွေထက် ပုံမှန်လမ်းလျှောက်သူများဟာ အကြံကောင်းဉာဏ်ကောင်းတွေ ပိုထွက်လာစေပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။