backup og meta

အသက်ရှည်စေဖို့ ပျိုးထောင်သင့်တဲ့အလေ့အထတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 10/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသက်ရှည်စေဖို့ ပျိုးထောင်သင့်တဲ့အလေ့အထတွေ

    အချစ်ရဆုံးသူတွေနဲ့ တူတူအိုမင်းချင်ကြတယ်ဟုတ်။ ဒီအတွေးလေးက ပီတိဖြစ်စရာကောင်းပေမယ့် အခုထိ ကမ္ဘာပေါ်မှာ အသက်ရှည်ဆေးမရှိသေးတာက စိတ်မကောင်းစရာပါ။ ဒီလိုဆိုတာနဲ့ ခုနက စိတ်ကူးလေးကို လွှင့်ပစ်လိုက်စရာမလိုပါဘူး။ ဘဝနေထိုင်မှုပုံစံအလေ့အထလေးတွေကိုပြောင်းလဲလိုက်မယ်ဆိုရင် အသက်ရှည်ရှည်နေလို့ရပါတယ်နော်။ ဒါက အထောက်အထားမရှိဘဲ ထင်ကြေးနဲ့ပြောနေတာမဟုတ်ပါဘူး။ ၃၄ နှစ်ကြာလုပ်ဆောင်ခဲ့တဲ့လေ့လာမှုအသစ်ရဲ့အထောက်အထားတွေအရ အခုပြောပြမယ့် အလေ့အထလေးတွေက အမှန်တကယ်ကို အသက်ရှည်စေမှာပါ။

    အသက်ရှည်ကျန်းမာစေဖို့မွေးမြူသင့်တဲ့ အလေ့အထတွေက

    အလွန်အကျွံမစားပါနဲ့ – အသက်ရှည်ရှည်နေချင်ရင် အစားစားတဲ့အခါ နည်းနည်းချင်းစီကိုကြေညက်အောင်ဝါးစားရင် အကြိမ်ရေများများစားပေးပါ။ တစ်ခါတည်းအဝကြီးစားလိုက်တာမျိုးမလုပ်ပါနဲ့။ ဂျပန်လူမျိုးတွေက အစားစားတဲ့အခါ ၈၀ ရာခိုင်နှုန်းလောက် ဗိုက်ပြည့်ပြီလို့ ခံစားရချိန်မှာဆက်မစားကြတော့ပါဘူး။ စားသုံးတဲ့ ကယ်လ်လိုရီပမာဏ နည်းနည်းလေလေ အသက်အရွယ်အိုမင်းမှုနှေးလာလေလေပါ။

    အခွံမာသီးတွေစားပေးပါ – အာဟာရတွေပြည့်ဝစွာပါဝင်နေတဲ့ စားစရာတွေပေါ့။ ပရိုတင်း၊ အမျှင်ဓါတ် နဲ့ ဓါတ်တိုးဆန့်ကျင်အာနိသင်တွေပါဝင်နေပါတယ်။ အခွံမာသီးတွေက ဗီတာမင် နဲ့ သတ္တုဓါတ်တွေပါဝင်နေသလိုကော့ပါး၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်နဲ့ဖောလိတ်တို့အပြင် ဗီတာမင် B6 နဲ့ ဗီတာမင် E တို့ပါဝင်နေပါတယ်။ တစ်ပတ်ကို ၃ ကြိမ်အခွံမာသီးစားပေးမယ်ဆိုရင် အရွယ်မတိုင်ခင်သေဆုံးနိုင်ခြေကို ၃၉ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်ပါတယ်။

    နနွင်းစားပေးပါ – အရွယ်မတိုင်ခင် အိုမင်းမှုကိုကာကွယ်ပေးနိုင်ပါတယ်။ နနွင်းမှာ ဓါတ်တိုးဆန့်ကျင်အာနိသင်ပါဝင်နေပြီး ဦးနှောက်၊နှလုံး နဲ့ အဆုတ်တို့ကို
    ကျန်းမာစေနိုင်ပါတယ်။ နနွင်းက ကင်ဆာ ကာကွယ်ပေးသလို အသက်အရွယ်ကြီးလာတာကြောင့်ဖြစ်တဲ့ရောဂါတွေအန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။
    အသီးအရွက်များများစားပါ –အသီးအရွက်များများစားတဲ့သူတွေက အသားကြိုက်သူတွေထက် အသက်ပိုရှည်ကြပါတယ်။ ဒါကြောင့် အရွယ်မတိုင်ခင်သေဆုံးတာမျိုး မဖြစ်စေဖို့အတွက် ဗီတာမင် နဲ့ သတ္တုဓါတ်တွေပြည့်ဝစွာပါဝင်နေတဲ့ အသီးအရွက်တွေစားပေးပါ။ သဘာဝကနေရရတဲ့ သစ်သီးတွေ အရွက်တွေက ကင်ဆာဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်သလို အရွယ်မတိုင်ခင်သေဆုံးနိုင်ခြေကို ၁၂ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နငန်းအထိလျှော့ချပေးနိုင်ပါတယ်။
    ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးပါ – အသက်ရှည်ချင်သူတွေအနေနဲ့မေ့ထားလို့မဖြစ်တာက ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးဖို့ပါ။ တစ်နေ့ကို ၁၅ မိနစ်လောက် ကိုယ်လက်လှုပ်ရှားမှုလုပ်တာက အရွယ်မတိုင်ခင်သေဆုံးနိုင်ခြေကို ၄ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်ပါတယ်။ တစ်ပတ်တာမှာမိနစ် ၁၅၀ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးမယ်ဆိုရင် အရွယ်မတိုင်ခင်သေဆုံးနိုင်ခြေကို ၂၂ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်ပါတယ်။
    ဆေးလိပ်ဖြတ်ပါ -ဆေးလိပ်သောက်တာက ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပါတယ်။ဆေးလိပ်သောက်သူတွေက အခြားသူတွေထက် ၁၀ နှစ်လောက်အသက်တိုတတ်ကြပါတယ်။ ဒါကြောင့် အချိန်မနှောင်းခင်ဆေးလိပ်ဖြတ်ဖို့ပြောပါရစေ။

    အရက်လျှော့သောက်ပါ – အရက်အလွန်အကျွံသောက်တာက အသည်း၊နှလုံးနဲ့ ပန်ကရိယတို့ကို ထိခိုက်စေနိုင်သလို အရွယ်မတိုင်ခင်သေဆုံးနိုင်ခြေကို တိုးစေနိုင်ပါတယ်။ သင့်အနေနဲ့ အရက်ကို တတ်နိုင်သမျှလျှော့သောက်မယ်ဆိုရင် အရွယ်မတိုင်ခင်သေဆုံးနိုင်ခြေကို ၁၇ ရာခိုင်နှုန်းကနေ ၁၈ ရာခိုင်နှုန်း အထိလျှော့ချပြီးသားဖြစ်မှာပါ။ အရက်အပြင် အယ်လ်ကိုဟောပါတဲ့သောက်စရာတွေကို အားလုံးကို တတ်နိုင်သမျှလျှော့သောက်ရမှာပါ။

    စိတ်ပျော်ရွှင်မှုကို ဦးစားပေးပါ – ကိုယ့်ကိုယ်ကို ပိတ်လှောင်မထားပါနဲ့။ပျော်ပျော်နေပါ။ပျော်ပျော်နေတဲ့သူတွေက အသက်ပိုရှည်ကြပါတယ်။လေ့လာမှုအရပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့သူတွေက အခြားသူတွေထက် အသက်ရှည်နိုင်ခြေ ၂.၅ ရာခိုင်နှုန်းပိုများကြပါတယ်။

    စိတ်ဖိစီးမှုနဲ့ ခပ်ကင်းကင်းနေပါ – စိတ်ဖိစီးမှုက အသက်တိုစေတဲ့ အဓိကအကြောင်းအရင်းတစ်ခုပါ။ စိတ်ဖိစီးမှုများတဲ့အခါ နှလုံးရောဂါ၊လေဖြတ်တာနဲ့ အဆုတ်ကင်ဆာတွေကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မေ့လို့ရတာမေ့ပါ။ဘေးချိတ်လို့ရတာကိုဘေးချိတ်ပြီး စိတ်ဖိစီးမှုကို ခပ်ကင်းကင်းနေပေးပါ။

    ချစ်ချစ်ခင်ခင်နေပါ – မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ ချစ်ချစ်ခင်ခင်နေပေးပါ။ လူမှုပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူတွေက အသက်ပိုရှည်ကြပါသတဲ့။ သူငယ်ချင်းမိတ်ဆွေကောင်းတွေပိုင်ဆိုင်ထားသူတွေဟာ အခြားသူတွေထက် ၅၀ ရာခိုင်နှုန်းလောက် အသက်ပိုရှည်ကြပါတယ်။ ဒါကြောင့် လူမှုဆက်ဆံရေး ကောင်းသူတစ်ယောက်ဖြစ်အောင် ကိုယ့်ကိုယ်ကို ပျိုးထောင်ပါ။

    ကောင်းမွန်တဲ့ အိပ်စက်မှုရှိပါစေ -နေ့စဉ် ၅ နာရီကနေ ၇ နာရီအထိအိပ်ပေးပါ။ တကယ်လို့ အိပ်ချိန်က ဒီထက်နည်းနေမယ်ဆိုရင် အရွယ်မတိုင်ခင်သေဆုံးနိုင်ခြေကို ၁၂ ရာခိုင်နှုန်းအထိတိုးစေနိုင်ပါတယ်။ ညစဉ် ၈ နာရီကနေ ၉ နာရီထိအိပ်စက်သူတွေက ဆီးချို၊ အဝလွန်တာနဲ့ နှလုံးရောဂါလိုမျိုး နာတာရှည်ရောဂါတွေဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်သလို အခြားသူတွေထက် ၃၈ ရာခိုင်နှုန်းလောက် အသက်ပိုရှည်စေနိုင်ပါတယ်။

    ကဲ ချစ်ရတဲ့သူတွေနဲ့ တူတူအိုမင်းဖို့ ကိုယ်တိုင်မှာရော ချစ်ရသူတွေကိုပါ ဒီအလေ့အထလေးတွေမွေးမြူပေးလိုက်ပါနော်…….

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 10/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement