အဓိပ္ပါယ်ဖွင့်ဆိုချက်
Fryns ရောဂါစု ဆိုတာဘာလဲ။
Fryns ရောဂါစု ဆိုတာက ခန္ဓါကိုယ်အစိတ်အပိုင်းတော်တော်များများဖွံဖြိုးမှုကို ထိခိုက်စေတဲ့အခြေအနေဖြစ်ပါတယ်ထိခိုက်ခံရတဲ့သူတွေမှာ ရောဂါလက္ခဏာတွေက အမျုးမျိုးကွဲပြားနေနိုင်ပါတယ်။ ဒီလိုအခြေအနေရှိတဲ့ လူတော်တော်များများမှာ diaphragm (ရင်နှင့်ဝမ်းကိုခွဲထားသောကြွက်သား)မှာ ချို့ယွင်းချက်ရှိခြင်း ဥပမာ congenital diaphragmatic hernia( ရင်နှင့် ဝမ်းကို ခွဲထားသောကြွက်သားမှာ မွေးကတည်းက အပေါက်တစ်ခုပါနေခြင်း) ကို ဖြစ်စေနိုင်ပါတယ်။ ဒီပုံစံကြောင့် သင့်အစာအိမ်နဲ့ အူများကို ရင်ဘတ်၊ရင်ခေါင်းထဲကို ရွေ့သွားစေနိုင်ပြီး pulmonaryHypoplasia( အဆုတ်များ မဖွံဖြိုးနိုင်ခြင်း) ကို ဖြစ်စေနိုင်ပါတယ်။
Fryns ရောဂါစု ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။
Fryns ရောဂါစု ဆိုတာ ယောင်္ကျားနဲ့မိန်းမ တို့မှာ ညီတူညီမျှဖြစ်ကြပြီးအရမ်းရှားတဲ့ရောဂါတစ်ခုဖြစ်ပါတယ်။၁၉၈၉ခုနှစ်က ပြင်သစ်ကလေ့လာမှုတစ်ခုအရ တစ်သိန်းမွေးပါက၇ယောက်လောက်က ဖြစ်တယ်လို့ သတင်းပေးပို့တင်ပြထားတာရှိဖူးပါတယ်။ သို့သော် နောက်ပိုင်းမှာတော့ ခန့်မှန်းပေးပို့ထားတာတွေမရှိတော့ပါဘူး။ အချက်အလက်များကိုသိရဖို့သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။
ရောဂါလက္ခဏာများ
Fryns ရောဂါစု ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။
Fryns ရောဂါစု ရဲ့အဖြစ်များတဲ့ရောဂါလက္ခဏာများကတော့
-diaphragm ကြွက်သား မဖွံဖြိုးခြင်း။
-အဆုတ်များ မဖွံဖြိုးနိုင်ခြင်းကြောင့် အသက်ရှုရခက်ခဲခြင်း
-မျက်နှာပြင် ပုံစံများထူးခြား ထင်ရှားခြင်း
-လက်မှ လက်ချောင်းများ မဖွံဖြိုးခြင်း
-ခြေချောင်းများ မဖွံဖြိုးခြင်း
-ပုံမှန်မဟုတ်ပဲ မျက်လုံးများ အရမ်းသေးခြင်း
-ရေမွှာရည်အလွန်အမင်းများနေခြင်း
-ဦးနှောက် ပုံမှန်မဟုတ်ခြင်း
-နှလုံးများ ပုံမှန်မဟုတ်ခြင်း
-လိင်အင်္ဂါများ ပုံမှန်မဟုတ်ခြင်း
အပေါ်မှာမပြောပြထားတဲ့ အခြားသော လက္ခဏာတွေရှိနေနိုင်ပါသေးတယ်။ တကယ်လို့ ရောဂါလက္ခဏာများနဲ့ပတ်သက်ပြီး စိတ်ပူတာတွေရှိနေသေးပါက သင့်ဆရာဝန်ကိုတိုင်ပင်ဆွေးနွေးပါ။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။
အကယ်၍အထက်တွင်ဖော်ပြခဲ့သောရောဂါလက္ခဏာများ ဖြစ်ပေါ်လျှင်လည်းကောင်း၊ မေးလိုသည်များရှိလျှင်သော်လည်းကောင်းဆရာဝန်နှင့်သာ ပြသသင့်ပါသည်။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှုသည်တစ်ဦးနှင့်တစ်ဦးမတူညီကြပါ။ သင့်ရောဂါအခြေအနေအတွက်ဘာကအကောင်းဆုံးလဲဆိုတာကိုဆရာဝန်နှင့်ဆွေးနွေးခြင်းကသာအမှန်ကန်ဆုံးဖြစ်ပါသည်။
ဖြစ်ပွားမှုအကြောင်းရင်းများ
ဘာတွေကFryns ရောဂါစု ဖြစ်ပွားစေသလဲ။
ဒီအခြေအနေကို ဘယ်အကြောင်းအရာက ဖြစ်စေသလဲဆိုတာ သေချာ မသိကြသေးပါဘူး။ သို့သော် Autosomal Recessive အခြေအနေကြောင့် ဆိုလိုတာက မိဘနှစ်ပါးထဲက တစ်ပါးစီမှ ချို့ယွင်းနေတဲ့ မြှုပ်နေတဲ့မျိုးရိုးဗီဇ ကော်ပီနှစ်ခုကိုရပါက Fryns ရောဂါစု ဖြစ်စေတယ်လို့ဆိုပါတယ်။
ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ
ဘယ်အရာတွေကFryns ရောဂါစုဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။
အခြားသောအချက်အလက်များကို သိရဖို့သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။
ရောဂါရှာဖွေခြင်းနှင့် ကုသမှုပေးခြင်း
ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။
Fryns ရောဂါစုဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။
Fryns ရောဂါစု လို့ရောဂါနာမည်တပ်နိုင်ဖို့အတွက် ကလေးတစ်ယောက်မှာ ထူးခြားတဲ့ ပုံစံခြောက်မျိုး ရှိကိုရှိရပါမယ်။ ၎င်းတို့ကတော့
-ရင်နှင့်ဝမ်းကိုတားထားသော ကြွက်သားမူမမှန်ခြင်းကို
ဓါတ်မှန်ရိုက်ကြည့်ရုံနဲ့ရှင်းလင်းစွာမြင်နေရခြင်း
-ထူးခြားသော မျက်နှာပြင်ပုံစံများ
-ပုံမှန်မဟုတ်သော သို့မဟုတ် မဖွံဖြိုးသောလက်ချောင်းများ
-မဖွံဖြိုးသောအဆုတ်များရှိခြင်းကြောင့် အသက်ရှုရခက်ခြင်းနှင့် ဓါတ်မှန်ရိုက်တဲ့အခါလည်း သေချာစွာပြနိုင်ပါတယ်။
-အစာခြေစနစ်သို့မဟုတ် ဆီးလမ်းကြောင်းစနစ်တို့က ပုံစံမမှန်ခြင်း။
Fryns ရောဂါစု လို့ရောဂါရှာနာမည်ထုတ်နိုင်ဖို့အတွက်ဓါတ်မှန်ရိုက်စစ်ဆေးခြင်းနည်းလမ်းနဲ့ ဒီလို မူမမှန်မှုတွေအားလုံးကို တွေ့ရမှာပါ။
Fryns ရောဂါစုကို ဘယ်လိုကုသလဲ။
အခုလောလောဆယ်မှာတော့ Fryns ရောဂါစု ကို ပျောက်အောင်ကုသဖို့ မရှိသေးပါဘူး။ ရောဂါလက္ခဏာများ သက်သာစေရန်သာ လုပ်နိုင်ပါသေးတယ်။ ရင်ဝမ်းတားကြွက်သားနှင့် အဆုတ်များ မဖွံဖြိုးခြင်းတို့ကိုခွဲစိတ်ခြင်းနည်းလမ်းနဲ့ ကုသဖို့လိုပါတယ်။ တစ်ချို့သော ပုံစံမမှန်မှု အခြေအနေတွေဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေတွေဖြစ်တဲ့ နှလုံး၊အဆုတ်များ၊ရင်နှင့်ဝမ်းကိုခြားထားတဲ့ကြွက်သား ပုံစံမမှန်မှုများဖြစ်တာကြောင့် ၎င်းတို့ကို ဒီရောဂါလို့သိတာနဲ့ ကလေးကိုမွေးပြီးပြီးချင်းမှာ ချက်ခြင်း ခွဲစိတ်ကုသဖို့လိုပါတယ်။Fryns ရောဂါစု ကို ကုသမှုပေးနိုင်ဖို့အတွက် ကလေးတစ်ယောက်အတွက် အထူးကုတွေမျိုးစုံနဲ့ သေချာအဖြေရှာ၊ လေ့လာပြီးမှ ဘယ်ဟာက အကောင်းဆုံး ဖြစ်မလဲကို စဉ်းစားပြီးကုသမှုပေးရပါမယ်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကFryns ရောဂါစုကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။