backup og meta

ဆူညံသောလမ်းများက လေဖြတ်ခြင်းကိုဖြစ်စေနိုင်ပါတယ်

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Kaung Thar မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆူညံသောလမ်းများက လေဖြတ်ခြင်းကိုဖြစ်စေနိုင်ပါတယ်

    အကယ်၍သင်သည် လူဦးရေထူထပ်သောမြို့တွင် နေထိုင်ပါက ညသန်းခေါင်တွင်တောင်မှ မရပ်သည့် ကျယ်လောင်သော မော်တော်ယာဉ် အသံများကို ကျင့်သားရနေပြီဖြစ်နိုင်သည်။

    အမှန်တွင် ထိုအရာနှင့် အတူနေထိုင်ရန် သင်ယူနေသည်ပင် ဖြစ်သည်။ သို့သော် ဆူညံခြင်းသည် သင့်သက်တမ်းရှည်ကြာရေးအတွက် မကောင်းပါ။ လတ်တလော လေ့လာမှုမှာ ယာဉ်မှ ဆူညံသံကို ဆက်တိုက် ထိတွေ့ခြင်းက လေဖြတ်ခြင်းဖြစ်နှုန်းအား တိုးမြင့်စေသည်ကို တွေ့ရသည်။

    ဥရောပ နိုင်ငံ နှလုံးဆိုင်ရာလေ့လာ ထုတ်ဝေခဲ့သောဂျာနယ်တစ်ခုတွင် လန်ဒန် မြို့သားများနေ့တိုင်းကြုံတွေ့ရသည့် ဆူညံမှု ပမာဏကို တိုင်းတာခဲ့ပြီးလျှင် တွေ့ရသည်မှာ လူ ၁.၆ သန်း ဝန်းကျင်ဟာ ဆူညံမှု အဆင့် 55 dB နဲ့ အထက်ကို ကြုံတွေ့နေရကြောင်းသိရသည်။

    ၎င်းပမာဏမှာ လူသားများကို ထိခိုက်စေနိုင်သည်။ ဆူညံသော ယာဉ်ကြောဝန်းကျင်တွင်နေထိုင်နေရသော လူများသည် တိတ်ဆိတ်ငြိမ်သက်သော ပတ်ဝန်းကျင်တွင် နေထိုင်သော လူများထက် လေဖြတ်နိုင်ချေ ၅ ရာခိုင်နှုန်းပိုများပါသည်။

    သက်ကြီးရွယ်အိုများတွင် ပို၍အန ္တရာယ်များပါသည်။ ဆူညံမှုအဆင့် 60dB ရှိသောနေရာများတွင် သေနှုန်းသည် ၄ ရာခိုင်နှုန်းပို၍မြင့်သည်။

    အချိန်အတော်ကြာလေ့လာမှုများအရ ယာဉ်ဆူညံသံများသည် နှလုံးရောဂါ၊ အိပ်မပျော်ခြင်းဆိုင်ရာရောဂါ၊ သွေးပေါင်တက်ခြင်း၊ စိတ်ဖိစီးမှုများခြင်းနှင့် ဆက်စပ်မှုရှိနေသည်ကို တွေ့ရသည်။ သို့သော်ဤသုတေသနသည် ယာဉ်ဆူညံမှုနှင့် လေဖြတ်ခြင်းတို့အကြား ဆက်သွယ်မှုကို ထုတ်ဖော်သည့် ပထမဆုံးတစ်ခုဖြစ်သည်။

    သုတေသနအရ နေ့စဉ် ဆူညံသံများထိတွေ့ခြင်းသည် ကျွန်ုပ်တို့အိပ်ပျော်ခြင်းကိုနှောင့်ယှက်နိုင်သည်။ နှစ်ပေါင်းများစွာအထိ သုတေသနပညာရှင်များနှင့် သမားတော်များသည် အိပ်စက်ခြင်းက အလွန်အရေးကြီးကြောင်းကို အားလုံးသဘောတူကြပါသည်။ အိပ်ရေး အနည်းငယ်ပျက်သွားသည်နှင့် ကျွန်ုပ်တို့၏ တုံ့ပြန်မှုစွမ်းအားနှေးခြင်း၊ သွေးတွင်းဖိအားများဖန်တီးခြင်း၊ အခြားကစဉ့်ကလျားဖြစ်ခြင်းတို့များစွာ ဖြစ်နိုင်သည်။

    လတ်တလောဖြစ်စေနှင့် ကြာရှည်ဖြစ်စေ အိပ်ရေးပျက်ခြင်းက ခန္ဓါကိုယ်၏ဖြစ်စဉ်များဖြစ်သည့် အင်ဆူလင်ကို တုံ့ပြန်နိုင်စွမ်း၊ ဝခြင်း၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါနှင့် သေဆုံးခြင်းအပါအဝင် အခြားရောဂါများနှင့် ဆက်စပ်နေပါသည်။

    ကြောက်စရာ အကောင်းဆုံး သက်ရောက်မှုများထဲမှ တစ်ခုမှာ ကျွန်ုပ်တို့၏ နှလုံးသွေးကြောစနစ်ဖြစ်သည်။ ကျွန်ုပ်တို့၏ နှလုံးသွေးကြောစနစ်သည် endothelium ဟု ခေါ်သည့် သွေးကြောနံရံတစ်ရှူးများရှိနေကြောင့် ဝန်ဖိအားအများအပြားကိုခံနိုင်ကာ ကျန်းမာနေခြင်းဖြစ်သည်။ ၎င်းမှ နှလုံးခုန်နှုန်းကို နှစ်ပေါင်းကြာရှည်စွာ ဟန်ချက်ညီအောင် ပြုလုပ်ပေးသည်။

    သုတေသနတွင် ညဘက်ဆူညံသံမြင့်တက်လာသောအခါ သွေးကြောနံရံတစ်ရှူးများ၏ လုပ်ငန်းသည် တဖြည်းဖြည်းကျဆင်းလာသည်ဟု ဖော်ပြထားသည်။ ထိုကြောင့် ဆူညံမှုများ ထိတွေ့ခြင်းကြောင့် အချိန်ကြာလာသည်နှင့် ကျွန်ုပ်တို့နှလုံးသည် ပိုဆိုးလာပါလိမ့်မည်။

    အခြားတစ်ဖက်တွင် ကျွန်ုပ်တို့အိပ်တာ နည်းသောအခါ ဆိုးကျိုးများစွာဖြစ်မည်မှာ သေချာပါသည်။ အထူးသဖြင့် စိတ်ဖိစီးခြင်းဖြစ်သည်။ ထိုနည်းဖြင့် စိတ်ဖိစီးမှုများက သွေးဖိအားစနစ်၏ လုပ်ငန်းများကို ပြောင်းလဲခြင်းနှင့် အဆီနှင့်သကြားဓါတ်များပြောင်းလဲခြင်း ဖြစ်စဉ်များကို ဆက်တိုက်ဖန်တီးပါသည်။

    ခန္ဓါကိုယ်မှ ဇီဝဖြစ်စဉ်များ၏ ဟန်ချက်ကိုကြာရှည်စွာ ပုံမှန် မထိန်းနိုင်တော့ပါက ရောဂါများလွယ်ကူစွာပို၍ ရနိုင်သည်။ ထို့ပြင် ဆူညံသံများလွန်းခြင်းက အကြားစွမ်းရည်ကိုလည်းနည်းပါးစေသည်။ တစ်ဦးတစ်ယောက်၏ အသက်၊ လိင်၊ အိမ်နီးနားချင်း၏ပုံစံ(ဆေးလိပ်သောက်နှုန်းနှင့် လေထုညစ်ညမ်းခြင်း) စသည့် အချက်များကိုလည်း ထည့်တွက်ရပါမည်။

    ကံမကောင်းစွာဖြင့် ဤသုတေသန၏စာရေးသူမှ ဝန်ခံထားသည်မှာ ယာဉ်ကြောမှ ဆူညံသံမှာ လူတစ်ယောက်စီအတွက် သက်ရောက်မှု မတူညီ၊ မသေချာပါဟုပြောသည်။ လူတိုင်းသည် မတူညီ၊ကွဲပြားသလို တစ်ဦး၏သက်ရောက် ခံရမှုသည် အခြားတစ်ဦးထက် ပိုဆိုးနေသည်လည်း ရှိနိုင်ပေသည်။

    လေ့လာမှုသည် ယာဉ်ကြောဆူညံမှုနှင့် လေဖြတ်ခြင်းဆက်သွယ်မှုကို ညွှန်ပြထားသော်လည်း ဖြစ်စေသည့် အကြောင်းအရင်းနှင့် သက်ရောက်ခြင်း ဆက်နွယ်မှု မဟုတ်ပါ။ ကျန်းမာရေးအခြေအနေနှင့် ဆူညံမှုကြားတွင် မေးခွန်းများစွာရှိနေဆဲဖြစ်သည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Kaung Thar မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement